Tuesday 19 February 2013

လက်ပံတောင်းတောင် မီးဘေး ဒုက္ခသည် များကို ဝမ်ပေါင် ကုမ္မဏီ ငွေကြေး ထောက်ပံ



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး မိုးကြိုးပြင် မြောက်ရွာမှ မီးဘေး ဒုက္ခသည် များကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅သိန်းစီ မြန်မာဝမ်ပေါင် ကုမ္မဏီက ထောက်ပံ ခဲ့ကြောင်း ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဒု ဦးစီးမှူး နှင့် ဒေသခံ ရွာသား များက ပြောကြားသည်။



မိနစ် ၄၀ခန့်လောင်ကျွမ်း ခဲ့သော မီးလောင်မှု တွင် အိမ်၈လုံး၊ နွားစာတဲ တစ်လုံးနှင့် မီးဖိုဆောင် တစ်ဆောင် ဆုံးရှုံး ခဲ့ရပြီး၊ နွားစာတဲ နှင့် မီးဖိုဆောင် ဆုံးရှုံးသူ နှစ်ဦး ကိုလည်း ငွေကျပ် တစ်သိန်းစီ ဝမ်ပေါင် ကုမ္မဏီက ထောက်ပံ ပေးအပ် ခဲ့ကြောင်း မီးဘေးသင့်သူ များအား ကူညီ စောင့်ရှောက် ပေးနေသူက ပြောကြားသည်။

"မီး စလောင်တဲ့ အချိန်မှာ ရွာက လူတွေ ဝိုင်းပြီး ငြိမ်းတာ မီးအားက ပြင်းတော့ မနိုင်ဘူး၊ ဝမ်ပေါင်က မီးသတ်ကား က ရွာနဲ့နီးတော့ အရင်ဆုံး ရောက်လာတယ်၊ နောက်မှ ဆားလင်းကြီး မီးသတ်ကား ရောက်လာတယ်၊ မီးသတ် ကားတွေ ရောက်လာ ပြီးမှ နိုင်တော့တာ" ဟု မိုးကြိုးပြင် မြောက်ရွာမှ ရွာခံ တစ်ဦးက ပြောကြားသည်။

မီးဘေးသင့် အိမ်ထောင်စု များကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ကျပ်တစ်သိန်း နှုန်းစီ ထောက်ပံ့ ပေးခဲ့ပြီး မုံရွာ မြို့ပေါ်မှ ပါတီများ၊ လူမှုရေး အသင်း အဖွဲ့များ၊ စေတနာရှင် များမှလည်း ဆန်အိတ်များ အဝတ်အထည် များနှင့် အသုံးအဆောင် ပစ္စည်း များအား လာရောက် လှူဒါန်း ကြကြောင်း မီးဘေးသင့် ဒုက္ခသည် တစ်ဦးက ဆိုသည်။

ကြေးနီ စီမံကိန်း အနီးရှိ မိုးကြိုးပြင် မြောက်ရွာတွင် ဖေဖော်ဝါရီလ ၁၅ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ် အချိန်က ဖြစ်ပွား ခဲ့သည့် အဆိုပါ မီးလောင်မှုတွင် အိမ်၈လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူပေါင်း ၄၃ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဆားလင်းကြီး မြိုနယ် မီးသတ် ဦးစီးဌာန ထံမှ သိရသည်။

ကိုသက် (မုံရွာ)

TheVoiceWeekly

No comments:

Post a Comment