Wednesday 17 July 2013

မိမိ ကိုယ်တိုင်ရော လက်အောက်ရှိ တပ်ဖွဲ့ဝင် များကိုပါ ကျန်းမာရေးနှင့် လျော်ညီအောင် စားသောက် နေထိုင်ရေး ကြပ်မတ် ထိန်းသိမ်းပေး

နေပြည်တော် ဇူလိုင် ၁၆
တပ်မတော်သည် စည်းကမ်းကို အခြေခံ ထား၍ စည်းကမ်းရှိသော တပ်မတော်ဖြစ်ရန် အတွက် အရာရှိ၊
စစ်သည်များ အားလုံး စည်းကမ်း အရာတွင် စံနမူနာပြဖြစ်အောင် နေထိုင်လုပ်ကိုင် သွားကြရန် လိုကြောင်း၊ စစ်ခေါင်းဆောင် ပီပီသသ ဖြင့် စည်းကမ်း လိုက်နာပြီး မိမိ ကိုယ်ကို ထိန်းသိမ်း သွားကြရန် လိုကြောင်း၊ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ချက် နှင့်အညီ ပြုမူ နေထိုင်ပြီး မိမိကိုယ်ကို တိုးတက်အောင် ဆောင်ရွက် မည်ဆိုသော စိတ်အမြဲေ မွးမြူထားရှိရန် လိုကြောင်း၊ ကျန်းမာကြံ့ခိုင် သန်စွမ်းမှုရှိမှသာ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်မည်ဖြစ်၍ မိမိကိုယ် တိုင်ရော လက်အောက်ရှိ တပ်ဖွဲ့ဝင်များကိုပါ ကျန်းမာရေးနှင့် လျော်ညီ အောင် စားသောက် နေထိုင်ရေးကြပ်မတ် ထိန်းသိမ်း ပေးသွားရန် လိုကြောင်း၊
အရာရှိများသည် လေ့ကျင့်ရေးမှူး ကောင်းများ လည်းဖြစ်၍ တပ်ဖွဲ့ဝင်များကိုလည်း အဆင့်လိုက် တတ်မြောက်အောင် သင်ကြား ပေးသွားရန်နှင့် မိမိအနီး ကပ် ကြပ်မတ် ကွပ်ကဲရသော တပ်ဖွဲ့ဝင်များ၏ စားသောက် နေထိုင်ရေး၊ ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာ ရည် မြင့်မားရေးတို့ကို အထူး အလေးထား ကြပ်မတ် ဆောင်ရွက်ပေး သွားစေလိုကြောင်း၊ တပ်မ တော် အက်ဥပဒေနှင့် နိုင်ငံတော်မှ ထုတ်ပြန် ထားသော ဥပဒေများကို သိရှိအောင် လေ့လာ သွားကြရန် လိုကြောင်း၊
စည်းကမ်းသည် လိုက်နာ ဆောင်ရွက် နိုင်ရန်အတွက် သတ်မှတ် ပေးထားခြင်းဖြစ်ပြီး ဥပဒေသည် တားမြစ်ချက်ကို ဖောက်ဖျက်ပါက အရေးယူနိုင်ရန် အတွက် သတ်မှတ် ပေးထားခြင်းဖြစ်၍  စစ် စည်းကမ်း၊ စစ်မြေပြင် စည်းကမ်းနှင့် ဥပဒေအရ သတ်မှတ်ထားသော စည်းကမ်းများအား တိကျစွာလိုက်နာ စောင့်ထိန်းသွားကြရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၆ ရက်တွင် ဗထူးတပ်နယ်ရှိ သင်တန်းသား အရာရှိ၊ စစ်သည်များအားတွေ့ဆုံစဉ် အကျယ်တဝင့် အလေး အနက်ထား ရှင်းလင်းပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ် ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် စစ်ဦးစီးတက္ကသိုလ် သုံးထပ် စာသင်ဆောင်သို့ ရောက်ရှိပြီး ဧည့်ခန်းမတွင် သင်္ဘော ၊ လေယာဉ်ပုံစံငယ်များ ခင်းကျင်းပြသ ထားရှိမှု၊ Server Room ဆောင်ရွက် ထားရှိ မှု၊ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုနှင့် မြေပုံ ခန်းအတွင်း ခင်းကျင်းပြသ ထားမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးလေ့လာရာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့သို့ ရောက်ရှိပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းရှိ ရာထူးခန့်ထားရေး ခန်းမဆောင်တွင် ဗထူးတပ်နယ်မှ သင်တန်းသားအရာရှိ၊ စစ်သည် များနှင့် တွေ့ဆုံသြ၀ါဒ စကားပြောကြားရာ ရှေးဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးမှ စစ်ရေး ပိုင်းဆိုင်ရာများအား ရှင်းလင်း ပြော ကြား သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဝါဒစကား ပြော ကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန် ရှိသူတစ်ဦးမှ လက်ခံရယူသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်း အနားသို့ တက်ရောက် လာကြသော သင်တန်းသားအရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်နယ် တပ်မတော် ဆေးရုံသို့ ရောက်ရှိကြပြီး အထူးကြပ်မတ် ကုသဆောင်၊ ခွဲစိတ် ကုသဆောင်နှင့် ဖျားနာဆောင်တို့တွင် ဆေးရုံတက်ရောက် ကုသ လျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက် အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် လက်ဆောင် ပစ္စည်းများပေးအပ်သည်။
အလားတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် အမျိုးသမီး ကုသဆောင်တွင် ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများအား တွေ့ဆုံ နှုတ်ဆက်အားပေး စကား ပြောကြား၍ စားသောက်ဖွယ်ရာ များနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် (ကြည်း) တိုက်ခိုက် ရေးကျောင်း (ဗထူး)ရှိ တပ်ရင်းမှူး သင်တန်းသား စားရိပ်သာတွင် သင်တန်းသား အရာရှိများ နှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်သည်။
အလားတူ အဖွဲ့ဝင်အဖြစ် လိုက်ပါ လာသော ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေနှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့် တို့သည် တပ်စုမှူး သင်တန်းသား များနှင့် လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်သည် တပ်ခွဲမှူး သင်တန်းသားများနှင့် လည်းကောင်း နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းဌာနချုပ် ရုံးသို့ ရောက်ရှိကြပြီး အစည်းဝေး ခန်းမ၌ တာဝန်ရှိသူ တစ်ဦးက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်အား ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) ဗိုလ်သင် တန်းကျောင်းအတွင်းရှိ ဗိုလ်လောင်း စာသင်ခန်းမ၊ စားရိပ်သာတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဗိုလ်သင်တန်းကျောင်း သမိုင်း ပြတိုက်အတွင်း လှည့်လည်ကြည့်ရှု လေ့လာပြီး တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသမှုအပေါ် လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment