မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Thursday, 13 February 2014
၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း
ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေ သည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
H7N9 ရောဂါပိုး ကာကွယ်ဆေး တရုတ် သုတေသီများ စမ်းသပ်တီထွင်
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ သုတေသီ များသည် H7N9 ရောဂါပိုး ကာကွယ်ဆေးကို ကနဦး အနေဖြင့် စမ်းသပ်တီထွင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆီးရီးယားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ဗီတိုအာဏာဖြင့် ပယ်ချရန် ရုရှားစီစဉ်
ဆီးရီးယားနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် ဆီးရီးယားသို့ စစ်ရေးအရ ကြားဝင်စွက်ဖက်မည့် ရှေ့ပြေး အဆိုပြုချက်သဖွယ် ဖြစ်နေခြင်းကြောင့် လက်သင့်ခံမည်မဟုတ်ဘဲ ဗီတိုအာဏာဖြင့် ပယ်ချရန် စီစဉ် မည် ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ဖော် ပြောကြားကြောင်း VOA သတင်းဌာန က ရေးသား ဖော်ပြသည်။
ဆက်လက်ဖတ်ရှုပါရန် »
၂၀၀၇ က ရပ်ဆိုင်းထားသည့် တောင်နှင့် မြောက်ကိုရီးယား အကြီးတန်း အရာရှိများ ဆွေးနွေးပွဲ ပြန်စ
၂၀၀၇ ခုနှစ် နောက်ပိုင်း ရပ်ဆိုင်းထားသော တောင်နှင့် မြောက်ကိုရီးယား နိုင်ငံတို့မှ အကြီးတန်း ကိုယ်စား လှယ်များ၏ တွေ့ဆုံ ဆွေးနွေးမှုကို နှစ်နိုင်ငံနယ်စပ်ရှိ တောင်ကိုရီးယား နိုင်ငံဘက်ခြမ်းတွင် ပြု လုပ်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသား ဧည့်ဝင်ကြေး ပိုယူမှုများရှိဟုဆို
နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးနှင့် ဝင်ရောက်မှု အများဆုံး ဖြစ်သော ကမ္ဘာကျော် ရွှေ တိဂုံ စေတီတော်တွင် နိုင်ငံခြားသား များထံမှ ဧည့်ဝင်ကြေး ကောက်ခံရာတွင် သတ်မှတ်ထားသော ဧည့်ဝင်ကြေးထက် ပိုယူမှုများ ရှိကြောင်း ဂျပန် ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ယာဉ်ကြောပိတ်ဆို့မှု အမြန်ဘတ်စ်ကားစနစ်ဖြင့် ဖြေရှင်းရန် အေဒီဘီ အကြံပေး
ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ဖြေရှင်းနိုင်ရန် အများပြည်သူသယ်ယူပို့ဆောင်ရေးအဖြစ် အမြန် ဘတ်စ် ကားစနစ် (BRTS) ကျင့်သုံးဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)အဖွဲ့က အကြံပေးထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်(၁) ဦးထွန်းကြည် က မဇ်္ဈိမကို ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်
နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ကောက် ယူပြီးရရှိသည့်အချက်အလက် မူကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
မိခင်နှင့်အစ်မတို့ရန်ဖြစ်စဉ် ၀င်ရောက်သတ်ပုတ်သည့်မောင်ကို အစ်မဖြစ်သူမှဓါးဖြင့်ထိုး၍ သေဆုံး
၁၂.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကွန်းခြံ ကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် အစ်မဖြစ်သူမှ မောင်ဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံး မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
သားကိုပြန်လာခေါ်သော ဇနီးသည်ကို ခင်ပွန်းက အက်စစ်ဖြင့်ပက်
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်၊ ဝါးခင်းကျောင်းလမ်း တွင် ဖေဖော် ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က လင်မယား ကွဲကွာနေစဉ် ခင်ပွန်း၏ နေအိမ်ထံ ကျန်ခဲ့သော သားဖြစ်သူကို လာခေါ်သည့် ဇနီးသည်အား ခင်ပွန်းဖြစ်သူက အက်စစ်ဖြင့် ပက်ခဲ့ကြောင်း အင်းစိန် မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်မဟုတ်ဘဲ ကြားကားအဖြစ် ပြေးဆွဲနေသောယာဉ်များ ကို ဖမ်းဆီးအရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြမည်ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပြည်ထောင်စု ခေါင်းဆောင် ဗိုလ်ချုပ်ရဲ့ ပဋိသန္ဓေနှစ် ၁ဝဝပြည့် မွေးနေ့
ကျွန်တော် မြင်တွေ့မိတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ပုံရဲ့ ခေါ်ဆောင်ရာ နောက် အတွေးလေး လိုက်ပါ သွားမိခဲ့ပြီး ”တပည့်ပုံကို ဂုဏ်ယူ ချိတ်ဆွဲထားတဲ့ ဆရာနဲ့ ဆရာ ကတောင် အလေး ထားရ တဲ့တပည့်။ အဲ့ဒီ တစ်ခေတ်တည်း မှာ ပေါ်ခဲ့တာ တစ်ခါဆို ဆိုသလောက်ပါ ပဲ”လို့ ရေရွတ်မိ လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက် အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အင်ဂျင်နီယာများ အာဆီယံဒေသတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် ယခုနှစ်အတွင်း စခွင့်ပြုမည်
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာပညာရှင်များ အာဆီယံအဖွဲ့ဝင် နိုင်ငံ များ တွင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခွင့်ကို ယခုနှစ်အတွင်း စတင်စမ်းသပ် မည် ဖြစ်ေ ကြာင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ စိစစ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က The Voice သို့ ပြော ကြား သည်။
ဆက်လက်ဖတ်ရှုပါရန် »
နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ
နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း အပြည့်ပါဝင်နေ ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရော စတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အများအပြား ရှိပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ
၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တ
ိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက်ကာ ကျေးရွာကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆားပါကောက်ခံနေကြောင်းသိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြောက်ပိုင်းကျောင်းသားများသေဆုံးမှု အစီရင်ခံစာထွက်မည့်အချိန် တိကျရန် တောင်းဆို
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF ) မြောက်ပိုင်းတပ်တွင် ကျဆုံးခဲ့ သည့် ကျောင်းသားများ သတ်ဖြတ်ခံရမှုများနှင့်ပတ်သတ်၍ အစီရင်ခံစာ ထွက်မည့်အချိန် အတိအကျ ဖြစ်စေလိုသည်ဟု မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းတစ်ဦးဖြစ်သည့် မန္တလေးမှ ကို ညီညီကျော်က မဇ္ဈိမကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
သယံဇာတအရေးကိစ္စများအတွက် ဆွီဒင်ကူညီမည်
မေလတွင်စတင်မည့် ဒေသအလိုက် သယံဇာတဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ငွေကြေးနှင့် နည်း ပညာပိုင်းကို ဆွီဒင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (Swedish Peace and Arbitration Society – SPAS)မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ငြိမ်းချမ်းရေးဖော်ဆောင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်ဖြစ်နေဆဲဟု ND-Burma အစီရင်ခံစာ ဖော်ပြ
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေ့စဉ်ဖြစ်နေဆဲဟု လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် ND-Burma အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရင်သားအလှ မထိခိုက်စေရန်
ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ အရာပါ။
ဆက်လက်ဖတ်ရှုပါရန် »
နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး
ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်ေ
န့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)