Wednesday 17 July 2013

ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား

Photo: ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား
Wednesday, July 17, 2013

ရာမန်ဒန် ဥပုသ်ကာလ အတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ရပ်တွင် ဆာဒါအိုခရိုင်ပါဝင်သည်ဟု မလေးရှား
နိုင်ငံက ထုတ်ပြန်သော သတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာက ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထိုင်းနိုင်ငံ ဆောင်ခလာ ပြည်နယ်ရှိ ခရိုင်ငါးခုဖြစ်သော သာနာသာဝီ၊ ဆာဒါအို၊ ချာနာ၊ သီဖာနှင့် ဆာဘာယိုင် ခရိုင်များ၊ နာရာသီဝပ် ပြည်နယ်၊ ပတ္တနီပြည်နယ် တို့တွင် ရာမန်ဒန် ဥပုသ်ကာလ အပါအဝင် ရက်ပေါင်း ၄ဝ အကြာ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ပြုလုပ်ထားကြောင်း မလေးရှား နိုင်ငံက ဇူလိုင်၁၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း အပေါ် တုံ့ပြန် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အနေဖြင့် အဆိုပါ အပစ်အခတ် ရက်ဆဲရေးတွင် ဆာဒါအိုခရိုင် မပါဝင်ကြောင်း မလေးရှား အစိုးရကို အသိပေး အကြောင်းကြား သွားမည်ဟု ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထပ်လောင်း ပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင် အဖွဲ့နှင့် BRN သူပုန်အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး မလေးရှား နိုင်ငံက အကျိုးဆောင် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ
ရာမန်ဒန် ဥပုသ်ကာလအတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ်တွင် ဆာဒါအိုခရိုင် ပါဝင် သည်ဟု မလေးရှားနိုင်ငံက ထုတ်ပြန်သောသတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။

ထိုင်းနိုင်ငံ ဆောင်ခလာ ပြည်နယ်ရှိ ခရိုင်ငါးခုဖြစ်သော သာနာသာဝီ၊ ဆာဒါအို၊ ချာနာ၊ သီဖာနှင့် ဆာဘာ ယိုင် ခရိုင်များ၊ နာရာသီဝပ် ပြည်နယ်၊ ပတ္တနီပြည်နယ် တို့တွင် ရာမန်ဒန် ဥပုသ်ကာလ အပါအဝင် ရက်ပေါင်း ၄ဝ အကြာ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ပြုလုပ်ထားကြောင်း မလေးရှား နိုင်ငံက ဇူလိုင်၁၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း အပေါ် တုံ့ပြန် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနေဖြင့် အဆိုပါ အပစ်အခတ် ရက် ဆဲရေးတွင် ဆာဒါအိုခရိုင် မပါဝင်ကြောင်း မလေးရှားအစိုးရကို အသိပေးအကြောင်းကြား သွားမည်ဟု ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထပ်လောင်းပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင် အဖွဲ့နှင့် BRN သူပုန် အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး မလေးရှား နိုင်ငံက အကျိုးဆောင် ပေးခဲ့ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment