Sunday 1 June 2014

ညွှန်ကြားရေးမှုးလက်သီးနှင့်အထိုးခံရသည့်ကိစ္စ ပြည်နယ်အစိုးရက စစ်ဆေးရမည်ဟု ဦးရဲထွဋ်ပြော

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ပြည်နယ်ပညာရေးမှုးရုံးမှ ခေတ္တ တာဝန်ခံညွှန်ကြားရေးမှုး အား လက်သီးနှင့်ထိုးသည့်ကိစ္စကို ပြည်နယ်အစိုးရက စစ်ဆေးဆုံးဖြတ်ရမယ့် ကိစ္စရပ်ဖြစ်သည် ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေလ ၃၀ ရက်နေ့ ပြည်မြို့တွင် သတင်းထောက် များနှင့် တွေဆုံစဉ် ပြောကြားလိုက်သည်။
ဝန်ကြီးက မူလတန်းပြဆရာများ ပြောင်းရွှေ့ရေးကိစ္စအမိန့်ထုတ်ခိုင်းသည်ကို ခေတ္တတာဝန်ခံ ညွှန်ကြားရေး မှုး က ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက် စောင့်ရန်လိုအပ်ကြောင်း ပြောဆိုသဖြင့် ယင်းညွှန်ကြားရေးမှူး ကို လက်သီးနှင့်ထိုးပြီး ၀င်ရောက်ပြောဆိုသူ လက်ထောက်ကြီးကြပ်ရေးမှုးကို ပါးရိုက်လိုက်သဖြင့် ပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြထားသည်ဟု ပြည်နယ်ပညာရေးဌာနမှ ဆိုသည်။

ကျွန်တော်တို့လည်း အွန်လိုင်းပေါ်မှာတွေ့တယ်။ ဒါလည်း ပြည်နယ်အစိုးရကိုမေးဖို့လည်းရှိ တယ်။ နောက်တစ်ခု ခင်ဗျားတို့ သတိပြုသင့်တာက ကျွန်တော်တို့အုပ်ချုပ်ရေးစနစ်က အရာရာမှာ ပြည်ထောင်စု အစိုးရကပဲ မလုပ်တော့ဘူး။ ဒါက ပြည်နယ်ဝန်ကြီးချုပ်နဲ့ သူရဲ့ပြည်နယ်အစိုးရလုပ်တဲ့ကိစ္စ ဖြစ်လို့ သူ့ရဲ့ ပြည်နယ်ဝန်ကြီးအဖွဲ့တွေရော ခုနက သတင်း မှန်တယ်၊ မမှန်ဘူး။ ဟုတ်တယ၊်၊ မဟုတ်ဘူးဆိုတာကို ပြည်နယ်အစိုးရကစပြီး အတည်ပြုရမယ်။ ပြီးရင်တော့ ပြည်နယ်ဝန်ကြီးချုပ်က အဆုံးအဖြတ်လုပ်ရမယ်။ ဟု ပြန်ကြားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထဋ်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ဝင်ဝန်ကြီးများအနေဖြင့် လူထုနှင့် တွေ့ဆုံပြောဆိုရာတွင်လည်း ထိန်းသိမ်းဆင်ခြင်ကြရန် လိုအပ်သည်ဟု သမ္မတက သတိပေးထားသည်ဟုလည်း ၄င်းကဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိစ္စမှာလည်း သမ္မတကြီးက ခေါ်ယူသတိပေးဆုံးမခဲ့တယ်။ နောက်ကျန်တဲ့ ၀န်ကြီးအားလုံးကိုလည်း စကားအပြောအဆို ထိန်းသိမ်းဖို့ပြောခဲ့တယ်။  ဟု ၄င်းကဆိုသည်။
အများပြည်သူနှင့် ဆက်ဆံနေရသည့် အစိုးရ၀န်ထမ်းများအနေဖြင့် အပြောအဆို၊ အနေအထိုင်မှာ အများထက်ပို၍ ဆင်ခြင်ကြရန်လိုအပ်သည်ဟု ဦးရဲထွဋ်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

No comments:

Post a Comment