Wednesday 17 July 2013

ဗဟိုအုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူအကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု နိုင်ငံတော်သမ္မတ ပြောကြား

ဗဟိုအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူ အကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ဇူလိုင် ၁၅ ရက်က Chatham House ၌ ကျင်းပခဲ့သည့် "မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှု နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်များ" စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ဗဟိုအုပ်ချုပ်ရေး စနစ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ၊ ဗဟိုချုပ် ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆီ ကူးပြောင်းနေတဲ့ တစ်ပြိုင်နက် တည်းမှာပဲ မတူညီတဲ့ သဘောသဘာဝရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၂ ခုကို တည်ဆောက်နေရသလို ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့တဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ဆက်ဆံရေး ပုံစံသစ် တစ်ခုကို ပြန်လည်တည်ဆောက် နေရပါတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် ခက်ခဲသည့် ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အထီးကျန်ဆန် နေခဲ့ရသည့် အခြေအနေများ၊ အရေးယူ ပိတ်ဆို့မှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ဆက်ဆံမှု အားနည်းခဲ့ ရသော ပြည်သူများအကြားတွင် အားနည်းမှုများ ရှိနေသည့် အင်စတီကျူးရှင်းများ၊ ခေတ်စနစ် များနှင့် အံဝင်ခွင်ကျ မဖြစ်တော့သည့် အင်စတီကျူးရှင်းများနှင့် ဆောင်ရွက်နေရသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် ခက်ခဲသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အထီးကျန်ဆန် နေခဲ့ရသည့် အခြေအနေများ၊ အရေးယူ ပိတ်ဆို့မှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ဆက်ဆံမှု အားနည်းခဲ့ရသော ပြည်သူများအကြားတွင် အားနည်းမှုများ ရှိနေသည့် အင်စတီကျူးရှင်းများ . . . . .
"ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဟာ အသစ်တည်ဆောက်ရတာ မဟုတ်ဘဲ ရှိရင်းစွဲ အခြေ အနေများကနေ ပြုပြင်ပြောင်းလဲ ယူရတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရတဲ့ အခြေ အနေတွေကနေ ပေါ်ပေါက်လာတဲ့ စဉ်းစားတွေးခေါ်မှု ပုံစံတွေကို ပြောင်းလဲဖို့ ကြိုးပမ်းဆောင် ရွက် နေ ရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခင်းအကျင်းသစ်တွေကို ဦးတည်ချီတက်နေရသလို အရှိန် မသေသေး တဲ့ စနစ်ဟောင်းရဲ့ အမူအကျင့်များကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်" ဟု နိုင်ငံတော် သမ္မတ က ဆွေးနွေးပွဲတွင် ပြောကြားသည်။
အစိုးရအဖွဲ့ အနေဖြင့် ထိုသို့ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေခြင်းသည် မျိုးဆက်သစ် လူငယ်များ အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်၊ ပိုမိုကောင်းမွန်ပြည့်စုံသည့် ဘ၀တစ်ခု ဖန်တီးပေးနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် အခြေခံကောင်းများ ဖန်တီးပေးနေခြင်းလည်း ဖြစ်သည်ဟု ပြောကြားသည်။

From....EMG

No comments:

Post a Comment