Wednesday 17 July 2013

ဆိုင်းနိုင်း ကျွန်းဆွယ် တွင် အီဂျစ် တပ်ဖွဲ့ များ ထပ်မံ တပ်ဖြန့် ချထား ရန် အစ္စရေး သဘော တူ

Photo: ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အီဂျစ်တပ်ဖွဲ့များ ထပ်မံ တပ်ဖြန့်ချထားရန် အစ္စရေး သဘောတူ
Wednesday, July 17, 2013

မကြာသေးမီရ က်များအတွင်းက ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ပိုမို ဖြစ်ပွား
လာသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တိုက်ဖျက်ရန် အီဂျစ်စစ်ဘက်က ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ခြေလျင်တပ်ရင်း နှစ်ရင်းထပ်မံ တပ်ဖြန့် ချထားရန် တောင်းဆိုမှုကို အစ္စရေးနိုင်ငံက သဘောတူညီခဲ့ကြောင်း ဇူလိုင် ၁၆ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ 

၎င်းခြေလျင် တပ်ရင်း နှစ်ရင်းအား ဆိုင်းနိုင်းကျွန်းဆွယ် အယ်လ်အာရစ်ရှ်နှင့် ရှာရမ်အယ်လ် ရှိတ်ခ်မြို့ တို့တွင် တပ်ဖြန့် ချထားသွားမည် ဖြစ်သည်။ အီဂျစ် အစ္စရေး ငြိမ်းချမ်းရေး သဘော တူညီချက်အရ ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အီဂျစ် တပ်ဖွဲ့ဝင်များကို အကန့်အသတ်ဖြင့်သာ ထားရှိခွင့်ရခဲ့ကြောင်း သိရသည်။ ဆိုင်းနိုင်း ကျွန်းဆွယ်မြောက်ပိုင်းတွင် ဇူလိုင် ၁၅ ရက်က ဘတ်စကားတစ်စီးကို အကြမ်းဖက် သမားများက ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အလုပ်သမား သုံးဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ တပ်ဖြန့်ချထားရန် အီဂျစ်နိုင်ငံက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

အီဂျစ် သမ္မတ မော်စီ ပြုတ်ကျပြီးနောက် အဆိုပါ ကျွန်းဆွယ်တွင် အကြမ်း
ဖက်မှုများ ပိုမိုဖြစ်ပွား လာသဖြင့် အီဂျစ်စစ်ဘက်၏ လှုပ်ရှားမှုများလည်း ပိုမိုမြင့်တက် လာခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားသည်။

မြ၀တီ
မကြာသေးမီရ က်များအတွင်းက ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ပိုမို ဖြစ်ပွားလာသည့် အကြမ်းဖက် တိုက် ခိုက်မှုများကို တိုက်ဖျက်ရန် အီဂျစ်စစ်ဘက်က ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ခြေလျင်တပ်ရင်း နှစ်ရင်းထပ်မံ တပ်ဖြန့်ချထားရန် တောင်းဆိုမှုကို အစ္စရေးနိုင်ငံက သဘောတူညီခဲ့ကြောင်း ဇူလိုင် ၁၆ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

၎င်းခြေလျင်တပ်ရင်း နှစ်ရင်းအား ဆိုင်းနိုင်းကျွန်းဆွယ် အယ်လ်အာရစ်ရှ်နှင့် ရှာရမ်အယ်လ် ရှိတ်ခ်မြို့ တို့တွင် တပ်ဖြန့်ချထားသွားမည် ဖြစ်သည်။ အီဂျစ်အစ္စရေးငြိမ်းချမ်းရေး သဘောတူညီချက်အရ ဆိုင်းနိုင်း ကျွန်းဆွယ်တွင် အီဂျစ်တပ်ဖွဲ့ဝင်များကို အကန့်အသတ်ဖြင့်သာ ထားရှိခွင့်ရခဲ့ကြောင်း သိရသည်။ ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် ဇူလိုင် ၁၅ ရက်က ဘတ်စကားတစ်စီးကို အကြမ်းဖက် သမားများ က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အလုပ်သမားသုံးဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ တပ်ဖြန့်ချထားရန် အီဂျစ်နိုင်ငံက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အီဂျစ်သမ္မတ မော်စီ ပြုတ်ကျပြီးနောက် အဆိုပါ ကျွန်းဆွယ်တွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာ သဖြင့် အီဂျစ်စစ်ဘက်၏ လှုပ်ရှားမှုများလည်း ပိုမိုမြင့်တက်လာခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများ က ပြောကြားသည်။
မြ၀တီ

No comments:

Post a Comment