Wednesday, 17 July 2013

ESPN မဂ္ဂဇင်းပါ ဝတ်လစ်စလစ် ဓာတ်ပုံကြောင့် ပိုလန် တင်းနစ်မယ်ကို ကက်သလစ် လူငယ်အဖွဲ့မှ ထုတ်ပယ်

Photo: ESPN မဂ္ဂဇင်းပါ ဝတ်လစ်စလစ် ဓာတ်ပုံကြောင့် ပိုလန် တင်းနစ်မယ်ကို ကက်သလစ် လူငယ်အဖွဲ့မှ ထုတ်ပယ်
Wednesday, July 17, 2013

ကမ္ဘာ့နံပါတ်အဆင့် ၄ရှိ နာမည်ကြီး ပိုလန်တင်းနစ်မယ် ရက်ဝန်စကာသည် အမေရိကန် နိုင်ငံထုတ် ESPN မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံ အရိုက်ခံခဲ့သောကြောင့် ကက်သလစ်လူငယ် လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပယ် ခံခဲ့ရကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ အသက် ၂၄နှစ်အရွယ်ရှိ ရက်ဝန်စကာသည် ရိုမန်ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ပိုလန်နိုင်ငံရှိ ကက်သလစ်လူငယ် လှုပ်ရှားမှု အဖွဲ့၏ “I’m not ashamed of Jesus” လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသူလည်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရက်ဝန်စကာသည် ၎င်းအဖွဲ့အတွက် လှုပ်ရှားမှုတစ်ခုအနေဖြင့် “ခရစ်တော်ကို ယုံကြည်ကိုးကွယ်ခြင်းမှာ ရှက်ရွံ့ဖွယ် အပြုအမှုမဟုတ်”ဆို သည့် ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ချိကာ သူမ၏ ပရိသတ်များအား ခရစ်တော်ကို ယုံကြည်ကိုးကွယ်ရန် တိုက်တွန်း ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ရက်ဝန်စကာ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေခဲ့သော ESPN မဂ္ဂဇင်း Body Issueတွင် ရေကူးကန်ဘေး၌ ဝတ်လစ်စားလစ်ဖြင့် ရိုက်ထားသော ဓာတ်ပုံ ပါရှိလာသောကြောင့် ယင်းအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကက်သလစ် လူငယ်အဖွဲ့သည် Twilter စာမျက်နှာတွင် Followerလုပ်သူ တစ်သန်းကျော် ရှိသော အဖွဲ့ဖြစ်ပြီး ရက်ဝန်စကာ၏ အရှက်ကင်းမဲ့သော အပြုအမူကြောင့် အဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ESPN မဂ္ဂဇင်း၏ အထူးထုတ်ဖြစ်သော ၎င်းစာအုပ်တွင် နာမည်ကြီး အားကစားသမားများ ဖြစ်သည့် ဂရင်းစလင်းချန်ပီယံဆု ကိုးကြိမ် ရရှိဖူးသူ အသက် ၇၇နှစ်အရွယ် ဂေါက်သီးသမား ဂယ်ရီပလေယာနှင့် အခြား ကစားသမားများလည်း ပါဝင်ကြောင်း သိရသည်။ သို့ရာတွင် ပိုလန်နိုင်ငံ၏ လူဦးရေ ၉၀ရာခိုင်နှုန်းကျော်မှာ ဘာသာတရား ယုံကြည်ကိုးကွယ်မှု နက်ရှိုင်းသည့် ရှေးဦး ဆန်သော ရိုမန်ကက်သလစ် ဘာသာဝင်များ ဖြစ်သောကြောင့် ပိုလန်တင်းနစ်မယ် ရက်ဝန်စကာ၏ အထက်ပါ လုပ်ရပ်အား လက်မခံနိုင်ခြင်း ဖြစ်ပါသည်။

Myanmar ICT
ကမ္ဘာ့နံပါတ်အဆင့် ၄ရှိ နာမည်ကြီး ပိုလန်တင်းနစ်မယ် ရက်ဝန်စကာသည် အမေရိကန် နိုင်ငံထုတ် ESPN မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံ အရိုက်ခံခဲ့သောကြောင့် ကက်သလစ်လူငယ် လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပယ် ခံခဲ့ရကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ အသက် ၂၄နှစ်အရွယ်ရှိ ရက်ဝန်စကာသည် ရိုမန်ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ပိုလန်နိုင်ငံရှိ ကက်သလစ်လူငယ် လှုပ်ရှားမှု အဖွဲ့ ၏ “I’m not ashamed of Jesus” လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသူလည်း ဖြစ် သည် ဟု ဆိုသည်။

အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် မွန်အဖွဲ့မှာ ငြိမ်းချမ်းရေးယူထားသော MNLA မှ မဟုတ်

Photo: အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် မွန်အဖွဲ့မှာ ငြိမ်းချမ်းရေးယူထားသော MNLA မှ မဟုတ်
Wednesday, July 17, 2013

ယမန်နေ့ကအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မွန်အဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(MNLA)မှ မဟုတ်ကြောင်း သိရှိရပါသည်။

အစိုးရတပ်နှင့် ဟံသာဝတီပြန်လည်ထူထောင်ရေးအဖွဲ့(HRP)တို့ ယမန်နေ့ ညနေပိုင်းလောက်တွင် တိုက်ပွဲ ဖြစ်ပွားကြပြီး ၂ ဖက်စလုံးမှ အနည်းငယ် ထိခိုက်ကြကြောင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA)နှင့် သာ အစိုးရမှ ငြိမ်းချမ်းရေးယူထားပြီး ဟံသာဝတီပြန်လည်ထူထောင်ရေး အဖွဲ့(HRP)နှင့် ငြိမ်းချမ်းရေးယူဆောင် ထားခြင်းမရှိကြောင်း သိရှိရပါသည်။

“ကျွန်တော်တို့ မွန်ငြိမ်းအဖွဲ့တွေက ကရိန်အောင်သက်မှာ နေတာပါ၊ အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်တာ ကျွန်တော်တို့အဖွဲ့ မဟုတ်ဘူး၊ ဗိုလ်နိုင်ရတို့ HRP အဖွဲ့နဲ့ ဖြစ်တာ၊ ဖြစ်တာက ဘုရားထံရွာနားမှာဖြစ်တာ၊ အဲဒီ ရွာမှာလည်း ကျွန်တော်တို့ မွန်ပြည်သစ်ပါတီလုံးဝမရှိပါဘူး၊ သူတို့ HRP နဲ့ ကျွန်တော် တို့ငြိမ်းချမ်းရေးယူထားတဲ့ MNLA လုံးဝပတ်သက်မှုမရှိပါဘူး၊ သူတို့က သက်သက်အဖွဲ့တစ်ခုပါ” ဟု နိုင်ပန်းငြိမ်းမှ ပြောပြခဲ့ပါသည်။

ငြိမ်းချမ်းရေးယူထေားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA)နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မွန်ငြိမ်းအဖွဲ့များက ကရိန်အောင်နှင့် ရေး ဘက်များတွင်သာ နေထိုင်လျက်ရှိကြပြီး ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ကော့သောင်းဘက်ရှိ ပြည်ကြီးမံဒန်မြို့နယ်မှ ဘုရားထံရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရ ပါသည်။

နိုင်မြက်သာ
Daw Na Myay
ယမန်နေ့ကအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မွန်အဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(MNLA)မှ မဟုတ်ကြောင်း သိရှိရပါသည်။

ဆိုင်းနိုင်း ကျွန်းဆွယ် တွင် အီဂျစ် တပ်ဖွဲ့ များ ထပ်မံ တပ်ဖြန့် ချထား ရန် အစ္စရေး သဘော တူ

Photo: ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အီဂျစ်တပ်ဖွဲ့များ ထပ်မံ တပ်ဖြန့်ချထားရန် အစ္စရေး သဘောတူ
Wednesday, July 17, 2013

မကြာသေးမီရ က်များအတွင်းက ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ပိုမို ဖြစ်ပွား
လာသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တိုက်ဖျက်ရန် အီဂျစ်စစ်ဘက်က ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ခြေလျင်တပ်ရင်း နှစ်ရင်းထပ်မံ တပ်ဖြန့် ချထားရန် တောင်းဆိုမှုကို အစ္စရေးနိုင်ငံက သဘောတူညီခဲ့ကြောင်း ဇူလိုင် ၁၆ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ 

၎င်းခြေလျင် တပ်ရင်း နှစ်ရင်းအား ဆိုင်းနိုင်းကျွန်းဆွယ် အယ်လ်အာရစ်ရှ်နှင့် ရှာရမ်အယ်လ် ရှိတ်ခ်မြို့ တို့တွင် တပ်ဖြန့် ချထားသွားမည် ဖြစ်သည်။ အီဂျစ် အစ္စရေး ငြိမ်းချမ်းရေး သဘော တူညီချက်အရ ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အီဂျစ် တပ်ဖွဲ့ဝင်များကို အကန့်အသတ်ဖြင့်သာ ထားရှိခွင့်ရခဲ့ကြောင်း သိရသည်။ ဆိုင်းနိုင်း ကျွန်းဆွယ်မြောက်ပိုင်းတွင် ဇူလိုင် ၁၅ ရက်က ဘတ်စကားတစ်စီးကို အကြမ်းဖက် သမားများက ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အလုပ်သမား သုံးဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ တပ်ဖြန့်ချထားရန် အီဂျစ်နိုင်ငံက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

အီဂျစ် သမ္မတ မော်စီ ပြုတ်ကျပြီးနောက် အဆိုပါ ကျွန်းဆွယ်တွင် အကြမ်း
ဖက်မှုများ ပိုမိုဖြစ်ပွား လာသဖြင့် အီဂျစ်စစ်ဘက်၏ လှုပ်ရှားမှုများလည်း ပိုမိုမြင့်တက် လာခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားသည်။

မြ၀တီ
မကြာသေးမီရ က်များအတွင်းက ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ပိုမို ဖြစ်ပွားလာသည့် အကြမ်းဖက် တိုက် ခိုက်မှုများကို တိုက်ဖျက်ရန် အီဂျစ်စစ်ဘက်က ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ခြေလျင်တပ်ရင်း နှစ်ရင်းထပ်မံ တပ်ဖြန့်ချထားရန် တောင်းဆိုမှုကို အစ္စရေးနိုင်ငံက သဘောတူညီခဲ့ကြောင်း ဇူလိုင် ၁၆ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

သြစတြေး လျနှင့် အမေရိ ကန် အကြီး စား ပူးတွဲ စစ်ရေး လေ့ ကျင့်ခန်း ပြုလုပ် မည်

Photo: သြစတြေး လျနှင့် အမေရိ ကန် အကြီး စား ပူးတွဲ စစ်ရေး လေ့ ကျင့်ခန်း ပြုလုပ် မည်
Wednesday, July 17, 2013

သြစတြေးလျနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကျ ဖြစ်သော Talisman Saber အမည်ရှိ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြစတြေးလျနိုင်ငံကွင်းစ်လန်းပြည်နယ် ရော့ခ် ဟမ်တန်မြို့အနီး Shoalwater ပင်လယ်အော်တွင် လာမည့်ရက်သတ္တပတ် သုံးပတ် အကြာ၌ ပြုလုပ်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံလုံးမှ တပ်ဖွဲ့ဝင် ၂၈,ဝဝဝ ကျော် ပါဝင် လေ့ကျင့် သွား မည် ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်မည့် Townsville မြို့မှ သြစတြေးလျ တပ်ဖွဲ့ဝင်များသည် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည့် Shoalwater ပင်လယ်အော်သို့ စတင် ရောက် ရှိနေပြီ ဖြစ်ကြောင်း သြစတြေးလျ စစ်ဘက်မှ ဗိုလ်မှူးချုပ် ဘော့ဘရောင်းက ပြောကြားသည်။ အမေရိ ကန် တပ်ဖွဲ့ဝင်များသည်လည်း ယခု ရက်သတ္တပတ် အကုန်တွင် အမေရိကန်နိုင်ငံမှ အလက် စကား ပြည်နယ်သို့ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းဖြင့် အဆိုပါပင်လယ်အော်သို့ လေထီးခုန်ဆင်း မှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းလေထီး ခုန်ဆင်းမှု အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
မြ၀တီ
သြစတြေးလျနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကျ ဖြစ်သော Talisman Saber အမည်ရှိ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြစတြေးလျနိုင်ငံကွင်းစ်လန်းပြည်နယ် ရော့ခ် ဟမ်တန်မြို့အနီး Shoalwater ပင်လယ်အော်တွင် လာမည့်ရက်သတ္တပတ် သုံးပတ် အကြာ၌ ပြုလုပ်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်

Photo: ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်
Wednesday, July 17, 2013

၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေး ပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

တရားခံ မဥမ္မာအားအခြားကျူးလွန်ခဲ့မှုများဖော်ထုတ်စစ်ဆေးခဲ့ရာ ၉.၆.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ခန့်တွင် ကမာရွတ်မြို့နယ် Junction Square ကုန်တိုက်အတွင်း GIORDANO ဆိုင်တွင်ဈေး ၀ယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ ငွေကျပ် ၅ သိန်းအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင်မြို့နယ်နေ မသိင်္ဂီနိုင်၏အစ်ကိုဖြစ်သူ ဦးသက်နိုင်မှ တရား လိုပြုလုပ် တိုင်ကြား ထားသည့် ကမာရွတ်မြို့မရဲစခန်း (ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအား လည်းကောင်း၊ အဆိုပါ နေ့ ၁၂၀၀ အချိန်ခန့်တွင် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ယုဇနပလာဇာပထမထပ်ရှိ အထည်ဆိုင်တွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ ငွေ ၁၀ သိန်းအား မကျင်စန်း၊ မကျင်ခိုင်၊ မခင်သက်မာတို့နှင့်အတူ ပူးပေါင်း၍နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကျောက်တံတားမြို့နယ်နေ မချိုနွယ်သန်းမှ တိုင်ကြားထားရှိသည့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၁၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအားလည်းကောင်း ဖော်ထုတ်နိုင်ခဲ့ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
 ၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား

Photo: ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား
Wednesday, July 17, 2013

ရာမန်ဒန် ဥပုသ်ကာလ အတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ရပ်တွင် ဆာဒါအိုခရိုင်ပါဝင်သည်ဟု မလေးရှား
နိုင်ငံက ထုတ်ပြန်သော သတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာက ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထိုင်းနိုင်ငံ ဆောင်ခလာ ပြည်နယ်ရှိ ခရိုင်ငါးခုဖြစ်သော သာနာသာဝီ၊ ဆာဒါအို၊ ချာနာ၊ သီဖာနှင့် ဆာဘာယိုင် ခရိုင်များ၊ နာရာသီဝပ် ပြည်နယ်၊ ပတ္တနီပြည်နယ် တို့တွင် ရာမန်ဒန် ဥပုသ်ကာလ အပါအဝင် ရက်ပေါင်း ၄ဝ အကြာ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ပြုလုပ်ထားကြောင်း မလေးရှား နိုင်ငံက ဇူလိုင်၁၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း အပေါ် တုံ့ပြန် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အနေဖြင့် အဆိုပါ အပစ်အခတ် ရက်ဆဲရေးတွင် ဆာဒါအိုခရိုင် မပါဝင်ကြောင်း မလေးရှား အစိုးရကို အသိပေး အကြောင်းကြား သွားမည်ဟု ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထပ်လောင်း ပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင် အဖွဲ့နှင့် BRN သူပုန်အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး မလေးရှား နိုင်ငံက အကျိုးဆောင် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ
ရာမန်ဒန် ဥပုသ်ကာလအတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ်တွင် ဆာဒါအိုခရိုင် ပါဝင် သည်ဟု မလေးရှားနိုင်ငံက ထုတ်ပြန်သောသတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။

ကျုံဒိုးမြို့ရှိ အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင် ဆောင်ရွက်

Photo: ကျုံဒိုးမြို့ရှိ အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင် ဆောင်ရွက်
Wednesday, July 17, 2013

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင်
ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်
များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်လည်
ပြုပြင်ခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊
ဌာနဆိုင်ရာများ၊ ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ချုံနွယ်များ ရှင်းလင်းခြင်း၊ ပြိုကျ ပျက်စီးသွားသော နေရာများ ကို ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်းများကို ဇူလိုင် ၁၅ ရက် က အတူတကွ စုပေါင်း လုပ်ဆောင်ကြပြီး စေတနာရှင် မိဘပြည်သူများက အလှူငွေ များနှင့် လုပ်အားဒါနများ ပါဝင်လုပ်ဆောင် ကူညီလျက်ရှိကြောင်းသိရသည်။

မြ၀တီ
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်

မျက်စိ အားကောင်းစေသော အာဟာရ များ

Photo: မျက်စိအားကောင်းစေသော အာဟာရများ
Wednesday, July 17, 2013

လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

လေ့လာမှု များစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်း ဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးခြင်းနဲ့ အတွင်းတိမ် ရောဂါတွေလို နာတာရှည် မျက်စိ ရောဂါတွေရဲ့ အန္တရာယ်ကို လျော့ကျ စေနိုင်ကြောင်း လေ့လာမှု များစွာက ဆိုထားပါတယ်။

 ဗီတာမင် စီ
ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုး ဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုအရ ဗီတာမင်စီဟာ အတွင်း တိမ်ရောဂါ ဖြစ်နှုန်း ကို လျော့ကျစေပြီး တခြား အာဟာရဓာတ်တွေနဲ့ ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံ ဆုံးရှုံးမှုတို့ ဖြစ်နှုန်းကို နှေးကွေး စေပါတယ်။

ဗီတာမင် အီး
ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့် ကွေကာနဲ့ ကန်စွန်းဥ တွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

မရှိမဖြစ် ဖက်တီးအက်စစ်
ကောင်းတဲ့အဆီဟာ လူတွေ စားသုံးသင့်တဲ့ အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြောစနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်း စေပါတယ်။ အိုမီဂါ သရီးဖက်တီး အက်စစ်ဟာ အမြင်အာရုံ အားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်း ဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။

သွပ်ဓာတ်
သွပ်ဓာတ်ဟာ မျက်စိအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ ရောင်ခြယ်ဆဲလ် ဖြစ်တဲ့မယ်လ နင်ထုတ်လုပ်ဖို့ အလို့ငှာ ဗီတာမင်အေကို အသည်း ကနေ မြင်လွှာဆီကို ပို့ဆောင် ပေးတဲ့ ကဏ္ဍမှာ ပါဝင် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရတွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာ ငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေး သင့်ပါတယ်။

ကောင်းမွန်တဲ့ အာဟာရ ဓာတ်တွေဟာ အသက်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ မျက်စိကျန်းမာရေး သုတေသနတွေအရ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သိရှိခဲ့ပြီးပါပြီ။ ဒါကြောင့် မျက်စိကျန်းမာရေးကို အလေးထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Myawady  News
လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်

boomber-july17    boomber2-july17
အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးဖောက်ခွဲ

အစိုးရနှင့် ‘ဝ’ တပ်တို့ နှစ်ဘက်တပ်များ ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရ တို့ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေ အနေ တည်ငြိမ်လျက် ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။

ကျပ်သိန်း ၁၄၀ဝ ကျော်ရှိ မူးယစ်ဆေးနှင့် အတူ စိန်ပြောင်း၊ လက်ပစ်ဗုံးတို့ ပါဝင်သည့် လက်နက် အမြောက်အမြား သိမ်းဆည်းရမိ

ကျပ်သိန်း ၁,၄၀ဝ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး များ တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်၍ အခြားအိမ်တစ်လုံးသို့ ဇူလိုင် ၁၄ ရက်က ဝင်ရောက်ရှာဖွေရာတွင် သေနတ်၊ လက်ပစ်ဗုံး၊ စိန်ပြောင်း အပါအဝင် လက်နက်သုံးလက်တို့ကို ရှာဖွေတွေ့ရှိရသည်ဟု တောင်ကြီးရဲစခန်းက သတင်း ထုတ်ပြန်သည်။

မိမိ ကိုယ်တိုင်ရော လက်အောက်ရှိ တပ်ဖွဲ့ဝင် များကိုပါ ကျန်းမာရေးနှင့် လျော်ညီအောင် စားသောက် နေထိုင်ရေး ကြပ်မတ် ထိန်းသိမ်းပေး

နေပြည်တော် ဇူလိုင် ၁၆
တပ်မတော်သည် စည်းကမ်းကို အခြေခံ ထား၍ စည်းကမ်းရှိသော တပ်မတော်ဖြစ်ရန် အတွက် အရာရှိ၊
စစ်သည်များ အားလုံး စည်းကမ်း အရာတွင် စံနမူနာပြဖြစ်အောင် နေထိုင်လုပ်ကိုင် သွားကြရန်

မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေရာ တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်

သမ္မတ အနေဖြင့် နှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ပြောကြားမှုကို တည်ကြည်စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ နှစ်မကုန်မီ လွှတ်ပေးမည်ဟု ပြောကြားမှုကို ကြိုဆိုကြောင်းနှင့် သမ္မတအနေဖြင့် ၎င်း၏ပြောကြားမှုကို တည်ကြည် စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ပြော ကြားသည်။    

ဗဟိုအုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူအကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု နိုင်ငံတော်သမ္မတ ပြောကြား

ဗဟိုအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူ အကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ

တပ်ကသိမ်းထားသည့် လယ်မြေများထဲမှ ဧက ၁၈၃၆၀ ကျော် မူလပိုင်ရှင်ထံ ပြန်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

military-july17
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ နယ်မြေအတွင်းရှိ တပ်သိမ်းလယ်မြေများအား အရှေ့တောင်တိုင်း စစ်ဌာန ချုပ် စခန်းရုံးမှ တာဝန်ရှိသူအချို့ စစ်ဆေးရန် ဇူလိုင် ၃ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ-မောင်မောင်ရွှေမြိုင်)
တပ်မတော်က သိမ်းယူထားခဲ့သည့် လယ်ယာမြေများထဲမှ ပြန်လည်ပေးအပ်၍ရသည့် လယ်ယာမြေ

ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ရန်ကင်းကလေး ဆေးရုံကြီး၌ စတင်ခွဲစိတ်

4legsbaby-july17
ဇူလိုင် ၁၆ ရက်က ရန်ကင်းကလေး ဆေးရုံကြီးတွင် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက်လေးချောင်းပါ သုံးလခွဲအရွယ် ကလေး

Tuesday, 16 July 2013

မီးကြွင်း မီးကျန်မှ စ၍ မီးလောင်မှုဖြစ်

Photo: မီးကြွင်းမီးကျန်မှ စ၍မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၆

၁၅.၇.၂၀၁၃ ရက်နေ့ ၁၄၀၅ အချိန် ရွှေပြည်သာမြို့နယ်၊
(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းသွယ်ရှိ ဒေါ်လှရွှေ (၅၅)နှစ်၊ (ဘ)ဦးကျင်စိန်၏ ကျူးကျော်တဲနေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးဖိုအားကာရံထားသောထရံမှတဆင့် နေအိမ်ခေါင်မိုးအား ကူးစက်လောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်
ခဲ့၍ ၁၄၁၀ အချိန်မီးငြိမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၀၀၀)ခန့်
ဆုံးရှုံးခဲ့သဖြင့် မီးပေါဆစွာသုံးစွဲသူ ဒေါ်လှရွှေအပေါ်
ရွှေပြည်သာမြို့မရဲစခန်း(ပ) ၅၁၄/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
၁၅.၇.၂၀၁၃ ရက်နေ့ ၁၄၀၅ အချိန် ရွှေပြည်သာမြို့နယ်၊ (၁၈) ရပ်ကွက်၊ ဆိပ်ကမ်းသာ လမ်းသွယ် ရှိ ဒေါ် လှရွှေ (၅၅)နှစ်၊ (ဘ)ဦးကျင်စိန်၏ ကျူးကျော်တဲနေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးဖိုအား ကာရံ

မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

Photo: မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

ဇူလိုင်လ ၁၆ ရက် ၂၀၁၃

မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူမှာ KIA အဖွဲ့ ရင်း(၁၉)မှ တပ်သားအဆင့်ရှိသူဖြစ်ပြီး မိုးညှင်းမြို့နယ် ကာဒူ ကျေးရွာ၌ မိဘများနှင့်အတူနေထိုင်သော အသက်(၂၀)နှစ်အရွယ် ဗမာလူမျိုးဖြစ်ကြောင်း ၎င်းသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ၀ိုင်းမော်မြို့နယ် သံဝိုင်ရွှေမှော်သို့ သွားရောက်၍ ရွှေကျင် ကျင်းသားအဖြစ် အလုပ်လုပ်ကိုင်နေစဉ် KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ၎င်းအပါအ၀င် ကျင်းသား(၅၀)ဦးခန့်အား လက်ပြန် ကြိုးတုတ်ပြီး မျက်နှာတွင် အ၀တ်များစီး၍ တပ်ရင်း(၃၀)သို့ ပို့ဆောင်ခဲ့ရာ လမ်း၌ တစ်လခန့်ကြာမြင့်ခဲ့ကြောင်း၊ တပ်ရင်း(၃၀)တွင် သင်တန်းသားအင်အား(၁၀၀)ဦးဖြင့် ၂ လကြာအောင် သင်တန်းတက်ရောက်ခဲ့ရပြီး၊ သင်တန်းဆင်းပြီးသောအခါ တပ်ရင်း(၁၉)သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတပ်ရင်းတွင်(၁၀)ရက်ခန့်နေထိုင်ခဲ့ပြီး KIA မုန်ဆန်ယန်သင်တန်းကျောင်းတွင် ဆေးသင်တန်း ၆ လ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း၊ သင်တန်း တက်နေစဉ် ၅ လခန့် အကြာ ဇွန် ၂၇ ရက်တွင် ၎င်းနှင့်အတူ သင်တန်းသား(၄)ဦး ထွက်ပြေးခဲ့ရာ (၂)ဦးစီ လမ်းကွဲသွားခဲ့ကြောင်း၊ ၎င်းနှင့်ရ၀မ်လူမျိုးလူငယ်တို့သည် မြစ်ကြီးနား-ဗန်မော် ကားလမ်းအားဖြတ်၍ တာလော ကြီးကျေးရွာအနီး ၀ိုင်းမော်မြို့မှတစ်ဆင့် ကာဒူကျေးရွာရှိ၎င်း၏ မိဘများနေအိမ်သို့ ရောက်ရှိခဲ့ပြီး ရ၀မ်လူငယ် ကတော့ မြစ်ကြီးနားမြို့တွင် ကျန်ခဲ့ပြီး ပူတာအိုမြို့ဇာတိဖြစ်ကြောင်း၊ မိဘများနေအိမ်မှတစ်ဆင့် မိုးညှင်းမြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးတစ်ရုံးသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်ကို ဌာနဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်မှုကြောင့် တပ်ဖွဲ့ဝင်ဖြစ်နေကြသော ဒေသခံတိုင်းရင်းသားများသည် အစိုးရဌာနဆိုင်ရာရုံးများသို့ အလင်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ် ပေါ်လျက် ရှိရာ ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလင်းဝင် KIA တပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်း(၆)ဦးရှိပြီဖြစ်ကြောင်း ၎င်း ဌာနရုံးအသီးသီးမှ သိရှိရပါသည်။

ခွန်နော်

Kachin Daily News
မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင် တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရ သည်။

Harley Davidson က ထုတ်မယ့် Dual Sport ဆိုင်ကယ်

Photo: Harley Davidson ကထုတ်မယ့် Dual Sport ဆိုင်ကယ်

==============================

တည်ထောင်သူ William S. Harley နှင့်Arthur Davidson တို့ကိုအစွဲပြုပြီး
ပေါ်ပေါက်လာတဲ့ အဆိုပါ မော်တော်ဆိုင်ကယ် ကုမ္ပဏီဟာဆိုရင် လွန်ခဲ့တဲ့
နှစ်ပေါင်း ၁၁၀ ကတည်းကတည်ရှိနေတာပါ။

စတင်ထုတ်လုပ်တဲ့ နှစ်ကစလို့ယခုချိန်ထိ မော်လ်ဒယ်မြင့် မကွဲပြားတဲ့ဒီဇိုင်း
နဲ့ ယနေ့အချိန်ထိထုတ်လုပ်လာခဲ့တာ ၁၉၀၃ ခုနှစ်ကတည်းကပါပဲ။
မြန်မာအခေါ် လမ်းသရဲ ဆိုင်ကယ်ဒီဇိုင်းသာမြင်တွေ့ခဲ့ရပေမယ့် ယခုမှာတော့
ပြိုင်ပွဲဝင် ဆိုင်ကယ်ဒီဇိုင်း Harley-Davidson SC3 Adventure Dual Sport 
လို့ခေါ်တဲ့ ဆိုင်ကယ်ကို မကြာခင်ထုတ်လုပ်တော့မှာပါ။

ဒီဇိုင်းပညာရှင် Jim Carducci ရဲ့ မတူကွဲပြားတဲ့ဒီဇိုင်းနဲ့ မကြာခင်မြင်တွေ့ဖို့
ရှိတဲ့ Harley-Davidson SC3 Adventure Dual Sport ကိုယခုလိုပဲသားနား
စွာမြင်တွေ့ရမှာပါ။

Ref:techblog
Khun Nay(August Myanmar Media Group)
By: Guide Magazine
တည်ထောင်သူ William S. Harley နှင့် Arthur Davidson တို့ကိုအစွဲပြုပြီး ပေါ်ပေါက်လာတဲ့ အဆိုပါ မော်တော်ဆိုင်ကယ် ကုမ္ပဏီ ဟာ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀ ကတည်းကတည်ရှိနေတာပါ။