Sunday, 1 June 2014

ညွှန်ကြားရေးမှုးလက်သီးနှင့်အထိုးခံရသည့်ကိစ္စ ပြည်နယ်အစိုးရက စစ်ဆေးရမည်ဟု ဦးရဲထွဋ်ပြော

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ပြည်နယ်ပညာရေးမှုးရုံးမှ ခေတ္တ တာဝန်ခံညွှန်ကြားရေးမှုး အား လက်သီးနှင့်ထိုးသည့်ကိစ္စကို ပြည်နယ်အစိုးရက စစ်ဆေးဆုံးဖြတ်ရမယ့် ကိစ္စရပ်ဖြစ်သည် ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေလ ၃၀ ရက်နေ့ ပြည်မြို့တွင် သတင်းထောက် များနှင့် တွေဆုံစဉ် ပြောကြားလိုက်သည်။
ဝန်ကြီးက မူလတန်းပြဆရာများ ပြောင်းရွှေ့ရေးကိစ္စအမိန့်ထုတ်ခိုင်းသည်ကို ခေတ္တတာဝန်ခံ ညွှန်ကြားရေး မှုး က ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက် စောင့်ရန်လိုအပ်ကြောင်း ပြောဆိုသဖြင့် ယင်းညွှန်ကြားရေးမှူး ကို လက်သီးနှင့်ထိုးပြီး ၀င်ရောက်ပြောဆိုသူ လက်ထောက်ကြီးကြပ်ရေးမှုးကို ပါးရိုက်လိုက်သဖြင့် ပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြထားသည်ဟု ပြည်နယ်ပညာရေးဌာနမှ ဆိုသည်။

ဆန္ဒပြပွဲများကို တားဆီးရန် ထိုင်းနိုင်ငံတွင် စစ်သားများနှင့် ရဲများချထား

ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။
မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့် စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း မြန်မာအစိုးရ သတင်းထုတ်ပြန်


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၃၀ ရက်က ကင်းလှည့်နေသည်ကို တွေ့ရစဉ် (THEDAILYSTAR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါးလျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မြန်မာမမှားဟု သမ္မတရုံး တာဝန်ရှိသူပြော

  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တိုက်ခိုက်မှုများတွင် မြန် မာလုံခြုံရေး တပ်ဖွဲ့နှင့် တပ်မ တော်မှာ လုံးဝ မအမှားအယွင်း မရှိခဲ့ဘဲ မိမိပိုင်နက်ကို လက်နက် ကိုင်တပ်ဖွဲ့များ ကျူးကျော်လာ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အ ထိအခိုက်မခံလိုသည့် မြန်မာနိုင်ငံ ၏ မူဝါဒအရ ပြဿနာကို သံတမန်နည်းဖြင့် အေးချမ်းစွာဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံက ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ရုပ်အ လောင်းမှာ RSO တပ်ဖွဲ့ဝင်ဖြစ် ကြောင်း သိသော်လည်း တစ်ဖက် က BGB ဟု ပြောကာတောင်းနေသဖြင့် ရေရှည်နယ်စပ်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ကို ရှေးရှု၍ အ လောင်းကို ယနေ့နံနက် (မေလ ၃၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်သို့လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။

တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်

Photo: တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်
Sunday, June 1, 2014

တရုတ်နိုင်ငံသားပိုင် စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် လက်ရှိအချိန်အထိ စက်ရုံထဲသို့ ပြန်ဝင်ခွင့်မရသေးဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
 
အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း  အလုပ်သမားများ စက်ရုံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရေး အချက်ကိုပင် အလုပ်ရှင်နှင့် ညှိနှိုင်းမရဘဲ  ဖြစ်နေကြောင်း သိရသည်။
 
“ဒီအလုပ်သမားတွေက ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အခု ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးအတွက် တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ ညဘက်အိမ်ရင်တောင် ခြင်ထောင်မရှိဘူး။ တစ်နေ့က အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ်ဒေါက်တာ သန်းဝင်းက ဒုက္ခသည်စခန်းကို ရောက်လာတယ်။ လူတွေက များလှချည်လား ရွာသားတွေကိုပါ ဆွဲထည့်ထားတာလို့လည်း မေးတယ်။ ဘယ်ရွာသားက ဒီထဲကို လာထိုင်မလဲ။ ဦးသန်းဝင်း ကိုယ်တိုင်အလုပ်ရှင်နဲ့ သုံးကြိမ်ဆွေးနွေးခဲ့ပေမယ့် အခုအချိန်အထိ အလုပ်သမားတွေက စက်ရုံထဲဝ င်ခွင့်မရသေးဘူး။ သူတို့က သပိတ်စခန်းဖွင့် တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းဖွင့်တာပါ။အခြေအနေက အရေးပေါ်ဖြစ်နေတယ်။ ဒီတိုင်းဆက်နေလို့ အဆင်မပြေဘူး။ မြို့နယ်မှာ ညိနှိုင်းလို့အဆင်မပြေလို့ ခုံသမာဓိကို ဆက်တက်မယ်လို့ ပြောတယ်။ ခုံသမာဓိကို ဆက်တက်မယ်ဆိုရင် တော်တော်ကြာမှာဆိုတော့ အလုပ်သမားတွေက အဲ့ဒီအချိန်အထိ တောင့်ခံနိုင်မှာမဟုတ်ဘူး” ဟု  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဥက္ကဌ ဦးအောင်လင်းက ပြောကြားသည်။
 
အဆိုပါ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ ကျောက်မြောင်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်သည် အလုပ်ရှင်အလုပ်သမား စာချုပ်မချုပ်ဆိုဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း ပြောကြားသည်။
 
အဆိုပါ စက်ရုံတွင် မေ ၁၉ ရက်က လုပ်သက်ရင့် ဝန်ထမ်းများကို အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ချုပ်တွင် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး လက်မှတ်မထိုးပါက အလုပ်ထုတ်မည်၊ ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မေ ၂၁ ရက်တွင်မှု လတ်မှတ်မထိုးသည့် အလုပ်သမား ၇ဝဝ ခန့်ကို အလုပ်ရှင်မှ ပြည်သူ့ရဲများ၊လုံခြုံရေးများ ပူးပေါင်းကာ စက်ရုံအပြင်သို့ ဆွဲထုတ်ခံခဲ့ရပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမား ၇ဝဝ ခန့်သည် ယင်းတို့အလုပ် လုပ်ကိုင်နေသည့် စက်ရုံနှင့် ခုနစ်မိုင်ခန့် ကွာဝေးသည့်  ရှမ်းကန်ရွာဦးဘုန်းကြီးကျောင်းတွင်  ဒုက္ခသည်စခန်း ဖွင့်လှစ်နေထိုင်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Eleven Media Group

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
တရုတ်နိုင်ငံသားပိုင် စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် လက်ရှိအချိန်အထိ စက်ရုံထဲသို့ ပြန်ဝင်ခွင့်မရသေးဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော

Photo: ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော
Sunday, June 1, 2014

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။

ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။

လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။

‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။

ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။

ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။

 ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)
7Day Daily
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ဇွန် ၁ ရက် နံနက် ၁၂ နာရီ ဝ၁ မိနစ် ၄၈ စက္ကန့်အချိန်၌ ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့နှင့် ရန်ကုန်မြို့တို့တွင် သက်ရောက်မှုများ ရှိခဲ့ပြီး လှုပ်ခတ်ချိန် ၁၂ စက္ကန့်ခန့် ကြာမြင့်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊မြေငလျင်ဌာနခွဲ မှ သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ပြောကြား

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ပြောကြား
Sunday, June 1, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဒီမိုကရေစီစံချိန်စံနှုန်းများ ပြည့်မီရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျက်ရှိသည်ဟု မေ ၃၁ ရက်တွင် သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းကတစ်ဆင့် ပြောကြားသည်။
 
နိုင်ငံရေးအင်အားစုအချို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားဆန္ဒများကို စုဆောင်းလျက်ရှိနေတာကိုလည်း တွေ့မြင်ရမှာဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပြီး 
နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသော နိုင်ငံရေးအင်အားစုများအားလုံးအနေဖြင့် အချင်းချင်းချိတ်ဆက်ပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံသားတစ်ဦးချင်းစီအတွက် လက်တွေ့ကျသည့် ကောင်းမွန်သည့်ရလဒ်များ ပေါ်ပေါက်စေရေး ကြိုးပမ်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က“ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များပေါ် မူတည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါသည်။ ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူအားလုံး၏ အမြော်အမြင်ကြီးမှု၊ ဥာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာမှန်ကန်မှုတို့ ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေးစေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်း၏ သဘောထားရပ်တည်ချက်များကို  ပြောကြားသည်။
 
အသက်ဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနှင့် သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည်ဆိုသော အခြေခံမူကို ဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း၊ လက်ရှိ ကြိုးပမ်းတည်ဆောက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲများက ရရှိလာမည့်သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများကို လုပ်ဆောင်ရမည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
 
ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေး၊ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီလာစေရေးအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်ဟုလည်း သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။
 
“အခုလိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာမှန်ကန်မှုတို့က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ ကင်းကွာနေလို့ ဒီမိုကရေစီအလေ့အထများ ပြန်လည်ရှင်သန်လာဖို့နဲ့ ဒီမိုကရေစီစိတ်ဓာတ်များ ပြန်လည်မွေးမြူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီရှင်သန်ဖို့ဆိုရင် ဒီမိုကရေစီစိတ်ဓာတ်ရှိဖို့ လိုပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုရာမှာ ဒီမိုကရေစီရဲ့တန်ဖိုးများကို လေးစားလိုက်နာခြင်းပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ က ပြောကြားသည်။
 
နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် ရရှိထားသော နိုင်ငံရေးပွင့်လင်း လွတ်လပ်မှုများဆက်လက် ရှင်သန်စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန်လည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။
 
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် အခြေခံဥပဒေ အခန်း(၁၂)တွင် ပြဌာန်းထားသည့် ပြဌာန်းချက်များနှင့်အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာကြရမည်ဟု ပြီးခဲ့သည့်  မတ် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်ခဲ့သည့် သမ္မတတာဝန် ထမ်းဆောင်မှုသက်တမ်း သုံးနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။
 
ထို့ပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ ရှိနေရဦးမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ညှိနှိုင်းအဖြေရှာသော စားပွဲဝိုင်းများတွင်လည်း တပ်မတော် ဆက်လက်ပါဝင်နေရန် လိုအပ်ဆဲဖြစ်သည်ဟုလည်း သမ္မတက ၎င်း၏ သုံးနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
 
စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် တပ်မတော်မှ ကန့်ကွက်ပိုင်ခွင့်ရှိနေခြင်းကို စိုးရိမ်ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ က တိုက်တွန်းပြောဆိုမှုများ ရှိနေသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေသော အခြေခံဥပဒေ အခန်း(၁၂)တွင် ပါရှိသည့် ပုဒ်မ(၄၃၆) ပြင်ဆင်ရေးလှုပ်ရှားမှုများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍တစ်နိုင်ငံလုံး၌ ဆောင်ရွက်လျက်ရှိရာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်  သဘောထားပေးသည့် ပြည်သူအများအပြား ရှိနေသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်နေခြင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဖြစ်သည်ဟု မေ ၃ဝ ရက်က လွှတ်တော်အစည်းအဝေးရပ်နားစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားသည်။

ရန်ကုန်မြို့ ယုဇနပလာဇာ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ရေးထိုးနေသူများကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
Eleven Media Group

ရန်ကုန်မြို့ ယုဇနပလာဇာ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ရေးထိုးနေသူများကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဒီမိုကရေစီစံချိန်စံနှုန်းများ ပြည့်မီရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျက်ရှိသည်ဟု မေ ၃၁ ရက်တွင် သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းကတစ်ဆင့် ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီအရေး ကန်အခိုင်အမာအားပေး

Photo: မြန်မာ့ဒီမိုကရေစီအရေး ကန်အခိုင်အမာအားပေး
Saturday, May 31, 2014

ဒီမိုကရေစီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံတွေဖြစ်ကြပြီး သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်သွားဖို့ ပိုပြီး ဖြစ်နိုင်ခြေရှိတာကြောင့် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုတွေကို မိမိတို့ ကြိုဆိုပါတယ်လို့ဆိုရင်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြပြီးတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောခဲ့ပါတယ်။
 
“မြန်မာနိုင်ငံနဲ့ ဒေသတွင်း တခြားနေရာတွေမှာ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုတွေရအောင် ဖော်ဆောင်နေတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေတွေကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ဆက်ပြီးထောက်ခံသွားမှာပါ။” လို့ မစ္စတာဟေဂဲလ်က ပြောပါတယ်။
 
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ နှစ်ပတ်လည် ရှန်ဂရီလာဆွေးနွေးပွဲ တက်ရောက်လာတဲ့ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို စနေနေ့က ပြောတဲ့ မိန့်ခွန်းထဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အဲဒီလို ထည့်ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်မှာ မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီးတော့လည်း တရုတ်နိုင်ငံကို စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
 
တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်နယ်နမိတ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်တို့ဟာ မတည်မငြိမ်ဖြစ်စေတဲ့ တဖက်သတ် လုပ်ရပ်တွေကို လုပ်ခဲ့တယ်လို့ မစ္စတာဟေဂဲလ်ကဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုတွေကို ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၁၃) ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံမှာ တွေ့ရစဉ်။ (မေ ၃၁၊ ၂၀၁၄)

VOA
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၁၃) ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံမှာ တွေ့ရစဉ်။
ဒီမိုကရေစီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံတွေဖြစ်ကြပြီး သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်သွားဖို့ ပိုပြီး ဖြစ်နိုင်ခြေရှိတာကြောင့် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုတွေကို မိမိတို့ ကြိုဆိုပါတယ်လို့ဆိုရင်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြပြီးတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောခဲ့ပါတယ်။

Saturday, 31 May 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ် မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်ေ နြ ခင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ ဆုံကာ ပြောကြား သည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်

နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။

Friday, 30 May 2014

ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

Photo: ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး
Friday, May 30, 2014

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကာဇက်စတန်မြို့တော် Astana တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ သဘော တူညီချက်သည် ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆွဲဆောင်မှုရှိသော ဗဟိုချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်းရှိ ၎င်းတို့၏ တည်ရှိမှုကို ပိုမိုခိုင်မာစေပြီး စီးပွားရေး အလားအလာ ကောင်းများအပေါ် အပြည့်အဝ အသုံးချခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှုသည် အကောက်ခွန် သမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်မှု ဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သမား ဈေးကွက်နှင့် သယ်ယူ ပို့ဆောင်ရေး စနစ်များနှင့်အညီ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း မူဝါဒများနှင့် အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး စနစ်များကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ

Photo: သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ
Friday, May 30, 2014

စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေမယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေမှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

၁။ဗိုက်တွေအောင့်တာ

အလုပ်မှာ စိတ်ဖိစီးမှုများတဲ့သူတွေဟာ မကြာခဏဗိုက်အောင့်လေ့ရှိကြပါတယ်။ အစာမစားလို့ အောင့်တာမျိုး မဟုတ်ပဲ စိတ်ကြောင့်ဖြစ်ရတဲ့ ရောဂါပါပဲ။ ဒီလိုတွေဖြစ်နေပြီဆိုရင် သင်ဟာ စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားနေရပါပြီ။

၂။ဆံပင်တွေ ကျွတ်တာ

ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့၊ အလုပ်မှာ ဘယ်လိုမှ အဆင်မပြေလို့ ခေါင်းဖြီးတဲ့အခါ အရင်ထက် ဆံပင်တွေ ကျွတ်တာမျိုး၊ ခေါင်းလျှော်ရည် ပြောင်းသုံးထားလို့ မဟုတ်ပဲ ဆံပင်တွေ သိသိသာသာ ကျွတ်တာမျိုးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ငါစိတ်ဖိစီးမှုတွေ အရမ်းများနေပါလားလို့ တွေးပြီး အတတ်နိုင်ဆုံး ဒါတွေ ဖြေလျှော့နိုင်အောင် ကြိုးစားပါ။

၃။ဝက်ခြံပေါက်တာ

ဦးရေပြားလိုပဲ အသားအရေကလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေပါတယ်။ ၀က်ခြံတွေ ထွက်နေကျမဟုတ်ဘဲ မျက်နှာမှာ နှစ်ဖု သုံးဖု ထွက်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် အခြေအနေရောက်နေပြီပေါ့။

၎။ကျောရိုးတွေအောင့်တာ

အထိုင်များလို့ ခါးနာတာမျိုး မဟုတ်ဘဲ ကျောရိုးတွေအောင့်တာ၊ ခါးနားသလိုလိုဖြစ်နေပြီဆိုရင် ဒါဟာလည်း စိတ်ဖိစီးမှုဖြစ်နေပြီဆိုတဲ့ သင်္ကေတပါပဲ။

၅။အသားအရေပေါ်မှာ အနီစက်တွေ ပေါ်လာတာ

Allergic ဖြစ်တာမျိုး မဟုတ်ပဲ အသားအရေပေါ်မှာ အကွက်လေးတွ ၊ အနီစက်လေးတွေ ပေါ်လာပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့စိတ်ဖိစီးမှုအတိုင်းအတာတစ်ခုကြောင့်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့် တိုင်ပင်ပါ။

Ref:womenshealthmag.com
Trend Myanmar
စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေ မယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေ မှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး

Photo: လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး
Friday, May 30, 2014

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  H7N9 အတွက် ကြိုတင်ပြင်ဆင် ရန် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မေလ ၂၆ရက်ထုတ် အသားကဏ္ဍသတင်းလွှာတွင် ထပ်မံဖော်ပြထားသည်။

‘‘ဗိုင်းရပ်စ်ပိုးရှာဖွေဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီးမွေးကု ဦးစီးဌာနဓာတ်ခွဲခန်းများအနေနဲ့ အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ FAO အဖွဲ့အနေနဲ့ တတ်စွမ်းသမျှဦးစားပေးပံ့ပိုးသွားမယ်လို့သိရပါတယ် ’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူနှင့်တိရစ္ဆာန်အပြန်အလှန်ကူးစက်နိုင်သော H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံFAOကိုယ်စားလှယ်ရုံး၊ အမေရိကန်အကူအညီပေးရေးအဖွဲ့(USAID)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်ရောဂါကာကွယ်ရေးစီမံကိန်း(Prevent Project) အဖွဲ့များမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတိပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ သတိပေးစကားပြောကြားနိုင်ရန်အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များရှိ ကြက်၊ ဘဲဈေးများနှင့်မွေးမြူရေးဇုန်များ၏ ကုန်ထုတ်လုပ်မှုပုံစံများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

‘‘ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကျရောက်မယ့် အန္တရာယ်လျော့ပါးရေးအစီအမံတွေကို အားဖြည့်ဆောင်ရွက်သွား မယ်လို့ ဆွေးနွေးသွားမယ်။ ကြက်၊ ဘဲဈေးနဲ့ မွေးမြူရေးဇုန်တွေမှာ ဆောင်ရွက်မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး မွေးမြူရေးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးမျှော်လင့်တယ်လို့လည်းဆွေး နွေးခဲ့ကြတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့မကူးစက်နိုင်ရန် အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချသူများအဖွဲ့က ခေတ်မီကြက်သတ်စက်ဖြင့် ကြက်သားထုတ်လုပ်သည့်စနစ်သို့ ကူးပြောင်းနိုင်မည့် နည်းဗျူဟာတစ်ရပ်ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

7Day Daily

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

တရားရုံးရှေ့ ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့ ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။ 
ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ ရုပ်အလောင်းနဲ့ မြင်ကွင်း၊ ဓာတ်ပုံ- ရိုက်တာ
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။

Thursday, 29 May 2014

တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ

Photo: တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ
Thursday, May 29, 2014

ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။ 

ယင်းကော်စက်ရုံသည် ကော် ပုံများထုတ်လုပ်လျက်ရှိပြီး စက်ရုံ မှ အသံများကြောင့် ညစဉ်အိပ် ရေးပျက်ခြင်းကိုလည်းကြုံတွေ့နေရ ကြောင်း ဒေသခံများက ပြော သည်။ အဆိုပါစက်ရုံကို စက်မှုဇုံ တစ်ခုခု၌ တည်ဆောက်သင့်ပြီး လူနေရပ်ကွက်၌  ဆောက်ထား သဖြင့် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပြောင်းရွှေ့ဖယ်ရှားပေးရန်လက်မှတ် ထိုးတိုင်ကြားထားကြောင်း သိရ သည်။
“ဒီစက်ရုံက ကျွန်မတို့အိမ်ရဲ့ နောက်ဘက်မှာဆိုတော့ ညှော်နံ့ တွေကိုအမြဲရှူနေရတယ်။ လူကြီး တွေလည်း ခေါင်းကိုက်တယ်။ ကျွန်မသားလေးခဏခဏတရှောင် ရှောင်ဖျားနေတော့ ဆေးခန်းပြပြီး ဆေးစစ်ကြည့်လိုက်တော့ အဆုတ် ရောဂါဖြစ်နေတယ်လို့သိရတယ်။ ကျွန်မသားလေးကိုဆေးတိုက်တာ (၆)လရှိသွားတော့ ဆေးကိုတော့ ရပ်လိုက်ပြီ”ဟုမိခင်ဖြစ်သူဒေါ်အေး မွန်စိုးက ပြောသည်။
ယခုကာလတွင်  ကလေး တချို့တွင်အဆုတ်ရောဂါများခံစား နေရကြောင်းနှင့် အဆုတ်ရောဂါ ပျောက်ဆေးများကိုသောက်နေရ ကြောင်း သိရသည်။
“လူကြီးတွေလည်းအသက်ရှူ ကျပ်လို့ ဆေးခန်းကိုပြနေရတယ်။ ကျွန်မတို့အနေနဲ့ ဒီစက်ရုံကိုပြောင်း ရွှေ့တာကိုပဲလိုချင်တယ်။ သူတို့က စီးပွားရေးလုပ်ပေမဲ့ပတ်ဝန်းကျင်ကို ထိခိုက်တာတော့မကောင်းဘူး။ ကျွန်မတို့ လူနေရပ်ကွက်ဖြစ်နေတဲ့ အတွက် ဒီစက်ရုံတွေကိုမဆောက် သင့်ဘူး။စက်မှုဇုန်ထဲမှာပဲဆောက် သင့်ပါတယ်”ဟု ၎င်းက ထပ်မံ ပြောသည်။
 ရပ်ကွက် ပြည်သူများက လက်မှတ်ထိုးတိုင်ကြားထားသည့် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး က စက်ရုံပိုင်ရှင်ကိုခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်စက်ရုံပိုင်ရှင်တွေ ကိုခေါ်ပြီးတော့ပြောပြထားပါတယ်။ သူတို့လုပ်နေတဲ့နောက်ကျောမှာ ရှိတဲ့ ဘုမ်္မာ ၁၂ လမ်း၊ ၁၃ လမ်း မှာရှိတဲ့လူတွေနဲ့ နောက်ဖေးချင်း ပေါက်နေတယ်။ တိုင်သူတွေရှိ တော့ စက်ရုံပိုင်ရှင်ကို ခေါ်ပြီး သဘောထားကို မေးမြန်းတယ်။ ကျွန်တော်တို့ကစက်ရုံကိုဆက်မလုပ် ဖို့ပြောတဲ့အခါကျတော့ ညှော်နံ့ တွေကင်းအောင်လေစုပ်ပန်ကာ တွေ၊ ခေါင်းတိုင်တွေကိုခပ်မြင့်မြင့် ကိုတပ်ပေးမယ်လို့ပြောတယ်။ ဒီလို ဆောင်ရွက်ပေးလို့မှမရရင်လည်း တိုင်ချင်ရာ တိုင်ကြပါလို့ ပြောပါ တယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမျိုးဆွေက ပြောသည်။ 

ရပ်ကွက်နေပြည်သူများနှင့် ၎င်းင်းစက်ရုံဖယ်ရှားပြောင်းရွှေ့ရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်း၌ အသံဆိုး၊ အနံ့ဆိုးထွက်သော လုပ်ငန်းများကိုတားမြစ်ကာရွှေ့ ပြောင်းခြင်းများပြုလုပ်လျက်ရှိ သော်လည်း လူနေရပ်ကွက်များ တွင် အသံဆိုး၊ အနံ့ဆိုးထွက် သောလုပ်ငန်းအချို့ဆက်လက်ရှိ နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ တို့က ဆိုသည်။     

Hot News Weekly
ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။ 

မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ကွယ်လွန်

Photo: တရားစီရင်ရေးမဏ္ဍိုင်အား မကျေနပ်သဖြင့် တရားလွှတ်တော်ရှေ့နေတဦး ပြင်ဦးလွင်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်
Thursday, May 29, 2014

တရားစီရင်မှုတွေမှာ မမှန်မကန်လုပ်နေတဲ့ တရားသူကြီးများနဲ့ တရားရေး ၀န်ထမ်းများကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက မေလ ၂၉ ရက်နေ့ ပြင်ဦးလွင်မြို့မှာ ပြင်ဦးလွင်ခရိုင် တရားရုံးကနေ မြို့နယ်တရားရုံးထိ တကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို အငြင်းပွားဖွယ် ရယူခဲ့တဲ့ ဘီလီယံနာ မာလ်ကွန် ဂလေဇာဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အပူချိန်မြင့်တက်မှုကြောင့် ငါးအသေများ၍ ငါးဈေးတက်

မေလအတွင်း အပူချိန် မြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်အချို့တွင် ကန်ရေများ ခန်းခြောက်ပြီး ငါးများ သေဆုံး၍ ငါးတစ်ပိဿာလျှင် ဈေးနှုန်းကျပ်သုံးရာ ဝန်းကျင် မြင့်တက် လာကြောင်း ငါးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။ 

ပြည်ပခရီးလိုင်စင်အတွက် စပေါ်ငွေပမာဏ ခရီးသွား လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်းမရှိ

တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူကြမ်းတွင်ပါသည့် စပေါ်ငွေ Deposit တင်ရမည့် ငွေကြေး ပမာဏအပေါ် လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်း မရှိကြောင်း ပြည်ပခရီးစဉ် လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။