Friday 4 July 2014

ပြည်သူလူထုဆိုတာ အသုံးချခံ မဟုတ်ပါ

အင်တာနက်ပေါ်က မုဒိမ်းမှုဖြစ်ပွားကြောင်း သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ထားကြောင်း သိရှိရပါသည်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်လား အမှားလား ဆိုတာ ယခုအချိန်ထိ သေချာ မဖော်ထုတ် နိုင်သေးတဲ့အတွက် ပြည်သူလူထုနေနဲ့ လူတစ်စုရဲ့လှည့်ကွက်ထဲမှာ ပါမသွားရအောင် စဉ်းစားချင့်ချိန် သုံးသပ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်လာမယ်၊ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်တာတွေ ရှိလာမယ်ဆိုရင် ကြားထဲကနေ ပြည်သူလူထုပဲ ထိခိုက်နစ်နာရမှာပါ ဖြစ်လို့ပါပဲ။ ဖြစ်လာတဲ့ ပြဿနာတိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် အစ္စလာမ် ဘာသာဝင်တွေနဲ့ ဖြစ်တာ အများဆုံးပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ စဉ်းစားဖို့လိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှလည်း ဒီပြစ်မှုကိုသာ အမှန်တကယ် ကျူးလွန်ခဲ့တယ် ဆိုရင်တော့ တရားဥပဒေအရ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့လိုပါတယ်။

မီဒီယာတွေ အနေနဲ့လည်း လုပ်ကြံရေးသားမှုတွေကို မလုပ်ကြဖို့နဲ့ သတင်းအမှန်တွေကိုသာ ပြည်သူလူထု ကို ချပြသင့် ပါတယ်။ အခုဖြစ်သွားခဲ့တဲ့ အခြေအနေဆိုရင်လည်း အွန်လိုင်းမီဒီယာတစ်ခုရဲ့ သတင်းတစ်ပုဒ် ကြောင့် ဒီလောက် အခြေအနေတွေ ဖြစ်သွားခဲ့ရတာပါ၊ အဲဒါကြောင့်အွန်လိုင်း မီဒီယာများအနေနဲ့ မိမိပိုက်ဆံ ရရင်ပြီးရော သတင်းတစ်ပုဒ်ကို သေချာမစုံစမ်းပဲနဲ့ ပြည်သူလူထုကြားထဲကို မချပြသင့်ပါဘူး။အခုလတ်တ လော အခြေအနေမှာ ဒီပြစ်မှုဟာ အမှန်တကယ် ဖြစ်ခဲ့တာလားဆိုတာ ဘယ်သူမှ ပြောလို့မရသေးတဲ့ အခြေအနေမှာ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်တာတွေကိုတော့ မလုပ်ကြဖို့လိုပါတယ်။အဲဒီလိုမှ မဟုတ်ပဲ မင်းမဲ့စရိုက်ဆန်ဆန် ရိုက်နှက် ဖျက်ဆီးတာတွေ ဖြစ်လာမယ်ဆိုရင်လည်း တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ပေးပါလို့ အကြံပြုချင်ပါတယ်ခင်ဗျား။ ပြည်သူလူထု ဆိုတာ အသုံးချခံ အရာဝတ္ထု ပစ္စည်းတစ်ခုမဟုတ်ပါ၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့ သက်ရှိတွေသာ ဖြစ်ပါတယ်၊ အဲဒီထက်ကျော်လွန်ပြီး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်လာမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တင်မကပဲ တပ်မတော်သားတွေပါ ၀င်ရောက် ထိန်းသိမ်းပေးမယ် ဆိုရင်တော့ လူတစ်စုရဲ့ လှည့်ကွက် ထဲကနေ အချိန်မီ ပြန်ထွက်လာနိုင်မယ်လို့ ယုံကြည်မိပါတယ်..။
နေဦးမောင်
အမေ့အိမ်

No comments:

Post a Comment