Saturday 5 July 2014

မန္တလေးအဓိကရုဏ်းကို ရန်ကုန်မြို့မှ သံဃာများဆန္ဒပြ

မန္တလေးအဓိကရုဏ်း ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ၍ မန္တ လေးမြို့ရှိ ရဟန်းသံဃာတော်များ နှင့် ပြည်သူ ပြည်သားများဘေး အန္တရာယ်ကင်းရှင်းရန် မျိုးချစ်သံ ဃာတော်များက ဇူလိုင် ၄ရက် တွင် ရွှေတိဂုံ စေတီတော်၌ ဆုတောင်း ဆန္ဒပြခဲ့ကြသည်။ ဆရာတော်ဦးရက္ခ၀ံသဦး ဆောင်သောမျိုးချစ်ရဟန်းသံဃာ တော်အပါးငါးဆယ်နှင့်ပြည်သူ ငါးဆယ်ခန့်သည် မန္တလေးအဓိက ရုဏ်းဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ ခဲ့ပြီး မန္တလေးမြို့ရှိ ရဟန်းသံဃာ တော်များနှင့် ပြည်သူပြည်သား များဘေးအန္တရာယ်ကင်းရှင်းရန် အတွက် ကြေးသွန်းဘုရားမှစတင် လမ်းလျှောက်၍ ရွှေတိဂုံစေတီ ပေါ်သို့ တက်ရောက်ပြီးဆုတောင်း ဆန္ဒပြ ခဲ့ခြင်းဖြစ် သည်။‘‘မန္တလေးဖြစ်စဉ်မှာသေဆုံး သွားတဲ့သူတွေရှိတယ်။ အဲဒီသူ တွေကောင်းရာမွန်ရာရောက်ဖို့ အတွက် ဆုတောင်းပေးရမယ်။ နောက်မန္တလေးမှာရှိတဲ့ ပြည်သူ တွေ ဘေးအန္တရာယ် ကင်းရှင်း အောင် ဆုတောင်း ပေးရမှာပါ’’ဟု မန္တလေးအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းဆန္ဒပြရာ တွင် ဦးဆောင်သူ ဘင်္ဂ သား ကျောင်းတိုက်ဆရာတော်အရှင် သူရ၀ံသကမိန့်သည်။

‘‘ဒီလိုမျိုးသတ်ဖြတ်နေတာတွေကို လက်မခံပါဘူး။ နောက်မန္တလေးက သံဃာတော်တွေကို စိုးရိမ်တာ ကြောင့်လည်း ဆုတောင်းပွဲလေးလုပ်ပေးတာပါ’’ ဟု ဆရာတော်ဦးရက္ခ၀ံသကမိန့် သည်။ အမျိုးသမီး ငယ်တစ်ဦးအဓမ္မပြုကျင့်ခံရသည်ဟူသော သတင်းကိုအခြေခံကာ မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေး အသွင်လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ဇူလိုင် ၁ရက်နှင့် ၂ရက်ည များတွင် ဖြစ်ပွားခဲ့ပြီးနောက် ဇူ လိုင် ၃ရက်ညနေတွင် မန္တလေး ခရိုင်ထွေအုပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကိုကြေညာထားသည်။
ဇူလိုင် ၂ရက်ညတွင် လူစုလူဝေးဖြင့် တုတ်၊ ဓားကိုင်ကာအဓိ ကရုဏ်းဖြစ်ပွားသောကြောင့်လူ နှစ်ဦး သေဆုံးပြီး ၁၄ဦးဒဏ်ရာရရှိ ခဲ့သည်။
7Day Daily

No comments:

Post a Comment