Monday 18 February 2013

မြန်မာ လီဗာပူးလ် ပရိသတ်များ အဖွဲ့ Liverpool FC တရားဝင် အသိအမှတ်ပြု


မြန်မာနိုင်ငံမှ လီဗာပူးလ် ပရိသတ်များ စုဖွဲ့ထားသည့် အဖွဲ့အား Liverpool FC ၏ တရားဝင် အသိအမှတ် ပြုခြင်းခံရသည့် Official Liverpool Supporters Club (OLSC) အဖြစ် ရွေးချယ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

လီဗာပူးလ် အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်ဖြစ်သည့် www.liverpoolfc.tv က မြန်မာ လီဗာပူးလ် ပရိသတ်များ အဖွဲ့အား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့က တရားဝင် စာရင်းသွင်း ဖော်ပြခဲ့သည်။ ထိုကဲ့သို့ တရားဝင် သတ်မှတ်ခံရနိုင်ရန် အတွက် မြန်မာ လီဗာပူးလ် ပရိသတ်များ အနေဖြင့် အဆင့်ဆင့် ကြိုးပမ်း အားထုတ်ခဲ့ရကာ ခက်ခက်ခဲခဲ ရယူခဲ့ရခြင်း ဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် ဖြစ်သူ ကိုမင်းအောင်ကိုကပြောကြားခဲ့သည်။
"အခုလို တရားဝင် အသိအမှတ်ပြု ခံရတဲ့ OLSC တစ်ခု ဖြစ်လာဖို့ အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေက အများကြီးပါပဲ။ ကျွန်တော်တို့ ကြိုးပမ်းနေတာ ကြာပါပြီ။ အခုတော့ ကျွန်တော်တို့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါပြီ" ဟု ပြောကြားခဲ့သည်။ ၎င်းတို့ အဖွဲ့တွင် လီဗာပူးလ် အသင်း၏ တရားဝင် အဖွဲ့ဝင် (Official Member) ၄၀ခန့် ရှိနေပြီး ပိုမိုများပြားလာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။az

ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment