Saturday 5 July 2014

စင်ကာပူသို့ အိမ်အကူ စေလွှတ်ခြင်းကို အစိုးရတားဆီးသင့်ဟု သံအမတ်ပြော

မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့အကြား တရားဝင်အိမ် အကူ လုပ်သားစေလွှတ်ခွင့်ကို သဘောတူထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံမှ အေးဂျင့်များကတစ်ဆင့် အိမ်အကူလုပ်ရန် မြန်မာအမျိုးသမီးများ စင်ကာပူသို့ လာရောက်မှုကို တားဆီးသင့်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဌေးအောင် ကပြောကြားသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာနသို့ သံအမတ်ကြီးဦးဌေး အောင်က အစီရင်ခံစာ ပေးပို့ထား ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လက်ရှိလုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အ တွက်အလုပ်သမားအခွင့်အရေးရရန်ဥပဒေအတွင်းမှ ဖန်တီးပေးသင့်ကြောင်းလည်း၎င်းကပြောကြားသည်။  ‘‘မြန်မာ အိမ်အကူတွေကို လျှော့ဈေးနဲ့ရနိုင်တဲ့ကြော်ငြာတွေ၊ သက်ရှိ ရောင်းကုန်လိုထားတာ တွေ၊ သရုပ်ပြခိုင်းတာတွေက နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ မြန်မာမှာ တစ်ဦးချင်းအေးဂျင့် လုပ်တဲ့သူတွေက အိမ်အကူတွေကိုပို့နေတယ်။ ဒါတရားမဝင်ဘူး။ နိုင်ငံတော်ကမသိဘဲနဲ့ မလုပ်သင့် ဘူး’’ဟု သံအမတ်က ပြောသည်။

၎င်း၏ အစီရင်ခံ သုံးသပ် ချက်ကြောင့် စင်ကာပူတွင် အိမ် အကူလုပ်ကိုင်မည့် မြန်မာများ အတွက်အကျိုးသက်ရောက်မှုရှိ လာနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းနည်းပါးသည့်မြန်မာနိုင်ငံ တွင် မြန်မာအမျိုးသမီးများထွက် ပေါက်ပိတ်သွားနိုင်ကြောင်း ပြည် ပရောက်မြန်မာလုပ်သားများ အရေးဆောင်ရွက်သည့် Home အဖွဲ့မှ မကစ်တီကပြောသည်။
‘‘မြန်မာမိန်းကလေးတွေကို အိမ်ဖော်မလုပ်စေချင်ရင် သူတို့ အတွက် ထိုက်သင့်တဲ့ လစာနဲ့ အလုပ်အကိုင်ကို မြန်မာမှာဖန် တီးပေးပါ။ သူတို့တွေမှာ ထွက် ပေါက်မရှိပါဘူး။ ဘဝရပ်တည်မှုခက်ခဲနေချိန်မှာ လုံးဝပိတ်ပင် လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ မြန်မာက မရရင် စင်ကာပူက တခြားကယူရုံပဲ။ စနစ်တကျလုပ် ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိပါ တယ်’’ဟုမကစ်တီကပြောသည်။
ဇူလိုင် ၁ ရက်က ဘူကစ်တီ မာပလာဇာတွင် မြန်မာအိမ်အကူ များနှင့် တွေ့ဆုံစဉ် မြန်မာအိမ် အကူများကို တစ်လလျှင် စင်ကာ ပူဒေါ်လာ ၁၈၈ ကျပ်၊ ဖိလစ်ပိုင် နှင့်အင်ဒိုအိမ်အကူများကိုတစ်လ လျှင် စင်ကာပူဒေါ်လာ ၄၄၈ ကျပ် ဟုကြော်ငြာထားရာ လစာငွေမှာ လည်း အဆမတန် ကွာဟနေ သည်ကို မြန်မာကိုယ်စားလှယ် အဖွဲ့ကမေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
‘‘မြန်မာအိမ်အကူတွေက အင်္ဂလိပ်စကားမကျွမ်းကျင်လို့၊ အိမ်ရှင်တွေကသိပ်မကြိုက်လို့နဲ့ အရည်အချင်းမပြည့်လို့ ဒီမှာသင် တန်းတွေပြန်ပေးရတဲ့စရိတ်တွေ နုတ်ထားလို့ အဲဒီလစာပဲရတယ် လို့ ကုမ္ပဏီအများစုကပြန်ဖြေကြ တယ်’’ ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနကောင်စစ်ရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးကပြောသည်။
မြန်မာ အိမ်အကူများမှာ ကလေးနှင့်တမူးဘက်မှ အများ စုဖြစ်ပြီး ရန်ကုန်မြို့မှ ဘောလီနှင့် ဦးစိုင်းဆိုသူတို့နှင့် ဆက်သွယ် ရောက်ရှိလာသည်ဟု ဖြေကြား ကြကြောင်းသိရသည်။
‘‘ချင်းတိုင်းရင်းသူလေးတစ် ယောက်ဆို (၂၄)နှစ်ရှိပြီ။ သူ့ကို စင်ကာပူလူဝင်မှုကြီးကြပ်ရေးက သုံးနှစ်နေထိုင်ခွင့်ပေးထားတယ်။ သူက အလုပ်အကိုင်အဆင်ပြေ တယ်။ ရောင်းစားခံရတာမဟုတ် ဘူး။ အိမ်အကူအဖြစ်ရောက်နေ တဲ့သူတွေက တော်တော်အဆင် ပြေတယ်ပြောနေတော့ မြေပြင် အခြေအနေနဲ့ သတင်းတွေမှာပါ တာကနည်းနည်းတော့ကွဲလွဲနေ တယ်’’ဟု ဦးစိန်ဦးကပြောသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့သော စင် ကာပူရှိ အေဂျင်စီများမှာ Man Power ကုမ္ပဏီလီမိတက်၊ Bud-get Maid, EP one power စသည်တို့ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။‘‘ဒါတွေက စင်ကာပူအစိုးရ ကလုပ်တာမဟုတ်ဘဲ စီးပွားရေး သမားတွေက သူတို့နိုင်ငံမှာစီးပွားရေးလုပ်တာဖြစ်တော့ ကိုယ်က သွားပြောရင်တောင် တစ်ဖက် အစိုးရက ဘယ်လို တုံ့ပြန်မလဲ မှန်းဆရခက်တယ်။ ဒါကြောင့် သံ အမတ်ကလည်း နိုင်ငံတော်က မသိဘဲ အိမ်အကူကိစ္စမလုပ်သင့် ဘူးလို့သုံးသပ်တာ’’ဟုဦးစိန်ဦးက ပြောသည်။
လက်ရှိတွင် စင်ကာပူလူ့ စွမ်းအားဝန်ကြီးဌာနနှင့် မြန်မာသံ အဖွဲ့တွေ့ဆုံရန် ခွင့်တောင်းထား ဆဲဖြစ်ကြောင်းသိရသည်။

စင်ကာပူသို့ အိမ်အကူလုပ် ကိုင်ရန် သွားရောက်သည့် မြန်မာ အများစုမှာ ပညာအရည်အချင်း နည်းပါးပြီး အိမ်ထောင်မှုထိန်း သိမ်းခြင်းလက်မှတ်ကဲ့သို့အလုပ် ကို ပံ့ပိုးပေးနိုင်သည့် လက်မှတ်များ ဖိလစ်ပိုင်နှင့်အင်ဒိုကဲ့သို့မပါ သည့်အတွက် ဈေးနှိမ်ခံရသည်။ ထို့ပြင် အိမ်အကူ တရားဝင်ပို့ခွင့်မရှိသည့်အတွက် အခြားအလုပ်အကြောင်းပြကာ စင်ကာပူ ရောက်အောင်သွား၍ အိမ်အကူဝင်လုပ်ကြကြောင်း သတင်းရရှိ သည်။
7Day Daily

No comments:

Post a Comment