Wednesday 20 February 2013

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူများအချင်းချင်း သဘောထား ကွဲလွဲနေ

ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်စဲဖို့၊ ငြိမ်းချမ်းရေး ရရှိစေဖို့ လမ်းလျှောက် ဆန္ဒပြတောင်းဆိုကြတဲ့ အဖွဲ့တွေဟာ အခု ဆိုရင်   မန္တလေးတိုင်းနဲ့    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   အသီးသီး 
ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ရန်ကုန်က ရန်နိုင်ထွန်း၊ ဇင်ကိုကို တို့ခေါင်းဆောင်ပြီး ထွက်လာတဲ့အဖွဲ့၊ မုံရွာက NLD လူငယ်တာဝန်ခံ ထွန်းလင်းအောင်တို့ ခေါင်းဆောင်ပြီး ထွက်လာတဲ့အဖွဲ့နဲ့ ပခုက္ကူက ဦးသုန္နရ ဦးစီးပြီးထွက်လာတဲ့ သံဃာတော်များ အဖွဲ့နဲ့ မြင်းခြံက ဗကပယူဂျီဟောင်း သန့်ဇင်ဦးဆောင်ပြီး ထွက်လာတဲ့အဖွဲ့တွေဟာ မူလကတော့ မန္တလေးမှာဆုံပြီး တစ်ပေါင်းတစ်စီးထဲ လိုင်ဇာအထိ လမ်းလျှောက်ချီတက်ပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ စီစဉ်တိုင်ပင်ထားကြတာ ပါ။

ဒါပေမဲ့ မန္တလေးရောက်တော့ ရန်နိုင်ထွန်း ဦးစီးခေါင်းဆောင်လုပ်တဲ့အဖွဲ့နဲ့ မြင်းခြံက သန့်ဇင် ဦးစီးခေါင်းဆောင် လုပ်မဲ့အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲသွားပါတယ်။ ကွဲရတဲ့အကြောင်းအရင်းကတော့ တစ်ပေါင်း တစ်စည်းထဲသွားမယ်ဆိုရင် ရန်နိုင်ထွန်းတို့၊ ဇင်ကိုကိုတို့ ကလည်း ခေါင်းဆောင်လုပ်ပြီးသွားမယ်။ လိုင်ဇာရောက်ရင် တောင်းဆိုမဲ့အချက်တွေကို သူတို့ပြောခိုင်းတာပဲ ပြောရမယ်။ သူတို့ရဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပေးရမယ်။ နောက်ပြီး လမ်းတစ်လျှောက်က ရရှိတဲ့အလှူငွေတွေကို သူတို့ စီစဉ်သုံးစွဲချင်သလို သုံးစွဲ မယ်ဆိုတဲ့အချက်တွေကို ဗကပယူဂျီဟောင်း သန့်ဇင်တို့အဖွဲ့က လက်မခံနိုင်တဲ့ အတွက် နှစ်ခြမ်း ကွဲသွားရခြင်း ဖြစ်တယ်လို့သိရပါတယ်။ အဓိကအချက်ကတော့ လမ်း ကြောင်းတစ်လျှောက်ကရရှိမဲ့ အလှူငွေတွေ ခွဲဝေသုံးစွဲဖို့မှာ ညှိနှိုင်းမရတာကြောင့်လို့ သိရပါတယ်။

နေမျိုးဇင် ဦးဆောင်တဲ့အဖွဲ့ဝင် (၁၀) ဦးပါတဲ့ အဖွဲ့အစည်းဟာလည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မန္တလေးကနေ စပြီး ကားနှစ်စီးနဲ့ လိုင်ဇာအထိ အရောက်သွားပြီး ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ဖို့ ထွက်ခွါသွားပြီလို့ သိရှိရပါတယ်။ သူတို့ အဖွဲ့ကတော့ သန့်ဇင်တို့ သွားမဲ့လမ်းကြောင်းအတိုင်း ဧရာဝတီမြစ် အရှေ့ဖက်ခြမ်း လမ်းအတိုင်းသွားမယ်လို့ သိရပါတယ်။

သူတို့အဖွဲ့တွေ ကချင်ပြည်နယ်အတွင်း ဘယ်နေရာတွေကနေသွားပြီး ဘယ်မှာဆုံမယ်၊ ဘာတွေတောင်း ဆိုကြမယ်၊ ဘာတွေပြောဆိုကြမယ်၊  ကချင်ပြည်နယ်ကြီး    တကယ်ငြိမ်းချမ်းဖို့   လမ်းလျှောက်တာ လား၊ 
ပေါ်ပြူလာဖြစ်ချင်လို့  ဟန်ရေးပြ  လမ်းလျှောက်တာလား၊ လမ်းကြောင်း   တစ်လျှောက်    ကောက်ခံရရှိမဲ့
အလှူငွေတွေ ကြိုမြင်လို့လား ဆိုတာ တွေကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ရည်မှန်းချက် လိုင်ဇာကို မရောက်သေးဘဲ လမ်းကြောင်းမှာတင်   သဘောထားကွဲလွဲ မှုတွေ၊   ငွေရေးကြေးရေးပြဿနာ 
တွေ ဖြစ်နေတာကြောင့် အဲဒီအဖွဲ့တွေကို နိုင်ငံရေးအသိုင်း အ၀ိုင်းမှာ ဝေဖန်ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။ လမ်းတစ်လျှောက်မှာလည်း လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြမယ်လို့ လူထု ကို ပြောဆိုခဲ့သော်လည်း ဆိုင်ကယ်စီး၊ ကားစီးနေတဲ့ပုံတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ အတွက် အရှက်ရခဲ့ရပြီး လူထုက သူတို့အဖွဲ့တွေကို ယုံကြည်မှုတွေလျော့နည်းပြီး ပူးပေါင်းပါဝင်မှု မရှိခဲ့ကြတာလို့ သိရပါတယ်။ 

                                                                                                                         မင်းနိုင်

No comments:

Post a Comment