Friday 4 July 2014

ထိုင်းစစ်အစိုးရ ပြည်ပအလုပ်သမားများအတွက် အရေးပေါ်ဖုန်းလိုင်း ၀န်ဆောင်မှုပေး

ထိုင်းအစိုးရက ပြည်ပ ရွှေ့ပြောင်းလုပ်သားများပြဿနာ ဖြစ်ပွားပါက အရေးပေါ်တိုင်ကြား နိုင်သည့် ဖုန်းလိုင်းများကို ဇူလိုင် ၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ၎င်းတို့နိုင်ငံအတွင်း လာ ရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ ပြဿနာဖြစ်ပွားပါက အရေးပေါ် နံပါတ် ၁၆၉၄ သို့ ဆက်သွယ်တိုင် ကြားနိုင်ပြီး မြန်မာ၊ ကမ္ဘောဒီး ယားနှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် လက်ခံဖြေကြားသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။အဆိုပါအရေးပေါ်ဖုန်းလိုင်း များ စတင်ဖွင့်လှစ်လုပ်ဆောင် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်း လူကုန်ကူး၊ လူမှောင်ခိုပြဿနာ များနှင့် အဓမ္မခိုင်းစေမှုများ များ ပြားစွာ ဖြစ်ပေါ်လျက်ရှိသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်သည်။ အရေးပေါ်ဖုန်း လိုင်းများကို မနက် ၆ နာရီမှ ၉ နာရီ ညနေ ၄ နာရီမှ ည ၉ နာရီ တစ်နေ့နှစ်ကြိမ် လက်ခံဖြေဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထိုင်းစစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းရောက် ပြည်ပအလုပ်သမားအရေးစိစစ် ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ ကို စနစ်တကျ လုပ်ဆောင်လာပြီး လက်ရှိတွင် ထိုင်းရောက်အထောက်အထားမဲ့လုပ်သားများကို ထိုင်းအစိုးရက ယာယီအလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကို ဇွန်လ ၃၀ ရက်မှစ၍ ထုတ်ပေးလျက်ရှိကာ ရွှေ့ ပြောင်းလုပ်သားနှစ်သန်းခန့်အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသော အလုပ်သမားသည် သက်ဆိုင်ရာခရိုင် ဒေသအတွင်းသာ အလုပ်လုပ်ရမည်ဟု ကန့်သတ်ထားပြီး မှတ်ပုံတင်ထုတ်ပေးသည့် လုပ်ငန်းစဉ်ပြီးဆုံးပါက ယာယီမှတ်ပုံတင်မရှိသည့် လုပ်သားများကို တင်းကျပ်စွာဖမ်းဆီးသွားမည်ဟု ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment