Wednesday 17 July 2013

မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေရာ တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်
သာစွာ ဖြေရှင်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဗြိတိန်နိုင်ငံ သို့ ရောက်ရှိ စဉ် ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။    
ဗြိတိန်နိုင်ငံရှိ CHATH- AM House  ၌ ဇူလိုင် ၁၅ ရက်က ကျင်းပသော "မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုနှင့် နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သော စကားဝိုင်း မိန့်ခွန်း အတွင်း ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများဟာ အလွန်အမင်း ကြီးမားပါတယ်။ ဥပမာ ပြောရရင် မြေယာပိုင်ဆိုင်မှု ကိစ္စရပ်တွေဟာ အလွန်အမင်း ရှုပ်ထွေးပြီး တရား ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာပြည်သူများ၏ ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ချက် တစ်ခု အနေနှင့် တရားမျှတ ပွင့်လင်းမြင်သာပြီး လွယ်ကူရှင်းလင်းသော မြေယာပိုင်ဆိုင်ခြင်း မူဝါဒများကို ချမှတ်ဆောင်ရွက် သွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
ယခုလပိုင်းများအတွင်း မြေယာပိုင်ဆိုင်မှု၊ လယ်ယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှု များနှင့် ထွန်းတုံးတိုက်ပွဲ ပြုလုပ်မှု အများအပြား ရှိလာခဲ့ပြီး သက်ဆိုင်ရာက ဖြေရှင်းနိုင်မှု နည်းပါးလျက် ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့ပြကြီးတစ်ခုဖြစ်သည့် ရန်ကုန်မြို့ကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတား မဖြစ်စေဘဲ တွန်းအားတစ်ခုအဖြစ် ဆောင်ရွက် သွား မည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှု များနှင့် စိုပြည်ဖွံ့ဖြိုး တိုးတက်မှုများနှင့် မြို့ကြီးတစ်မြို့ဖြစ်အောင် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြော ကြားသည်။
မြန်မာနိုင်ငံတွင် စုစုပေါင်း လူဦးရေ သန်း ၆၀ အထက် ရှိနေပြီး ရာခိုင်နှုန်း ၂၀ ခန့်မှာ မြို့ပြ များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
 
From.....EMG

No comments:

Post a Comment