Wednesday 17 July 2013

သြစတြေး လျနှင့် အမေရိ ကန် အကြီး စား ပူးတွဲ စစ်ရေး လေ့ ကျင့်ခန်း ပြုလုပ် မည်

Photo: သြစတြေး လျနှင့် အမေရိ ကန် အကြီး စား ပူးတွဲ စစ်ရေး လေ့ ကျင့်ခန်း ပြုလုပ် မည်
Wednesday, July 17, 2013

သြစတြေးလျနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကျ ဖြစ်သော Talisman Saber အမည်ရှိ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြစတြေးလျနိုင်ငံကွင်းစ်လန်းပြည်နယ် ရော့ခ် ဟမ်တန်မြို့အနီး Shoalwater ပင်လယ်အော်တွင် လာမည့်ရက်သတ္တပတ် သုံးပတ် အကြာ၌ ပြုလုပ်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံလုံးမှ တပ်ဖွဲ့ဝင် ၂၈,ဝဝဝ ကျော် ပါဝင် လေ့ကျင့် သွား မည် ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်မည့် Townsville မြို့မှ သြစတြေးလျ တပ်ဖွဲ့ဝင်များသည် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည့် Shoalwater ပင်လယ်အော်သို့ စတင် ရောက် ရှိနေပြီ ဖြစ်ကြောင်း သြစတြေးလျ စစ်ဘက်မှ ဗိုလ်မှူးချုပ် ဘော့ဘရောင်းက ပြောကြားသည်။ အမေရိ ကန် တပ်ဖွဲ့ဝင်များသည်လည်း ယခု ရက်သတ္တပတ် အကုန်တွင် အမေရိကန်နိုင်ငံမှ အလက် စကား ပြည်နယ်သို့ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းဖြင့် အဆိုပါပင်လယ်အော်သို့ လေထီးခုန်ဆင်း မှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းလေထီး ခုန်ဆင်းမှု အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
မြ၀တီ

No comments:

Post a Comment