Saturday 5 July 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းပြီးစီးက ဒေသခံတစ်သိန်းကျော် အလုပ်အကိုင်ရနိုင်မည်ဟုဆို


ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ပြီးပါက ဒေသခံပြည်သူပေါင်း တစ်သိန်း ကျော် အလုပ်အကိုင်များရနိုင်မည်ဟု ကျောက်ဖြူတင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်းကပြောသည်။အဆိုပါစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၅ ခုနှစ် မတ်လတွင် စတင် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အဆိုပါစီမံကိန်း အ ကောင်အထည်ဖော် လုပ်ဆောင် နေသူများက ပြောသည်။‘‘ဒီစီမံကိန်းကနေ နိုင်ငံသား တွေ၊ အဓိကဒေသခံတွေ အလုပ် အကိုင်အခွင့်အလမ်းပေါင်းများ စွာ ရရှိမှာပါ။ ပထမအဆင့်မှာပဲ အလုပ်အကိုင် တစ်သိန်းကျော် လောက်ရရှိနိုင်မှာပါ’’ ဟု ဦး အောင်ကျော်သန်းကပြောသည်။စက်မှုလုပ်ငန်းအကောင်အ ထည်ဖော်သော အဆင့်၌ပင် အ လုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်းကျော်ရရှိနိုင်မည်ဖြစ် ကြောင်း ဦးအောင်ကျော်သန်းက ပြောသည်။‘‘ဒီပထမအဆင့်မှာပဲ အ လုပ်အကိုင်ပေါင်း ငါးသောင်း ကျော်လောက် လုပ်ငန်းနေရာတွေရရှိနိုင်မှာပါ’’ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီးဦးမြင့်သိန်းက ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်ပထမအဆင့် အကောင်အ ထည်ဖော်ရာတွင်ဆိပ်ကမ်းတည် ဆောက်ရေး၊ စက်ရုံများအကောင် အထည်ဖော်ခြင်းနှင့် အိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ပါဝင် မည်ဖြစ်သည်။
အဆိုပါ ကျောက်ဖြူအထူး စီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် စိတ်ဝင် စားကြောင်း လျှောက်လွှာ EOI များကို ဇူလိုင် ၁၄ ရက်တွင် စတင်ခေါ်ယူမည် ဖြစ်ပြီး ယင်းတို့ကို ဒီဇင်ဘာ တွင် အပြီး စိစစ်ပြီး ၂၀၁၅ မတ်လတွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေးမှ ဒုဝန်ကြီးဦးမြင့်သိန်း ကပြောသည်။ယင်းစီးပွားရေးဇုန်ကို ယခင်က ဧကတစ်ထောင်ကျော်စတင်ရန် စီစဉ်ထားသော်လည်း လက်ရှိ စီမံကိန်းသစ်တွင် ဧကလေးထောင်ကျော်အကျယ်ဖြင့် စတင်ပြုလုပ်သွားမည်ဟု ကျောက်ဖြူတင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်သိန်းကပြောသည်။အဆိုပါစီမံကိန်း အကောင် အထည် ဖော်၍ ရေနက်ဆိပ်ကမ်း များပြုလုပ်လိုက်ပါက ဒေသခံများ၏ အဓိက အသက်မွေးဝမ်း ကျောင်းလုပ်ငန်း ဖြစ်သော ငါး၊ ပုစွန်လုပ်ငန်းများအပါအ၀င် ထိ ခိုက်မှုများဖြစ်လာမည်ကို စိုးရိမ် နေကြကြောင်း ရခိုင်ဒေသခံ များ ကပြောသည်။
ရေနက်ဆိပ်ကမ်းများ ပြုလုပ်လိုက်ပါက တန်ချိန် နှစ်သိန်းမှသုံးသိန်းထိရှိသော သင်္ဘောကြီးများ ဆိုက်ကပ် နိုင်ရန် ပြုလုပ်မည်ဟု ဆိုထားသောကြောင့် ယင်းသို့ ကမ်းစပ်အထိ ဆိုက်ကပ်မှုများ ပြုလုပ်လိုက်ပါက သင်္ဘော များ၏ အရှိန်ကြောင့် ကမ်းပြိုကျ ခြင်းနှင့် ငါးမျိုးစိတ်များ ပျက်သုဉ်း မည်ကို စိုးရိမ်နေရကြောင်း ရခိုင် သဟာယအဖွဲ့မှ ဦးလှမောင်က ပြောသည်။ထို့ကြောင့် အစိုးရအနေဖြင့် လည်း ရခိုင်ဒေသအတွက် နိုင်ငံ တကာ ပင်လယ်ပြင် ဥပဒေကို ပြဋ္ဌာန်းပေးစေလိုကြောင်း ရခိုင်သဟာယအဖွဲ့က တောင်းဆိုလိုက်သည်။
အဆိုပါ စီးပွားရေးဇုန် အ တွင်းတွင် ရေနံချက်စက်ရုံများကဲ့ သို့သော ဓာတုလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ပါလာမည်ကို စိုးရိမ်နေကြောင်းနှင့် သင်္ဘောကြီး များဝင်ရောက်လာပါက သင်္ဘော များမှ ဆေးကြောသော အညစ်အကြေးနှင့် ရေများစွန့်ပစ်မည့် နေရာများအတွက် သတ်မှတ် ချက်များကိုလည်း စနစ်တကျပြု လုပ်ပေးရန် တောင်းဆိုထား သည်။ ယင်းသို့ နိုင်ငံတကာ သင်္ဘောများ ဆိုက်ကပ်မည်ဖြစ် သောကြောင့် နိုင်ငံတကာစံချိန်စံနှုန်းများအတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး သင်္ဘောများဆိုက်ကပ်မှုနှင့် ဆိပ်ကမ်း အတွက်လိုအပ်သော EIA/SIA များကိုလည်း ပြည့်စုံအောင် လုပ်ဆောင်သွား မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Photo: ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းပြီးစီးက ဒေသခံတစ်သိန်းကျော် အလုပ်အကိုင်ရနိုင်မည်ဟုဆို
Saturday, July 5, 2014

 ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံကိန်း အကောင်အ ထည်ဖော်ပြီးပါက ဒေသခံပြည်သူ ပေါင်း တစ်သိန်းကျော် အလုပ် အကိုင်များ ရနိုင်မည်ဟု ကျောက် ဖြူ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်းကပြောသည်။

အဆိုပါစီးပွားရေးဇုန် စီမံ ကိန်းကို ၂၀၁၅ ခုနှစ် မတ်လတွင် စတင် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အဆိုပါစီမံကိန်း အ ကောင်အထည်ဖော် လုပ်ဆောင် နေသူများက ပြောသည်။

‘‘ဒီစီမံကိန်းကနေ နိုင်ငံသား တွေ၊ အဓိကဒေသခံတွေ အလုပ် အကိုင်အခွင့်အလမ်းပေါင်းများ စွာ ရရှိမှာပါ။ ပထမအဆင့်မှာပဲ အလုပ်အကိုင် တစ်သိန်းကျော် လောက်ရရှိနိုင်မှာပါ’’ ဟု ဦး အောင်ကျော်သန်းကပြောသည်။

စက်မှုလုပ်ငန်းအကောင်အ ထည်ဖော်သော အဆင့်၌ပင် အ လုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်းကျော်ရရှိနိုင်မည်ဖြစ် ကြောင်း ဦးအောင်ကျော်သန်းက ပြောသည်။

‘‘ဒီပထမအဆင့်မှာပဲ အ လုပ်အကိုင်ပေါင်း ငါးသောင်း ကျော်လောက် လုပ်ငန်းနေရာတွေရရှိနိုင်မှာပါ’’ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီးဦးမြင့်သိန်းက ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်ပထမအဆင့် အကောင်အ ထည်ဖော်ရာတွင်ဆိပ်ကမ်းတည် ဆောက်ရေး၊ စက်ရုံများအကောင် အထည်ဖော်ခြင်းနှင့် အိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ပါဝင် မည်ဖြစ်သည်။

အဆိုပါ ကျောက်ဖြူအထူး စီးပွားရေးဇုန် ပထမအဆင့် စီမံ ကိန်းအကောင်အထည်ဖော်ရန် အတွက် စိတ်ဝင်စားကြောင်း လျှောက်လွှာ EOI များကို ဇူလိုင် ၁၄ ရက်တွင် စတင်ခေါ်ယူမည် ဖြစ်ပြီး ယင်းတို့ကို ဒီဇင်ဘာတွင် အပြီး စိစစ်ပြီး ၂၀၁၅ မတ်လတွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေးမှ ဒုဝန်ကြီးဦးမြင့်သိန်းကပြောသည်။

ယင်းစီးပွားရေးဇုန်ကို ယခင် က ဧကတစ်ထောင်ကျော် စတင်ရန် စီစဉ်ထားသော်လည်း လက်ရှိစီမံကိန်းသစ်တွင် ဧကလေးထောင်ကျော်အကျယ်ဖြင့် စတင်ပြုလုပ်သွားမည်ဟု ကျောက်ဖြူတင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်သိန်းကပြောသည်။

အဆိုပါစီမံကိန်း အကောင် အထည်ဖော်၍ ရေနက်ဆိပ်ကမ်း  များပြုလုပ်လိုက်ပါက ဒေသခံများ၏ အဓိက အသက်မွေးဝမ်း ကျောင်းလုပ်ငန်းဖြစ်သော ငါး၊ ပုစွန်လုပ်ငန်းများအပါအ၀င် ထိ ခိုက်မှုများဖြစ်လာမည်ကို စိုးရိမ် နေကြကြောင်း ရခိုင်ဒေသခံများ ကပြောသည်။

ရေနက်ဆိပ်ကမ်းများ ပြု လုပ်လိုက်ပါက တန်ချိန် နှစ်သိန်း မှ သုံးသိန်းထိရှိသော သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် ပြုလုပ် မည်ဟု ဆိုထားသောကြောင့် ယင်းသို့ ကမ်းစပ်အထိ ဆိုက်ကပ် မှုများ ပြုလုပ်လိုက်ပါက သင်္ဘော များ၏ အရှိန်ကြောင့် ကမ်းပြိုကျ ခြင်းနှင့် ငါးမျိုးစိတ်များ ပျက်သုဉ်း မည်ကို စိုးရိမ်နေရကြောင်း ရခိုင် သဟာယအဖွဲ့မှ ဦးလှမောင်က ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် လည်း ရခိုင်ဒေသအတွက် နိုင်ငံ တကာ ပင်လယ်ပြင် ဥပဒေကို ပြဋ္ဌာန်းပေးစေလိုကြောင်း ရခိုင်သဟာယအဖွဲ့က တောင်းဆိုလိုက်သည်။

အဆိုပါ စီးပွားရေးဇုန် အ တွင်းတွင် ရေနံချက်စက်ရုံများကဲ့ သို့သော ဓာတုလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ပါလာမည်ကို စိုးရိမ်နေကြောင်းနှင့် သင်္ဘောကြီး များဝင်ရောက်လာပါက သင်္ဘော များမှ ဆေးကြောသော အညစ်အကြေးနှင့် ရေများစွန့်ပစ်မည့် နေရာများအတွက် သတ်မှတ် ချက်များကိုလည်း စနစ်တကျပြု လုပ်ပေးရန် တောင်းဆိုထား သည်။ ယင်းသို့ နိုင်ငံတကာ သင်္ဘောများ ဆိုက်ကပ်မည်ဖြစ် သောကြောင့် နိုင်ငံတကာစံချိန်စံ နှုန်းများအတိုင်း လုပ်ဆောင်သွား မည်ဖြစ်ပြီး သင်္ဘောများဆိုက်ကပ်မှုနှင့် ဆိပ်ကမ်းအတွက်လို အပ်သော EIA/SIA များကိုလည်း ပြည့်စုံအောင် လုပ်ဆောင်သွား မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

7Day Daily

No comments:

Post a Comment