Saturday, 11 January 2014

နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်

Photo: နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်
Saturday, January 11, 2014

ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ် ကျောင်းတိုက်ကြီးများမှ ဆရာတော် (၂၇) ပါး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ အရာရှိများ ပါဝင်သည့် ကျင်းပရေး ကော်မတီက ဆပ်ကော်မတီ (၁၁) ခုခွဲ၍ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သံဃနာယက၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ အနေနှင့် ဆရာတော်၏ တပည့် ဥပသကာများနှင့် တိုင်ပင်ကာ အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆရာတော်ကြီး ဈာပနကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းမှစ၍ ကျောင်းတိုက် အတွင်းရှိ ခန်းမအတွင်း လဲလျောင်းနေကြောင်း၊ ယင်းနောက် ခေါင်းမူး နောက်သဖြင့် ဆေးရုံတင်ခဲ့ ရာတွင် ဦးနှောက်သွေးကြော ပေါက်သည်ဟု ဆရာဝန်က ပြောဆိုကြောင်း၊ ဆရာတော် ကို ၁၀ ရက်ခန့်အထိ အနီးကပ် ပြုစုလိုက်ရပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းတိုက်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်အရင်း ဖြစ်သူ ဦးခေမိန္ဒနိကာယကျောင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်အထိ ဗြဟ္မာစိုရ် လူမှုကူညီရေး အသင်းက ကူညီမည့်အပြင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဆရာတော်၏ ဈာပနအတွက် ကရဝိတ် ငှက်ရုပ် လှေလှော်ယိမ်းနှင့် ပူဇော်ရန် တာဝန် ယူထားကြောင်း မစိုးရိမ် တိုက်ဟောင်း ဆရာတော်က မိန့်ကြားသည်။

“မစိုးရိမ် တိုက်ဟောင်း တိုက်သစ် အကြီးအမှူး ဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်းမိတယ်။ တိုင်းပြည်မှာ ပါဠိပညာရှင်တစ်ယောက် ဆုံးရှုံး သွားရတယ်လို့ ခံစားရမိတယ်” ဟု မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူက မိန့်ဆိုသည်။

ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံဗိုလ်ကျေးရွာတွင် ခမည်းတော် ဦးကိုအောင်၊ မယ်တော် ဒေါ်မှုံတို့က မွေးဖွားခဲ့သည်။ ဆရာတော်သည် သက်တော် (၈၉)၊ ဝါတော် (၆၉) ဝါတွင် ပျံလွန်တော် မူခဲ့ပြီး နဝတအစိုးရက အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတတံဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ တံဆိပ်၊ လက်ရှိ အရပ်သားအစိုးရက အဘိဓဇမဟာ ရဋ္ဌဂုရုတံဆိပ်တို့ ကပ်လှူခဲ့သည်။ ဆရာတော်ကြီးသည် တိပိဋက ပါဠိမြန်မာအဘိဓာန် အတွဲပေါင်း (၆) တွဲ၊ တိပိဋကပါဠိ မြန်မာအဘိဓာန် အကျဉ်း ဇာတ်ထိကာ ပေမူကို လက်ရေးမူအဖြစ် ရေးသားပြုစုနေစဉ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော် မူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အခမဲ့ အလယ်တန်းပညာရေးစနစ် လာမည့်နှစ် စတင်မည်

အစိုးရသစ် လက်ထက်တွင် ပညာရေး အသုံးစရိတ်များ ဆက်တိုက် တိုးမြှင့်ထားသည့် အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စနစ်ကို စတင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

Friday, 10 January 2014

စုဖိရားလတ်ရဲ့ မာနအကြောင်း တစေ့တစောင်း

 

. စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..
လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦

မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးစားခြင်းက စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို

ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်း သည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခ ပိုမိုကြီးထွားစေကြောင်း ဇန်န၀ါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

ကယားပြည်နယ် ခရီးသွားဖွံ့ဖြိုးရေး အထင်ကရနေရာများ ပြန်ပြင်မည်

ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထင်ကရနေရာများကို ပြုပြင်မည်ဖြစ်ပြီး ပြည်ပ ခရီးသွားလုပ်ငန်းများဖော်ဆောင်မည်ဟု ကယားပြည်နယ် အစိုးရ၀န်ကြီးဦးစိန်ဦးက ဇန်န၀ါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းရှိ လယ်ယာမြေပြဿနာ တိုင်းအစိုးရ တစ်ရာခိုင်နှုန်းပင် မဖြေရှင်းနိုင်ဟု NLD လွှတ်တော်အမတ် ဝေဖန်

ဧရာဝတီတိုင်းတစ်ခုလုံး၏ လယ်ယာမြေပြဿနာများကို တိုင်းအစိုးရဖြေရှင်းပေးမှုမှာ တစ်ရာခိုင်နှုန်း ပင်မရှိဘဲ လယ်ယာမြေပြဿနာအသစ်များပင် ထပ်မံပေါ်ပေါက်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ တစ်ဦးတည်းရှိသည့် ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ဝေ ဖန်လိုက်သည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Photo: လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ
Friday, January 10, 2014

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ခန့်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှုကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာတကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ ဒီနေရာဟာ မြေလွတ်မြေရိုင်းမဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ်လို့။ ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါဘူး” ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့် ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့် တိုင်းအဆင့်အထိ တင်ပြထားကြောင်း၊ လက်ရှိတွင် ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦးဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group 

ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း) 
ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Monday, 6 January 2014

3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့် စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊ ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။ ရှယ်ယာတစ်ခုအောင်မြင်မည်။

အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။

ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်

ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့် ၀ါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု ဆောင်းကောက် ယူခဲ့ကြသည်။

သမ္မတက ကျပ်သိန်းသုံးထောင် မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်တောင်း

နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။

3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့် စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊ ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။ ရှယ်ယာတစ်ခုအောင်မြင်မည်။

အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။

ဥပဒေများ ပြည်သူကတစ်ဆင့် ပြဋ္ဌာန်းရန်လိုဟု ၈၈ အဖွဲ့ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၅။ နိုင်ငံနှင့်လူမျိုးအတွက် ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်သူ့အတွက် အာမခံချက်ပေးနိုင် ရန်သာမက အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များသည် ပြည်သူလူထုကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရရန်လိုပြီး ပြည်သူကို ပိတ်ပင်တားဆီးရာရောက်နေသည့် ဥပဒေများသည်လည်း မလိုအပ်တော့ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြ ပြောဆိုလိုက်သည်။

Thursday, 2 January 2014

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားမည်

အမှတ် (၂) အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး မူလတန်း ကျောင်းများရှိ သူငယ်တန်းမှ ဒုတိယတန်း အထိ ကျောင်းသားများကို တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။

(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်

Photo: (၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Thursday, January 02, 2014

Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့

အမေရိကန်နိုင်ငံ တဝှမ်းရှိ ရုပ်ရှင်ရုံ ပိုင်ရှင်များထံမှ ကောက်ယူသော စစ်တမ်းအရ (၂၀၁၃)ခုနှစ်အတွင်း ရုံဝင်ကြေး အမြင့်မားဆုံး ရရှိစေသည့် အနုပညာ ကြယ်ပွင့်အဖြစ် မင်းသမီး ဂျနီဖာလောရင့်စ်က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ ထိုအခါ အများစုက အကယ်ဒမီဆုရှင် မင်းသမီး ဂျနီဖာကို ထိပ်တန်းနေရာတွင် ညီညီညွတ်ညွတ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ ဂျနီဖာသည် Silver Linings Playbook ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သလို The Hunger Games: Catching Fireနှင့် American Hustleတို့ကလည်း ရုံဝင်ကြေး မြင့်မြင့်မားမား ရရှိစေခဲ့သည်။

ရုပ်ရှင်ရုံပိုင်ရှင် အများစုက ဂျနီဖာသည် မိမိတို့အတွက် အကျိုးအမြတ် အဖြစ်ထွန်းစေဆုံး အနုပညာရှင်အဖြစ် မှတ်ချက်ပေးခဲ့ပြီး ဒုတိယ နေရာတွင်မူ ဆန်ဒရာဘူးလော့ခ်ကို သတ်မှတ်ခဲ့ကြသည်။ သူမ၏ The Heatနှင့် Gravity ဇာတ်ကားနှစ်ခုလုံး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိခဲ့သည်။ ထို့နောက် ထိပ်တန်း(၅)နေရာတွင် ဝါရင့်မင်းသား (၃)ယောက်ဖြစ်သည့် ဘရက်ဒ်လေကူးပါး၊ တွမ်ဟင့်ခ်စ်နှင့် ဒန်ဇယ်လ် ဝါရှင်တန်တို့က အစဉ်လိုက် ပါဝင် ရပ်တည်နေခဲ့သည်။ ထို့နောက် အဆင့်(၆)မှ (၁၀)ထိ နေရာများကိုမူ လီယိုနာဒို ဒစ်ကာပရီယို၊ တွမ်ခရုစ်၊ ဘရက်ဒ်ပစ်တ်၊ ဟုဂ်ျဂျက်မန်းနှင့် မယ်လစ်ဆာ မက္ကာသီတို့က ရယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network 
 Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။

တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား

၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာ ပြီး ဈေးေ ကာင်း ရကြသည် ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက် များက ပေါင်ပိုချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများ က ပြော ကြား သည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်

ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။

အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

Photo: အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ
Thursday, January 2, 2014

၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ်တိုင်ရှေ့အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇)လက္မခန့်ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံးတံတားအောက်သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ထိုသို့ခိုင်းစေသော်လည်း ရွှေကိန္ဒရီအိမ်ယာဘက်သို့ ချိုးကွေ့မောင်းနှင် ခဲ့သဖြင့် ကျန်လူငယ် တစ်ဦးမှ ဟန်းဘရိတ်အားဆွဲလိုက်သောကြောင့် ယာဉ်ရပ်တန့်သွားစဉ် ဦးစောဆေးဝါးမှ ဓါးအားလုယူပြီး လည်ပင်းအား ဖက်ထားသောလူငယ်နှင့်လုံးထွေးနေချိန် ကျန်လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြပါသည်။

ထိုစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှတွေ့ရှိသဖြင့် ဦးစောဆေးဝါးနှင့် လုံးထွေးနေသော စမ်းချောင်းမြို့နယ်နေ ငပိန်(ခ)ရန်နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူ(၂)ဦးမှာ ညီညီနိုင်(စိစစ်ဆဲ)နှင့် တ၀င်းပူ(စိစစ်ဆဲ)တို့ဖြစ်ကြောင်းသိရှိရသောကြောင့် ၎င်းတို့(၃)ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ညီညီနိုင်နှင့် တ၀င်းပူ တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့် ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ်က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ်က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Thursday, January 2, 2014

ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ်ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မိမိတို့အနေဖြင့် အသေးအဖွဲ မတော်တဆ စစ်ရေးပဋိပက္ခများမှ မီးကုန်ယမ်းကုန် တိုက်ခိုက်ရသည့် စစ်ပွဲအဖြစ်သို့ ဦးတည်သွားနိုင်သော အန္တရာယ်ရှိသည့် အခြေအနေတစ် ရပ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ငြိမ်းချမ်းရေး အတွက် အနူးအညွတ် တောင်းဆိုလိမ့်မည် မဟုတ်ကြောင်းနှင့် ရန်သူများအား တိုက်ခိုက်ရန် နျူကလီးယား လက်နက်ပိုင်ဆိုင်ပြီး အင်အားတောင့်တင်းသည့် မြောက်ကိုရီးယား၏ ကာကွယ်ရေး အစီအမံများနှင့်အတူ ဆုတ်ယုတ် ကုန်ခန်းသည်အထိ ကာကွယ်သွားရန် ကင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ
ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ် ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု

Photo: ၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု
Thursday, January 2, 2014

၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော်တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။

ရီးဂူးလပ်စ်ကြယ်ဆိုတာကတော့ ခြင်္သေ့ အသဲနှလုံးဟု ခေါ်သော သိဟ်ရာသီ အတွင်းမှ ထွန်းလင်းတာက်ပလင်းလက်နေတဲ့ အပြာရောင် ကြယ်ကြီး ဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၇၅ နှစ်သာကွာဝေးပြီး နဂါးငွေ့တန်းဂလက်ဆီအတွင်းမှာဘဲ တည်ရှိပါတယ်။

၂၀၁၄ မတ်လ ၂၀ ရက်နေ့ မှာ အကျယ် ၄၅ မိုင် (၇၂ ကီလိုမီတာ) ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား အုပ်စုကြီးဟာ အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်သို့ ဖြတ်သန်းသွားမှာဖြစ်ပြီး သူတို့ရဲ့ အရိပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ အော့စ်ဝီးဂိုး မြို့ကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံ အောတိုရို မြို့အထိအောင် မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုသို့ ကောင်းကင်မှ လင်းလက်နေသော ကြယ်တစ်လုံး ပျောက်ကွယ်သွားမှုကို ထိုအရိပ်ကျရောက်သော နေရာများမှာ သာမန်မျက်စိဖြင့် ကောင်းစွာမြင်ရမှာဖြစ်ပြီး အချိန် ၁၂ စက္ကန့်သာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အင်မတန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ..

အာကာသနှင့် စကြ၀ဠာ

Myawady
၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော် တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ် သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။