Wednesday, 20 February 2013

တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံ ပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင် ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ယခု လတ်တလောမှာ သူနဲ့တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ဖြစ်နိုင်ကြောင်း သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။

စစ်ကျန် အမေရိကန်စစ်မှုထမ်း ရုပ်ကြွင်းရှာဖွေရေး စတင်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်း ဟိမ၀န္တာ တောင်တန်းတွေအနီး ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အမေရိကန်ပြည်ထောင်စုက စုံစမ်းနေပါတယ်။

ဟာဝိုင်အီ အခြေစိုက် JPAC  - Joint POW/MIA Accounting Command အမေရိကန် စစ်သုံ့ပန်းနဲ့ ပျောက်ဆုံး စစ်သည်တွေကို ပူးတွဲ ရှာဖွေ မှတ်တမ်း ပြုစုရေး ဌာနချုပ်ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရ တာဝန်ရှိသူတွေ၊ သမိုင်း သုတေသီတွေနဲ့ တွေ့ဆုံပြီး ဒီနှစ်ကုန်ပိုင်းမှာ ရှာဖွေရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ အပြီးသတ် ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူများအချင်းချင်း သဘောထား ကွဲလွဲနေ

ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်စဲဖို့၊ ငြိမ်းချမ်းရေး ရရှိစေဖို့ လမ်းလျှောက် ဆန္ဒပြတောင်းဆိုကြတဲ့ အဖွဲ့တွေဟာ အခု ဆိုရင်   မန္တလေးတိုင်းနဲ့    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   အသီးသီး 
ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ရန်ကုန်က ရန်နိုင်ထွန်း၊ ဇင်ကိုကို တို့ခေါင်းဆောင်ပြီး ထွက်လာတဲ့အဖွဲ့၊ မုံရွာက NLD လူငယ်တာဝန်ခံ ထွန်းလင်းအောင်တို့ ခေါင်းဆောင်ပြီး ထွက်လာတဲ့အဖွဲ့နဲ့ ပခုက္ကူက ဦးသုန္နရ ဦးစီးပြီးထွက်လာတဲ့ သံဃာတော်များ အဖွဲ့နဲ့ မြင်းခြံက ဗကပယူဂျီဟောင်း သန့်ဇင်ဦးဆောင်ပြီး ထွက်လာတဲ့အဖွဲ့တွေဟာ မူလကတော့ မန္တလေးမှာဆုံပြီး တစ်ပေါင်းတစ်စီးထဲ လိုင်ဇာအထိ လမ်းလျှောက်ချီတက်ပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ စီစဉ်တိုင်ပင်ထားကြတာ ပါ။

ကျွန်ုပ် ကိုဆိတ်ဖွား နှင့် ELEVEN MEDIA





ယမန်နေ့ညနေပိုင်းက ဖြစ်ပါသည် Voice Of Myanmar တွင်အက်ဒမင် အလုပ် ကူညီလုပ် ကိုင်ပေးနေေ သာ ကျွန်ုပ်၏ တူတော်မောင်လေးသည် မိုးရွာကြီးထဲတွင် ရေးကြီးသုတ်ပြာ ဆိုသလိုေ ရာက် လာပြီး...

" ဆရာရေ..ခုတစ်လော ပြည်တွင်းထုတ်မီဒီယာတွေမှာ အသံအတော်စွာလာတဲ့ မီဒီယာအုပ်စုကို ပြပါဆိုရင် ELEVEN MEDIA GROUP ကိုပြရတော့မှာပါပဲ.... ၊ အစိုးရဘက်ကနည်းနည်းလေး အားနည်းချက် မပေါ်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု အစိုးရ တရားဝင်ငြင်း



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ တရားဝင်မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်ကျော်ဝင်းက ပြောဆိုလိုက်သည်။

၂၀၁၄ ကမ္ဘာ့ဖလား Sky Net တွင် တိုက်ရိုက်ကြည့်ရမည်

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို မြန်မာပြည်တွင် တိုက်ရိုက် ထုတ်လွှင့်ပြသရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံမှ Sky Net ရုပ်သံလိုင်းတို့ သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

အညာဒေသများတွင် သောက်သုံးရေရှားပါးမှု ဆိုးရွားစွာ ကြုံတွေ့နေရ


ရန်ကုန်၊ ဖေဖော်ဝါရီ-၁၇

ပြီးခဲ့သည့်နှစ်က အလွန်အမင်းမိုးခေါင်ခဲ့သောကြောင့် ဧရာဝတီမြစ်ရေနည်းပါးကာ အညာဒေသများတွင် ယခုနှစ် သောက်သုံးရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဒေသခံများထံမှ သတင်းရရှိသည်။

Tuesday, 19 February 2013

လက်ပံတောင်းတောင် မီးဘေး ဒုက္ခသည် များကို ဝမ်ပေါင် ကုမ္မဏီ ငွေကြေး ထောက်ပံ



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး မိုးကြိုးပြင် မြောက်ရွာမှ မီးဘေး ဒုက္ခသည် များကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅သိန်းစီ မြန်မာဝမ်ပေါင် ကုမ္မဏီက ထောက်ပံ ခဲ့ကြောင်း ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဒု ဦးစီးမှူး နှင့် ဒေသခံ ရွာသား များက ပြောကြားသည်။

ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး  ဗိုလ်မှူးချုပ်အော်သော်သည်  ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ္ဋ်မှ မြန်မာ့တိုင်းမ် သို့ လွန်ခဲ့သည့် အပတ်က ပြောသည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအပေါ် လီမြောင်ဘတ် သတိပေး

lee

(သမ္မတလီမြောင်ဘတ်၏ မိန့်ခွန်းပြောကြားမှုကို ကြည့်ရှုနေသည့် တောင်ကိုရီးယားပြည်သူများ)
မြောက်ကိုရီးယား၏ လတ်တလော နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခြင်းမှာ ၎င်းတို့ဘာသာ ချောင်ပိတ်မိသွားစေမည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ရာထူးမှ စွန့်ခွာတော့မည့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် က သတိပေး ပြောကြား

ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် စင်ကာပူအစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာ ရှားရှားပါးပါး ကန့်ကွက်ဆန္ဒပြ

feb-18-2-3
    Speaker's Corner  တွင် ဆန္ဒပြမှုသို့ တက်ရောက်လာသူများကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်
အာဏာရပါတီ တစ်ခုတည်းက ဆယ်စုနှစ်များစွာ အုပ်စိုးလာခဲ့သော စင်ကာပူနိုင်ငံတွင် ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာ ပုံမှန်ဆိုလျင် ဖြစ်ပေါ်လေ့ မရှိပေ။ သို့သော် စင်ကာပူတွင် လူဦးရေတိုးတက်မှုနှုန်း ကျဆင်းနေမှုကို ဖြည့်ဆည်းရန်အတွက် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ပြည်ပမှ ရွှေ့ပြောင်းလာသူများကို တိုးမြှင့်လက်ခံမည့် အစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ရှားရှားပါးပါး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင် နိဂုံးချုပ်သွားမည်ဟုကချင်ဘင်လာဒင်အမည်ဖြင့်အသက်အန္တရာယ်ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။

တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်

တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ တစ်နေရာတည်း စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သဖြင့် အချက်အခြာကျသည့် မြို့များတွင် စီးပွားရေး စင်တာများ၊ စက်မှုဇုန်များ တည်ထောင်သွားရန် စီစဉ်နေ


စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ နေရာဒေသတစ်နေရာတည်းတွင် စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံအတွင်းရှိ အချက်အခြာကျသည့် မြို့များတွင် စီးပွားရေးတိုးတက်မှု ဌာနများ၊ စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် နေရာများကို သတ်မှတ်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။

အစိုးရစစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးတဲ့အပေါ် ကုလသမဂ္ဂ ကြိုဆို


မြန်မာနိုင်ငံ အစိုးရစစ်တပ်က ကလေးစစ်သား ၂၄ ယောက် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကလေးသူငယ်အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ဆိုင်းရေးအတွက် မြန်မာအစိုးရအနေနဲ့ မနှစ်က ကတိက၀တ် ပြုထားခဲ့တဲ့အတိုင်း ကလေးစစ်သား ပြန်လွှတ်ပေးတဲ့ကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Monday, 18 February 2013

နိုင်ငံရေး ဆွေးနွေးမှုများ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်



ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။

ကင်တာနား၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအားလွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ပြောကြားခဲ့ မှု့ကို ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်များဝေဖန်

ကင်တားနားကို ဘင်္ဂလီ လူမျိုးအချို့နှင့် အတူတွေ့ရပုံ

  တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့်  လွှတ်တော် ကိုယ်းစားလှယ်များမှ  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

ကချင် ဒုက္ခသည် များ အတွက် ဂီတ ပဒေသ ကပွဲ ကျင်းပမည်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မြန်မာ တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များကြောင့် သွားလာမှု ခက်ခဲသော ဒုက္ခသည် စခန်း များတွင် ခိုလှုံ နေရသည့် ဒုက္ခသည် များ အတွက် ဂီတ ပဒေသာ ကပွဲ ပြုလုပ်ပြီး ရရှိ လာသော ရန်ပုံငွေ များကို သွားရောက် ကူညီမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့၏ ဒေါ်ခွန်ဂျာက ပြောကြား သည်။

မြန်မာ လီဗာပူးလ် ပရိသတ်များ အဖွဲ့ Liverpool FC တရားဝင် အသိအမှတ်ပြု


မြန်မာနိုင်ငံမှ လီဗာပူးလ် ပရိသတ်များ စုဖွဲ့ထားသည့် အဖွဲ့အား Liverpool FC ၏ တရားဝင် အသိအမှတ် ပြုခြင်းခံရသည့် Official Liverpool Supporters Club (OLSC) အဖြစ် ရွေးချယ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး

2.18.1
                           ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲအခမ်းအနား ကျင်းပနေစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သက်သည်များကို ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲအမှတ်စဉ် (၂) တွင် တရားလွှတ်တော် ရှေ့နေများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။