Wednesday 17 July 2013

ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်

Photo: ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်
Wednesday, July 17, 2013

၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေး ပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

တရားခံ မဥမ္မာအားအခြားကျူးလွန်ခဲ့မှုများဖော်ထုတ်စစ်ဆေးခဲ့ရာ ၉.၆.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ခန့်တွင် ကမာရွတ်မြို့နယ် Junction Square ကုန်တိုက်အတွင်း GIORDANO ဆိုင်တွင်ဈေး ၀ယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ ငွေကျပ် ၅ သိန်းအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင်မြို့နယ်နေ မသိင်္ဂီနိုင်၏အစ်ကိုဖြစ်သူ ဦးသက်နိုင်မှ တရား လိုပြုလုပ် တိုင်ကြား ထားသည့် ကမာရွတ်မြို့မရဲစခန်း (ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအား လည်းကောင်း၊ အဆိုပါ နေ့ ၁၂၀၀ အချိန်ခန့်တွင် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ယုဇနပလာဇာပထမထပ်ရှိ အထည်ဆိုင်တွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ ငွေ ၁၀ သိန်းအား မကျင်စန်း၊ မကျင်ခိုင်၊ မခင်သက်မာတို့နှင့်အတူ ပူးပေါင်း၍နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကျောက်တံတားမြို့နယ်နေ မချိုနွယ်သန်းမှ တိုင်ကြားထားရှိသည့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၁၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအားလည်းကောင်း ဖော်ထုတ်နိုင်ခဲ့ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
 ၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။
တရားခံ မဥမ္မာအားအခြားကျူးလွန်ခဲ့မှုများဖော်ထုတ်စစ်ဆေးခဲ့ရာ ၉.၆.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ခန့်တွင် ကမာရွတ်မြို့နယ် Junction Square ကုန်တိုက်အတွင်း GIORDANO ဆိုင်တွင်ဈေး ၀ယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ ငွေကျပ် ၅ သိန်းအားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင်မြို့နယ်နေမသိင်္ဂီနိုင်၏အစ်ကိုဖြစ်သူ ဦးသက်နိုင်မှ တရား လိုပြုလုပ် တိုင်ကြားထားသည့် ကမာရွတ်မြို့မရဲစခန်း (ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအား လည်းကောင်း၊ အဆိုပါ နေ့ ၁၂၀၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာပထမထပ်ရှိ အထည်ဆိုင်တွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ ငွေ ၁၀ သိန်းအား မကျင်စန်း၊ မကျင်ခိုင်၊ မခင်သက်မာတို့နှင့်အတူ ပူးပေါင်း၍နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကျောက်တံတားမြို့နယ်နေ မချိုနွယ်သန်းမှ တိုင်ကြားထားရှိသည့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၁၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအားလည်းကောင်း ဖော်ထုတ်နိုင်ခဲ့ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police

No comments:

Post a Comment