Friday 4 July 2014

နိုင်ငံရေးပယောကမကင်းတဲ့ လူမျိုးရေးပဋိပက္ခကြီးကို မြန်မာပြည်သားများ သတိရှိစေချင်

ရခိုင်၊ မိထ္ထီလာ၊ ဥကံ္က၊ လားရှိုးစတဲ့ မြို့ကြီးတွေမှာဖြစ်ခဲ့သလိုပဲ ၂၉.၆.၂၀၁၄ ရက်နေ့က သစ်ထူးလွင်ဆိုတဲ့ဘလော့ တစ်ခုမှ ပျံ့နှံ့ခဲ့တဲ့သတင်းတစ်ခုကနေစပြီး မန္တလေးမြို့မှာ ရုတ်ရုတ်သဲသဲဖြစ်ကာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်တဲ့နေရာကတော့ မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁ ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှ “နေ” လ္ဘက်ရည်ဆိုင် ကနေ စတင်ခဲ့တာဖြစ်ပြီး  မူဆလင်အမျိုးသား   ဦးကနေ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။ ဒီအကြောင်းကိုလဲ BBC သတင်းဌာနကြီးတစ်ခုကလဲ သတင်းရဲ့ အခြေအမြစ်ကို တိတိကျကျသိအောင် ရယူခြင်းမရှိပဲ ယေဘုယျဆန်ဆန် ထုတ်ပြန်ခဲ့မှုကြောင့် အခြေအနေတွေဟာ ကြီးထွားလာတာဖြစ်ပါတယ်။ အဓိက က တော့ သစ်ထူးလွင်ရဲ့ သတင်းစတည်မှုနှင့် BBC ရဲ့ မ.ဘ.သ က ဆိုင်တွေကို လာဖျက်မယ်ဆိုပြီး ခြိမ်းခြောက်နေဆိုတဲ့ သတင်းထုတ်ပြန်ခဲ့မှုကြောင့် ဖြစ်ပါတယ်။
ဒါကိုကြည့်ချင်းအားဖြင့် ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခကြီးဟာ နိုင်ငံရေးကစားကွက်ထဲ ဝင်လာအောင် တမင်ဂွင် ဆင်ထားတာလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မုဒိမ်းမှုလို့ ခေါင်းစဉ်တပ်ရအောင် အရပ်ဘက်၊ တရားရုံးဘက်မှာ မုဒိမ်းမှု မှန်ကန်ကြောင်း တစ်စုံတစ်ရာ ချမှတ်မှုများမရှိသေးပဲ စစ်ဆေးစုံစမ်းဆဲ အဆင့်ပဲရှိပါသေးတယ်။ ဒီလိုမုဒိမ်းမှုလို့ ခေါင်းစဉ် တပ်လိုက်ခြင်းအားဖြင့် ကာမေသုဆိုတဲ့ကံကို မနှစ်မြို့တဲ့ မြန်မာလူမျိုးအတွက် ဘာသာခြားက မုဒိမ်းကျင့်တယ်ဆိုပြီး အထိ ရောက်ဆုံးသော မှိုင်းတိုက်ကာ ဆူပူအုံကြွမှုကြီးဖြစ်ပေါ်လာအောင် တမင်ဖန်တီးလိုက်တာပါ။ ဒီလို အုံကြွမှုကြီးဖြစ်ပေါ် လာတာနဲ့ မလေးရှားမှာဖြစ်တဲ့ မြန်မာလူမျိုးအသတ်ခံရမှုနဲ့ ရခိုင်မှာဖြစ်တဲ့ မသီတာထွေး အသတ်ခံရတဲ့ အမှုမှာ နှုတ်ဆိတ် နေခဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ အချိန်နဲ့အမျှ ကြေငြာချက်တွေ တစ်မျိုးပြီးတစ်မျိုး ထုတ်ပြန်လာကာ နိုင်ငံရေးအမြတ် ထုတ်လာကြပါတယ်။ ဒါ့အပြင် သြဇာခံမီဒီယာများကလဲ နှစ်ဖက်စလုံးကို သွေးဆူစေရန်အတွက် ရေးသားဖော်ပြပြီး ဆူပူမှု ကို ကြီးသထက်ကြီးအောင် လုပ်နေကြပါတယ်။အခုလို ပဋိပက္ခကြီးဖြစ်အောင် ပါဝင်လုပ်ဆောင်နေတဲ့သူတွေနဲ့ မီဒီယာတွေဟာ ဘာလို့ဒီလိုတွေလုပ်ဆောင် နေသလဲ စဉ်းစားချင့်ချိန်ကြည့်ပါက သူတို့နောက်ကွယ်မှာ ထောက်ပံ့ကြိုးကိုင်မှုတွေရှိကိုရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ မြန်မာပြည်သားနဲ့ မြန်မာပြည်ဖွားတွေဟာ ပြောသမျှ၊ ကြားသမျှကို တထစ်ချမယုံကြည်ပဲ နိုင်ငံရေးလှည့်ကွက်ထဲ ရောက်မသွားအောင် သတိထား၍ နေထိုင်သွားလာသင့်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရ မှလည်း မီဒီယာတွေ တဖက်စောင်းနင်းပြောသလို လက်ပိုက်ကြည့်နေခြင်းမဟုတ်ပဲ ညမထွက်ရ အမိန့်များလည်း ထုတ်ပြန်ကာ လုံခြုံရေးကိုတင်းကြပ်စွာ ဆောင်ရွက်နေပါတယ်။ ထို့အတူ အရေးကြုံပါက ပြည်သူများဘက်မှ အမြဲတမ်း ရပ်တည်ပေးသော စစ်တပ်ကလည်း အများပြည်သူများ၏ လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူဆောင်ရွက်လိမ့်မယ်လို့ ယူဆရပါတယ်။ပြောရရင်တော့ နိုင်ငံရေး ပယောဂမကင်းတဲ့ မန္တလေး လူမျိုးရေးပဋိပက္ခကြီးကို  မန္တလေးမှာနေထိုင်တဲ့ ပြည်သူများအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး သတိရှိရှိဖြင့် စဉ်းစားချင့်ချိန်ကာ နေထိုင်ပြီး မန်းမြေကို အကျဉ်းမတန်အောင် ထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းပါရစေ။
ရဲကို

No comments:

Post a Comment