Saturday, 5 July 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP မှ အဖွဲ့ဝင်များ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမည်

အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်း စုကြည်နှင့် ၁၉၉ဝပြည့်နှစ် ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဖြင့် ယခင်က ဖွဲ့စည်း ထားခဲ့သည့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး ကိုယ် စားပြုကော်မတီ CRPP မှ အဖွဲ့ဝင် များ ဇူလိုင် ၆ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
''ဒေါ်အောင်ဆန်းစုကြည်က ဖိတ်တာပါ၊ အဖွဲ့ဝင်တွေက သိပ်မရှိ တော့ဘူး၊ တချို့ကလဲ အသက်တွေ ကြီးလို့ နိုင်ငံရေးလောကကနေ ကျော ခိုင်းကုန်ပြီ။ လက်ရှိ နိုင်ငံရေးအခြေ အနေတွေအပေါ် အဓိကထားဆွေး နွေးဖြစ်ဖို့ များတယ်''ဟု ယင်းကော် မတီတွင် ပါဝင် ခဲ့ဖူးသည့် ဦးခွန်ထွန်း ဦးက ပြောသည်။

ချီးမြှင့်ငွေ မလုံလောက်၍ လွှတ်တော်ကိုယ်စားလှယ်များ ပြင်ပ စီးပွားရေး လုပ်နေရဟုဆို

လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအား ချီးမြှင့်နေသော ချီးမြှင့်ငွေ ကျပ်သုံးသိန်းသည် လောက်ငမှု မရှိသည့်အတွက် အချို့ကိုယ်စားလှယ်များ ပြင်ပစီးပွားရေးပါ လုပ်ကိုင်ဆောင်ရွက်ရခြင်းသည် လွှတ်တော် တွင်းခွင့်ယူသူများလာသည့် အကြောင်းရင်းတစ်ရပ် ဖြစ်လာကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။‘‘ပြောရမယ်ဆိုရင် အခု ကျွန်မတို့ ရထားတဲ့ချီးမြှင့်ငွေဆို တာ ဘယ်လိုမှ လောက်ငမှုမရှိ ဘူး။ ဒီအတွက် တချို့တွေဆို ပြင်ပမှာ စီးပွားရှာရတယ်။ အဲဒါတွေကြောင့် လွှတ်တော်မှာ ခွင့်ယူသူများလာတာ အဲဒီအကြောင်းတွေကြောင့်လည်းပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။ လွှတ်တော်နှစ်ရပ်တွင် လွှတ်တော်တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်များအနက် တစ်နေ့လျှင် ပျမ်းမျှ ကိုယ်စား လှယ်ဦးရေ ၅၀ ခန့် ခွင့်ယူပျက်ကွက်သူများ ရှိနေသည်။‘‘လွှတ်တော်ကပေးတဲ့ ချီး မြှင့်ငွေက ပြောရရင် ဘာမှလုပ်လို့မရတဲ့ အနေအထားဖြစ်တယ်။ ကျွန်တော်တို့မှာ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ရှိရမယ့် လက်တော့ပ်လို အသုံးအဆောင် တွေလိုအပ်ပါတယ်။ အဲဒါတောင် ၀ယ်နိုင်တဲ့ ငွေပမာဏမျိုး မဟုတ် ဘူး။ တခြားစီးပွားရေးလုပ်ငန်း တွေသာမရှိရင် ကိုယ်စားလှယ် တစ်ယောက်ဟာ ရပ်တည်ဖို့ တော်တော်ခက်တဲ့အနေအထား မှာ ရှိတယ်’’ ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က ပြောသည်။

ပြဿနာရှိသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူကို ခြေရာခံနိုင်ရန်စမ်းသပ်လေ့ ကျင့်ထားဟုဆို


လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများပြုလုပ်နေပြီး တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။‘‘ဆိုက်ဘာရာဇဝတ်မှုတစ်ခု ဖြစ်လာရင် ဖေ့စ်ဘွတ်ခ်ကနေ စော်ကား ပြောဆိုမှုတွေကြုံလာရင် ရဲစခန်းကိုတိုင်ပါ။ အမှုဖွင့်ပေး မယ်။ အရေးယူပါမယ်။ တရားခံဖော်ထုတ်မယ့်ကိစ္စက အချိန် ကာလအတိအကျပြောဖို့ခက်တဲ့အတွက် အချိန်ယူရတာတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီအမှုအခင်းတွေအတွက် တပ်ဖွဲ့ ဝင်တွေထဲမှာ Hacker (ဖောက်ထွင်းဝင်ရောက်၍ အချက်အလက်များရယူသူ)ကို တန်ပြန်နိုင်တဲ့ပညာရှင်တွေ မွေးထုတ်ထားပါပြီ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးချုပ် ဦးစိုးမြိုင်က ပြောကြားသည်။

၂၀၁၅တွင် နိုင်ငံ တစ်ဝန်းရှိ စီးပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီး ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးမည်

လာမည့်၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စီး ပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီးပေါင်း ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစွမ်းရည်မြှင့်တင်ခြင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝ များ တိုးမြှင့်ပေးရန်အတွက် Coca- Cola ကုမ္ပဏီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Pact တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။''ဒီအစီအစဉ်မှာ စွမ်းရည်မြှင့် တင်ပြီးတဲ့ အမျိုးသမီးတွေလဲ အများ ကြီး ပေါ်ထွက်လာတယ်။ အခုလက် ရှိလဲ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် တွေ ဆက်တိုက်လုပ်ပေးနေတယ်။ ၂၀၁၅မှာ အမျိုးသမီးပေါင်း ၂၄၅၀၀ ကို စွမ်းရည်မြှင့်တင်ပေးဖို့ စီစဉ်ထား ပါတယ်''ဟု Coca- Cola ၏သတင်း နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံစာရင်းတွင် မြန်မာအဆင့်သုံးဆင့် ခုန်တက်

ကမ္ဘာ့ တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံများ တွင် မြန်မာသည် ယခုနှစ် မတ်လအထိ စာရင်းများအရ အဆင့် သုံးဆင့်ခုန် တက်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇူလိုင် ၄ရက်က အမျိုးသားလွှတ်တော်တွင် ဖြေကြားမှုများအရ သိရသည်။

၂၀၁၄ခုနှစ် မတ် ၃၁ရက်အထိ စာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့် နိုင်ငံများ စာရင်း တွင် အောက်ဆုံး မှ ရေတွက်ပါက အဆင့် (၅)နေရာကို ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှုန်းသည် ၂၀၁၃ ခုနှစ်အတွင်းက ကမ္ဘာ့တယ် လီဖုန်းအသုံးပြုသည့် နိုင်ငံစာရင်း တွင် အောက်ဆုံးမှ ရေတွက်ပါက အဆင့်(၂)တွင် တည်ရှိခဲ့ခြင်းထက် တိုးတက် လာခြင်းလဲဖြစ်ကြောင်း ဒုဝန် ကြီး၏ လွှတ်တော်အတွင်း ဖြေကြား ချက်များအရ သိရသည်။

မန္တလေးမြို့တွင် လတ်တလောဖြစ်ပွား နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ကြေညာ

မန္တလေးမြို့ တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်မြို့ ပေါ်ရှိ အရပ်ဘက်လူ့ အဖွဲ့အစည်း ၂၁ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံသော ကြေညာချက်တစ်ရပ်ကို ဇူ လိုင် ၃ရက် ညနေ ၄နာရီ တွင် ထုတ် ပြန် လိုက်ကြောင်း သိရသည်။အဆိုပါ ကြေညာချ က်တွင် မန္တ လေးမြို့တွင်ဖြစ်ပွားခဲ့သော ရာဇ ဝတ် မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများ ၏ လူသားမဆန်သော လုပ်ရပ်အ ပေါ် ရှုတ်ချကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းကြောင့် နစ်နာရသူနှင့် မိသားစုဝင်များနှင့်ထပ်တူ (ပြည်ဒေ သခံ အရပ်ဘက်လူ့ အဖွဲ့အစည်းများ)မှ စာနာမိပါသည်။ ရာဇဝတ်မှုကျူးလွန်ခြင်းသည် မည်သည့်လူ့အဖွဲ့အစည်း၊ ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် သက်ဝင်ကိုးကွယ်မှု၏ သွန်သင်ညွှန်ပြချက်ကြောင့်မဟုတ်ဘဲ လူသားဖြစ်မှု၏ ဂုဏ်သိက္ခာ အပေါ်မထီမဲ့မြင်ပြုသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လူ့အသိုက်အဝန်းအပေါ် သစ္စာဖောက်သော လုပ်ရပ် တစ်ခုဖြစ်သည် ဟု လေးနက်စွာ ယုံကြည်ပါသည်။

စင်ကာပူသို့ အိမ်အကူ စေလွှတ်ခြင်းကို အစိုးရတားဆီးသင့်ဟု သံအမတ်ပြော

မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့အကြား တရားဝင်အိမ် အကူ လုပ်သားစေလွှတ်ခွင့်ကို သဘောတူထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံမှ အေးဂျင့်များကတစ်ဆင့် အိမ်အကူလုပ်ရန် မြန်မာအမျိုးသမီးများ စင်ကာပူသို့ လာရောက်မှုကို တားဆီးသင့်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဌေးအောင် ကပြောကြားသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာနသို့ သံအမတ်ကြီးဦးဌေး အောင်က အစီရင်ခံစာ ပေးပို့ထား ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လက်ရှိလုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အ တွက်အလုပ်သမားအခွင့်အရေးရရန်ဥပဒေအတွင်းမှ ဖန်တီးပေးသင့်ကြောင်းလည်း၎င်းကပြောကြားသည်။  ‘‘မြန်မာ အိမ်အကူတွေကို လျှော့ဈေးနဲ့ရနိုင်တဲ့ကြော်ငြာတွေ၊ သက်ရှိ ရောင်းကုန်လိုထားတာ တွေ၊ သရုပ်ပြခိုင်းတာတွေက နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ မြန်မာမှာ တစ်ဦးချင်းအေးဂျင့် လုပ်တဲ့သူတွေက အိမ်အကူတွေကိုပို့နေတယ်။ ဒါတရားမဝင်ဘူး။ နိုင်ငံတော်ကမသိဘဲနဲ့ မလုပ်သင့် ဘူး’’ဟု သံအမတ်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းပြီးစီးက ဒေသခံတစ်သိန်းကျော် အလုပ်အကိုင်ရနိုင်မည်ဟုဆို


ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ပြီးပါက ဒေသခံပြည်သူပေါင်း တစ်သိန်း ကျော် အလုပ်အကိုင်များရနိုင်မည်ဟု ကျောက်ဖြူတင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်းကပြောသည်။အဆိုပါစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၅ ခုနှစ် မတ်လတွင် စတင် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အဆိုပါစီမံကိန်း အ ကောင်အထည်ဖော် လုပ်ဆောင် နေသူများက ပြောသည်။‘‘ဒီစီမံကိန်းကနေ နိုင်ငံသား တွေ၊ အဓိကဒေသခံတွေ အလုပ် အကိုင်အခွင့်အလမ်းပေါင်းများ စွာ ရရှိမှာပါ။ ပထမအဆင့်မှာပဲ အလုပ်အကိုင် တစ်သိန်းကျော် လောက်ရရှိနိုင်မှာပါ’’ ဟု ဦး အောင်ကျော်သန်းကပြောသည်။စက်မှုလုပ်ငန်းအကောင်အ ထည်ဖော်သော အဆင့်၌ပင် အ လုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်းကျော်ရရှိနိုင်မည်ဖြစ် ကြောင်း ဦးအောင်ကျော်သန်းက ပြောသည်။‘‘ဒီပထမအဆင့်မှာပဲ အ လုပ်အကိုင်ပေါင်း ငါးသောင်း ကျော်လောက် လုပ်ငန်းနေရာတွေရရှိနိုင်မှာပါ’’ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီးဦးမြင့်သိန်းက ပြောကြားသည်။

မန္တလေးအဓိကရုဏ်းကို ရန်ကုန်မြို့မှ သံဃာများဆန္ဒပြ

မန္တလေးအဓိကရုဏ်း ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ၍ မန္တ လေးမြို့ရှိ ရဟန်းသံဃာတော်များ နှင့် ပြည်သူ ပြည်သားများဘေး အန္တရာယ်ကင်းရှင်းရန် မျိုးချစ်သံ ဃာတော်များက ဇူလိုင် ၄ရက် တွင် ရွှေတိဂုံ စေတီတော်၌ ဆုတောင်း ဆန္ဒပြခဲ့ကြသည်။ ဆရာတော်ဦးရက္ခ၀ံသဦး ဆောင်သောမျိုးချစ်ရဟန်းသံဃာ တော်အပါးငါးဆယ်နှင့်ပြည်သူ ငါးဆယ်ခန့်သည် မန္တလေးအဓိက ရုဏ်းဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ ခဲ့ပြီး မန္တလေးမြို့ရှိ ရဟန်းသံဃာ တော်များနှင့် ပြည်သူပြည်သား များဘေးအန္တရာယ်ကင်းရှင်းရန် အတွက် ကြေးသွန်းဘုရားမှစတင် လမ်းလျှောက်၍ ရွှေတိဂုံစေတီ ပေါ်သို့ တက်ရောက်ပြီးဆုတောင်း ဆန္ဒပြ ခဲ့ခြင်းဖြစ် သည်။‘‘မန္တလေးဖြစ်စဉ်မှာသေဆုံး သွားတဲ့သူတွေရှိတယ်။ အဲဒီသူ တွေကောင်းရာမွန်ရာရောက်ဖို့ အတွက် ဆုတောင်းပေးရမယ်။ နောက်မန္တလေးမှာရှိတဲ့ ပြည်သူ တွေ ဘေးအန္တရာယ် ကင်းရှင်း အောင် ဆုတောင်း ပေးရမှာပါ’’ဟု မန္တလေးအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းဆန္ဒပြရာ တွင် ဦးဆောင်သူ ဘင်္ဂ သား ကျောင်းတိုက်ဆရာတော်အရှင် သူရ၀ံသကမိန့်သည်။

လက်နယ်သယ်လာတဲ့ တရုတ်လူမျိုးတွေကို အမိန့်ချမှတ်ပြီ

တမူးမြို့မှာ ဧပြီ ၂၅ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသား ရှစ်ယောက်ကို ဇူလိုင် လ ၄ ရက်နေ့ ညနေပိုင်းမှာ မုံရွာတရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးလတ်တ လော ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ တရုတ်လူမျိုး ရှစ်ဦး ထဲက ခုနစ်ဦးကို ထောင်ဒဏ် ၁၃ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျန်တဲ့တစ်ဦးကတော့ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့အမိန့်ချခဲ့တယ်လို့ မုံရွာခရိုင် တရားရုံးဆီကနေ သိရပါ တယ်။မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “တရုတ်အမျိုးသား ၈ ဦးအနက်က ၇ ဦးကတော့ ထောင် ဒဏ် ၁၃ နှစ်နဲ့ မုံရွာအကျဉ်းထောင်ကို ပို့မှာပါ၊ ကျန်တဲ့အသက်မပြည့်သေးတဲ့ သူကိုတော့ မန္တလေး အကျဉ်းထောင်ကို ပို့ဆောင်မှာပါ၊ သူတို့အားလုံးကလည်း အပြစ်ရှိကြောင်း တရားရုံးမှာဝန်ခံပါတယ်” လို့ဆို ပါတယ်။

Friday, 4 July 2014

မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ချက် ဝေဖန်စရာဖြစ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က “မန္တလေးမြို့ပေါ် ရန်ပြုအကျိုးဖျက်ဆီးမှု အခြေအနေ ထိန်သိမ်းဆောင်ရွက်မှုသတင်း” ကို ဇူလိုင် ၃ ရက်နေ့စွဲနဲ့ ဖော်ပြပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ ဒီသတင်းဖော်ပြချက်မှာ အုပ်စုတအုပ်စုနဲ့ တအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားချက်ဟာ ရဲသတင်းမှတ်တမ်းပုံစံဖြစ်ပြီး ညွှန်းဆိုချက်တွေမှာ ဗမာလူမျိုးနဲ့ မွတ်စလင်လူမျိုးဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
တုတ်ဓားလက်နက် ကိုင်ဆောင်တာ၊ ဆိုင်ကယ်တွေအသုံးပြုပြီး ရိုက်နှက်သတ်ဖြတ်လု ယက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေကို မဖမ်းမိပေမယ့် ရဲစခန်းဝင်းအနီးကို ခဲနဲ့ ပစ်ပေါက်တဲ့သူ အယောက် ၅၀ ထဲက ၄ ဦးကိုတော့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းနှင့် နိုင်ငံရေး

ယနေ့ မန္တလေးမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်နားလည်သလောက်ပြောရရင် ယနေ့လို အရေး ကြီးတဲ့အချိန်မှာ ဘာသာရေးနဲ့လူမျိုးရေးကို အကြောင်းပြပြီး သာမန်လူမှုရေးဖြစ်စဉ်တစ်ခုကနေ အရေးအခင်း တစ်ခုသဖွယ် ဖန်တီးလှုပ်ရှားလာတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ အရေးကြီးသလို အစိုးရအနေနဲ့လည်း ၂၀၁၄ ခုနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အဆင့်တစ်ဆင့်ချင်းစီအလိုက် သတိထားပြီးဆောင်ရွက် နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တပ်မတော်အပိုင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီနှစ် မကုန်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံးဝအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလက်မှတ် အပြီးသတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နေတာတွေ့ရသလို နိုင်ငံတော်အစိုးရအတွက် ၀ိုင်းဝန်းပံ့ပိုး ဆောင်ရွက် နေတာကိုလည်း တွေ့မြင်ရပါတယ်။

နိုင်ငံရေးပယောကမကင်းတဲ့ လူမျိုးရေးပဋိပက္ခကြီးကို မြန်မာပြည်သားများ သတိရှိစေချင်

ရခိုင်၊ မိထ္ထီလာ၊ ဥကံ္က၊ လားရှိုးစတဲ့ မြို့ကြီးတွေမှာဖြစ်ခဲ့သလိုပဲ ၂၉.၆.၂၀၁၄ ရက်နေ့က သစ်ထူးလွင်ဆိုတဲ့ဘလော့ တစ်ခုမှ ပျံ့နှံ့ခဲ့တဲ့သတင်းတစ်ခုကနေစပြီး မန္တလေးမြို့မှာ ရုတ်ရုတ်သဲသဲဖြစ်ကာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်တဲ့နေရာကတော့ မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁ ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှ “နေ” လ္ဘက်ရည်ဆိုင် ကနေ စတင်ခဲ့တာဖြစ်ပြီး  မူဆလင်အမျိုးသား   ဦးကနေ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။ ဒီအကြောင်းကိုလဲ BBC သတင်းဌာနကြီးတစ်ခုကလဲ သတင်းရဲ့ အခြေအမြစ်ကို တိတိကျကျသိအောင် ရယူခြင်းမရှိပဲ ယေဘုယျဆန်ဆန် ထုတ်ပြန်ခဲ့မှုကြောင့် အခြေအနေတွေဟာ ကြီးထွားလာတာဖြစ်ပါတယ်။ အဓိက က တော့ သစ်ထူးလွင်ရဲ့ သတင်းစတည်မှုနှင့် BBC ရဲ့ မ.ဘ.သ က ဆိုင်တွေကို လာဖျက်မယ်ဆိုပြီး ခြိမ်းခြောက်နေဆိုတဲ့ သတင်းထုတ်ပြန်ခဲ့မှုကြောင့် ဖြစ်ပါတယ်။

အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ

ဇူလိုင် ၁ ရက် ညက သေဆုံးသွားသည့် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်သည့် ယာဉ်တန်းသည် မန္တလေးမြို့ကျုံးသို့ တပတ်ပတ်ပြီး မန္တလေးတောင်ခြေ၊ မြောက်ဘက် အေးရိပ်ငြိမ်သုသာန်သို့ ဦးတည် သွားနေကြသည်။ လိုက်ပါပို့ဆောင်သည့်ကားများ ရာချီရှိပြီး ဆိုင်ကယ်ထောင်ချီရှိကြောင်းသတင်းရရှိသည်။

ပြည်သူလူထုဆိုတာ အသုံးချခံ မဟုတ်ပါ

အင်တာနက်ပေါ်က မုဒိမ်းမှုဖြစ်ပွားကြောင်း သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ထားကြောင်း သိရှိရပါသည်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်လား အမှားလား ဆိုတာ ယခုအချိန်ထိ သေချာ မဖော်ထုတ် နိုင်သေးတဲ့အတွက် ပြည်သူလူထုနေနဲ့ လူတစ်စုရဲ့လှည့်ကွက်ထဲမှာ ပါမသွားရအောင် စဉ်းစားချင့်ချိန် သုံးသပ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်လာမယ်၊ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်တာတွေ ရှိလာမယ်ဆိုရင် ကြားထဲကနေ ပြည်သူလူထုပဲ ထိခိုက်နစ်နာရမှာပါ ဖြစ်လို့ပါပဲ။ ဖြစ်လာတဲ့ ပြဿနာတိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် အစ္စလာမ် ဘာသာဝင်တွေနဲ့ ဖြစ်တာ အများဆုံးပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ စဉ်းစားဖို့လိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှလည်း ဒီပြစ်မှုကိုသာ အမှန်တကယ် ကျူးလွန်ခဲ့တယ် ဆိုရင်တော့ တရားဥပဒေအရ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့လိုပါတယ်။

ထိုင်းစစ်အစိုးရ ပြည်ပအလုပ်သမားများအတွက် အရေးပေါ်ဖုန်းလိုင်း ၀န်ဆောင်မှုပေး

ထိုင်းအစိုးရက ပြည်ပ ရွှေ့ပြောင်းလုပ်သားများပြဿနာ ဖြစ်ပွားပါက အရေးပေါ်တိုင်ကြား နိုင်သည့် ဖုန်းလိုင်းများကို ဇူလိုင် ၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ၎င်းတို့နိုင်ငံအတွင်း လာ ရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ ပြဿနာဖြစ်ပွားပါက အရေးပေါ် နံပါတ် ၁၆၉၄ သို့ ဆက်သွယ်တိုင် ကြားနိုင်ပြီး မြန်မာ၊ ကမ္ဘောဒီး ယားနှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် လက်ခံဖြေကြားသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။အဆိုပါအရေးပေါ်ဖုန်းလိုင်း များ စတင်ဖွင့်လှစ်လုပ်ဆောင် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်း လူကုန်ကူး၊ လူမှောင်ခိုပြဿနာ များနှင့် အဓမ္မခိုင်းစေမှုများ များ ပြားစွာ ဖြစ်ပေါ်လျက်ရှိသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်သည်။ အရေးပေါ်ဖုန်း လိုင်းများကို မနက် ၆ နာရီမှ ၉ နာရီ ညနေ ၄ နာရီမှ ည ၉ နာရီ တစ်နေ့နှစ်ကြိမ် လက်ခံဖြေဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကံလှိုင်ကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခွင့် မပြုသဖြင့် လွတ်မြောက်


Photo: အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကံလှိုင်ကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခွင့် မပြုသဖြင့် လွတ်မြောက်
Friday, July 4, 2014

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကံလှိုင်ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခံစေမှု မရှိသဖြင့် အမှုဖွင့်ခံရသူ လွတ်မြောက်နေကြောင်း အဓမ္မပြုကျင့်ခံရသူနှင့် သူမ၏ မိခင်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် ဇူလိုင် ၃ ရက်က လာရောက် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့် တရားစွဲခံရသူ ကိုမင်းသူရဇော်အတွက် ညီမဖြစ်သူ မ ........ က တရားရုံးချိန်းများသို့ သွားရောက်စဉ် မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းနှင့် သိရှိရင်းနှီးခဲ့ကြောင်း၊ ဦးတင်မောင်ဝင်းက ကိုမင်းသူရဇော် လွတ်မြောက်ရေးအတွက် ကူညီပေးမည်၊ အထက်အရာရှိနှင့် တွေ့ပေးမည်ဆိုကာ ၂ဝ၁၄ ခုနှစ် မတ် ၃ ရက်က ပြင်ဦးလွင်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ရှိ ပင်စီလက်ဖက်ရည်ဆိုင်၌ အထက်လူကြီးနှင့် တွေ့ဆုံပေးမည်ဆိုကာ စောင့်ဆိုင်းခိုင်းခဲ့ကြောင်း၊ ထို့နောက် ဦးတင်မောင်ဝင်း ပြန်လာကာ ကိုလာအချိုရည် တိုက်ခဲ့ကြောင်း၊ အချိုရည်သောက်ပြီး မူးဝေနေသော မ........ အား ပုလဲတည်းခိုခန်းသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း မ........က ပြောကြားသည်။
“ဦးတင်မောင်ဝင်းက ဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့မှမပြောနဲ့။ လိုအပ်တဲ့ အကူအညီရှိရင်တောင်း။ နင့်အစ်ကိုအတွက်လည်း စိတ်မပူနဲ့လို့ ပြောပါတယ်။ နောက်ရက်တွေကျတော့ သူကရှောင်နေပါတယ်။ သူ့ကိုဆက်သွယ်လို့ရတော့ ပိုက်ဆံညှိမယ်။ သားမယားစရိတ်ပေးမယ်။ အမှုလည်း ပိတ်ပေးမယ်လို့ ပြောတယ်” ဟု မ..........က ဆို သည်။
မ............၏ မိခင်ဖြစ်သူ ဒေါ်မာလာ၏ သားဖြစ်သူ ကိုမင်းသူရဇော်မှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည် ဆိုသော်လည်း သူ့အား ဦးလေးတော်စပ်သူ ဦးခင်မောင်ထွေး၏ ဇနီးဖြစ်သူ ဒေါ်ခင်မာလွင်က မူးယစ်ဆေးဝါး ရောင်းချခိုင်းသဖြင့် မရောင်းရဲ၍ မန္တလေးမြို့ မောရဂီဝါရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့သွားကာ မူးယစ်ဆေးဝါးအား အပ်နှံရာမှ ဖမ်းဆီးခံခဲ့ရကြောင်း ဒေါ်မာလာကဆိုသည်။ ကိုမင်းသူရဇော်က ထိုသို့ အပ်နှံခဲ့သဖြင့် မူးယစ်ဆေးဝါးဖြန့်ချိသူ ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီထွေးတို့အား ဆက်စပ်ဖမ်းဆီးနိုင်ခဲ့ပြီး ကိုမင်းသူရဇော်အား အစိုးရသက်သေအဖြစ် ဖမ်းဆီးမည်ဖြစ်ကြောင်းနှင့် မကြာမီပြန်လွတ် လာမည်ဖြစ်ကြောင်း အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိများနှင့် မောရဂီဝါရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိခင်ဖြစ်သူ ဒေါ်မာလာအား လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဒေါ်မာလာက ဆိုသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများ အမှုပေါ့လျော့ရန်နှင့် ပြစ်ဒဏ်မှလွတ်မြောက်ရန်ဆိုကာ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှက မူးယစ်ဆေးဝါးဖြန့်ချိသူ ဒေါ်ခင်မာလွင်၏ အမျိုးသားဖြစ်သူ ဦးခင်မောင်ထွေးထံမှ ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ရာ ဦးခင်မောင်ထွေးက ကျပ်သိန်း ၁ဝဝ အား မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှအား ပေးအပ်ခဲ့ကြောင်းနှင့် ထိုသို့ပေးအပ်ချိန်၌ ဒေါ်မာလာ လိုက်ပါသွားခဲ့ကြောင်း ဒေါ်မာလာက ဆိုသည်။
ထိုသို့ ပေးအပ်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဧပြီ ၁ဝ ရက်က အပြီးသတ်စီရင်ချက် ချရာတွင် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီထွေးအား ထောင်ဒဏ် ၁၂ နှစ်၊ ကိုမင်းသူရဇော် အား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ကြောင်း၊ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှမှ ကျပ်သိန်း ၁ဝဝ အား လာဘ်ငွေအဖြစ် ရယူ၍ များပြားသည့် ထောင်ဒဏ်ချမှတ်မှုအပေါ် ဦးခင်မောင်ထွေးက ပြောဆိုမှု ပြုလုပ်သဖြင့် ဦးခင်မောင်ထွေး၊ ဦးသူရရဲထွဋ်နှင့် ဒေါ်မာလာတို့အား ပုဒ်မ ၃၅၃၊ ၂၉၄၊ ၅ဝ၆ ဖြင့် မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆို အမှုဖွင့်ခံခဲ့ရကြောင်း ဒေါ်မာလာက ပြောကြားသည်။
“ကျွန်မသားက မူးယစ်ဆေးဝါးကို ရပ်ကွက်ရုံးသွားအပ်လို့ အစိုးရသက်သေအနေ နဲ့ ပြန်လွတ်လာမှာ ပြောပါတယ်။ ကျွန်မတို့က ဆင်းရဲတော့ ရှေ့နေလည်း မငှားနိုင်ပါဘူး။ စီရင်ချက်ချတော့ တကယ်ရောင်းတဲ့သူတွေက ထောင် ၁၂ နှစ်ပဲကျပြီး ကျွန်မသားက ထောင် ၁၆ နှစ် ကျခံခဲ့ရတယ်။ စီရင်ချက်ချတဲ့နေ့မှာ သားကို ထောင် ၁၆ နှစ် အချခံရတော့ ကျွန်မမူးလဲသွားတယ်။ ဒါပေမဲ့ ပုဒ်မ ၃၅၃ နဲ့ အမှုဖွင့်ခံရတယ်။ အခုဆို ကျွန်မသမီးက ရုံးအုပ်စော်ကားလို့ ဗိုက်ကြီးနေတယ်။ သားကလည်း ထောင် ၁၆ နှစ် အကျခံရတယ်။ ကျွန်မကိုလည်း တရားစွဲထားတယ်။ မတရားခံရတာပါ” ဟု ဒေါ်မာလာက ငိုရှိုက်၍ ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်အတွက် မ..........က အဓမ္မပြုကျင့်ခံရသူ မ...........က အဓမ္မ ပြုကျင့်ခံရသည့် မြို့နယ်ဖြစ်သည့် ပြင်ဦးလွင် မြို့မရဲစခန်း၌ မေ ၂၁ ရက်က အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက ပ/၁ဝ၇ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အမှုဖွင့်ပြီးနောက် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဦးကံလှိုင်ကိုယ်တိုင် ဦးဆောင်၍ သွားရောက်ဖမ်းဆီးရာ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှက တရားရုံးအတွင်း ဖမ်းဆီးခွင့် မပြုနိုင်ကြောင်း ပြောဆိုကာ ဦးတင်မောင်ဝင်းအား ခွင့်တစ်လ ပေးခဲ့သဖြင့် ရဲစခန်းမှလက်ရှိ အချိန်အထိ ဖမ်းဆီးနိုင်မှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေး၊ ဒေါ်မာလာနှင့် မ.......က ပြောကြားသည်။
“ရဲက ရဲလုပ်ငန်း ကုန်စင်အောင်လုပ်ပြီးတော့ တရားခံကို လိုက်ဖမ်းပါတယ်။ တရားခံဖြစ်တဲ့ ဦးတင်မောင်ဝင်းက ခရိုင်တရားရုံးရဲ့ ရုံးအုပ်ဖြစ်တဲ့အတွက် သူရုံးတက်တဲ့အချိန်မှာ သွားဖမ်းပါတယ်။ အဲ့ဒါကို ခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက သူ့ရုံးထဲမှာ လာမဖမ်းရဘူး။ ငါ့ရုံးထဲမှာ ဖမ်းခွင့်မပေးနိုင်ဘူး။ စစ်ချင်ရင် ရုံးထဲမှာပဲ စစ်ပါဆိုပြီး ရဲလုပ်ငန်းကို ဝင်နှောင့်ယှက်ပါတယ်။ ငါ့စီရင်ပိုင်ခွင့်ဆိုတဲ့ ပုံစံမျိုးလုပ်ပါတယ်။ ရဲတွေပြန်သွား ရပါတယ်။ ပြင်ဦးလွင်မြို့မရဲစခန်းက စခန်းမှူးကိုယ်တိုင် ဝင်ဖမ်းတာပါ။ အဲဒီလိုဖြစ်တော့ စခန်းမှူးက သူနဲ့တင်မပြီးတော့လို့ ခရိုင်တရားသူကြီး ဝင်ပါနေတဲ့ကိစ္စ၊ အကာအကွယ်ပေးနေတဲ့ ကိစ္စကို အထက်ကိုတင်ပြလိုက်တော့ အထက်ဖိအား ရောက်လာတဲ့အချိန်မှာ ခရိုင်တရားသူကြီးက မုဒိမ်းတရားခံ ဖြစ်နေတဲ့ ဦးတင်မောင်ဝင်းကို ခွင့်တစ်လ ပေးလိုက်ပါတယ်။ အဲဒါက တရားခံကို အားပေးကူညီလိုက်တာ ဖျောက်ဖျက်လိုက်တာပါ။ အဲဒီမှာ တရားခံဖြစ်နေတဲ့ ဦးတင်မောင်ဝင်းက သူကိုယ်တိုင် ဒေါ်မာလာတို့ကို အမှုဖွင့်ထားတဲ့အတွက် တရားရုံးကို မလာလို့ မရတော့ဘူး။ တရားရင်ဆိုင်တဲ့ အပတ်တိုင်းမှာ မုဒိမ်းတရားခံကို ဖမ်းဖို့လာနေပါတယ်။ အဲဒီလိုဖြစ်တဲ့အဆုံး ဦးတင်မောင်ဝင်းက ကြံရာမရဖြစ်ပြီး မဘသဆရာတော် ဦးဝီရသူကို လီဆည်ပြီး တိုင်ပါတယ်။ မဘသဆရာတော်တွေရဲ့ အကာအကွယ်ကို ယူထားပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောကြားသည်။
အထက်ပါ ဖြစ်ရပ်များအတွက် ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဦးကံလှိုင်အား လက်ရှိရာထူးနှင့် ဖြစ်ရပ်များအပေါ် ဇူလိုင် ၃ ရက်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲဝန်ထမ်းက ဖြစ်ရပ်အား သိရှိမှုမရှိကြောင်းနှင့် ဦးကံလှိုင်မှာ အပြင်သို့သွားကြောင်း၊ ဦးကံလှိုင်၏ လက်ကိုင်ဖုန်းနံပါတ်အား EMG မှ မေးမြန်းသော်လည်း ဖုန်းချသွားခဲ့သည်။ ထပ်မံဖုန်းခေါ်၍ မေးမြန်းရာတွင်လည်း မကြားရကြောင်းသာ ပြောဆို၍ ဖုန်းချသွားခဲ့သည်။
မဘသဆရာတော် ဦးဝီရသူက မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းအား အကာအကွယ် ပေးထားသည် ဆိုသည့်အပေါ် ဆရာတော် ဦးဝီရသူအား ဇူလိုင် ၃ ရက်က ဆက်သွယ်မေးမြန်းရာ ဆရာတော် စာချနေကြောင်းသာ ပြန်လည်ဖြေခဲ့သည်။
မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှအား ကျပ်သိန်း ၁ဝဝ လာဘ်စားသည်ဆိုခြင်း၊ မန္တလေးခရိုင်တရားရုံးအုပ် ဦးတင်မောင်ဝင်းအား အကာအကွယ်ပေးသည်ဟုဆိုခြင်း၊ ဦးတင်မောင်ဝင်းအား မုဒိမ်းမှုပုဒ်မဖြစ်သည့် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရခြင်း စသည့်အချက်အလက် များအတွက် ဒေါ်ခင်ခင်လှနှင့် ဦးတင်မောင်ဝင်းအား တုံ့ပြန်ပြောဆိုနိုင်ရန် ဦးတင်မောင်ဝင်း ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသို့ ဇူလိုင် ၃ ရက်က အကြိမ်များစွာ ဆက်သွယ်ရာ ဖုန်းမအားကြောင်းသာ အမြဲမပြတ် ဖြေဆိုမှုကို ကြုံခဲ့ရသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့်ဆိုင်သည့် တရားရေးဝန်ထမ်းများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်တွင်း တိုင်ကြားမှုများရှိနေပြီး အများဆုံး တိုင်ကြားခံနေရသည်။
လတ်တလော၌ပင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လဲ့လဲ့အား ကျပ်သိန်း ၅ဝ လာဘ်ယူမှုဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖျာပုံမြို့ ဒုတိယမြို့နယ် တရားသူကြီးအဖြစ် ရာထူးသုံးနှစ်လျှော့ချသည့် ဖြစ်စဉ်တစ်ခု ယခုနှစ် ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူ၏ မိသားစုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းနေစဉ်
Eleven Media group
အဓမ္မပြုကျင့်ခံရသူ၏ မိသားစုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းနေစဉ်


အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကံလှိုင်ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခံစေမှု မရှိသဖြင့် အမှုဖွင့်ခံရသူ လွတ်မြောက်နေကြောင်း အဓမ္မပြုကျင့်ခံရသူနှင့် သူမ၏ မိခင်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် ဇူလိုင် ၃ ရက်က လာရောက် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်မှု အမှန်တကယ်လိုအပ်ချက်ဟု မန္တလေးမြို့ခံအများစုရှုမြင်

မန္တလေးမြို့တွင် ည ၉နာရီ မှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်မှုသည် လတ်တလောဖြစ်ပေါ်နေသော အုပ်စုဖွဲ့အကြမ်းဖက်မှုများ ရပ်တန့်သွားရေးနှင့် မန္တလေးမြို့ တည်ငြိမ် အေးချမ်းရေးအတွက်အမှန်တကယ်လိုအပ်ချက်တစ်ခုဟု ထင်မြင်မိကြောင်း မန္တလေးမြို့ခံအများစုက ပြောသည်။မန္တလေးတိုင်းဒေသကြီး မန္တ လေးခရိုင် ချမ်းအေးသာစံမြို့နယ် တွင် ဇူလိုင် ၁ ရက်နှင့် ၂ ရက် ည ပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့သောလူစုလူဝေးများသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်၍ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် အများပြည်သူအသက်အိုးအိမ်စည်းစိမ်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် မန္တလေး စည်ပင်သာယာနယ်နိမိတ်မြို့ နယ် ခြောက်မြို့နယ်တွင် နေ ထိုင်သည့် ရဟန်းပြည်သူလူထု လိုက် နာရန်ဟုဆိုကာ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ဇူလိုင် ၃ ရက်တွင် ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ပြန်သည်။‘‘ခုအချိန်မှာက လုပ်ငန်းတွေ အေးနေတယ်။ ညပိုင်းထိ လုပ်ရ တဲ့အလုပ်မရှိသလောက်ပဲ။ ပုဒ်မ ၁၄၄ ထုတ်လိုက်တဲ့အတွက် စီးပွားရေးအရ အများကြီး ထိခိုက်မှု မရှိနိုင်ဘူး’’ဟု မန္တလေးစက်မှု ဇုန်မှ စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ၂၀ ဦး ဂျပန်သို့ လေ့လာရေးစေလွှတ်မည်

တက္ကသိုလ်ဝင်တန်း စာ မေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား ၂၀ ကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အဖြစ် စက်တင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်အသင်း(MJA) မှ သတင်းရရှိသည်။မြန်မာ-ဂျပန်သံတမန်ဆက် ဆံရေး နှစ် (၆၀) ပြည့်အထိမ်း အမှတ်အဖြစ် ၂၀၁၄ တွင် အောင်မြင်ခဲ့သူများမှ ရွေးချယ်ခြင်းဖြစ်သည်။
‘‘ပြည်သူအချင်းချင်းလည်းပဲ အပြန်အလှန်ဆက်သွယ်ဆက်ဆံ ကြဖို့၊ ချစ်ကြည်ရင်းနှီးမှုတည် ဆောက်ကြဖို့ဆိုတဲ့အချက်ကို မူတည်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကလေးတွေ ဘုရင့် နန်းတော်၊ ပြတိုက်တွေ လေ့လာ ဖို့စတဲ့ လည်ပတ်မယ့် ခရီးစဉ်တွေ ကိုတော့ ဟိုဘက်ဒီဘက်ညှိတုန်းပဲ’’ဟု ဂျပန်-မြန်မာအသင်း(MJA) အတွင်းရေးမှူး ဦးတင်မောင်မောင်ကပြောသည်။
လေ့လာရေး ခရီးစဉ်တွင် ပါဝင်သည့် ကျောင်းသားများအ နေဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့၊ ကျို တိုမြို့နှင့် ဆန်းဒိုင်မြို့များသို့ ခုနစ် ညအိပ် ရှစ်ရက်လေ့လာရေးခရီး စဉ်အဖြစ် သွားရောက်ရမည်ဖြစ် သည်။

Wednesday, 2 July 2014

အစ္စရေး ဆယ်ကျော်သက် ၃ ဦးဈာပန လူ သောင်းချီ တက်ရောက်

အစ္စရေး ဆယ်ကျော်သက်လူငယ် ၃ ဦးရဲ့ ဈာပနကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုအပါအ၀င် လူသောင်းနဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။