Friday, 9 November 2012

မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်


ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင် ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုးညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။

တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား



မြစ်ကြီးနား-မန္တလေး ပြေးဆွဲသောဆီသယ်ရထားသည်စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် ချက်ကြီးေ ကျးရွာ အနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ကို ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီးအမေရိကန်အပါအ၀င် နိုင်ငံ(၉)နိုင်ငံမှ သံရုံးများ က ပူးတွဲကြေညာချက်ထုတ်ပြန်





အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်


 
 ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေကြပါသည်။ KIO အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိ ကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေး ခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်းမရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ကင်ညာအမျိုးသမီး ဘရက်ခ် အိုဘာမားနှင့် မစ် ရွန်မနီ အမြွာပူလေး မွေးဖွား

ကင်ညာအမျိုးသမီး ဘရက်ခ် အိုဘာမားနှင့် မစ် ရွန်မနီ အမြွာပူလေး မွေးဖွား

ကင်ညာနိုင်ငံသူ အသက်၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဘရက်ခ်အိုဘာမားနှင့် မစ်ရွန်မနီ အမြွာနှစ်ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇) က မွေးဖွားပေးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတသစ်အား ဆန္ဒမဲပေး ရွေးချယ်ပွဲကျင်းပနေချိန်တွင် ကင်ညာနိုင်ငံတွင် ယင်းအမျိုးသမီးက သူ၏ အမြွာပူး ကလေးငယ်များ အား မွေးဖွားပေးခဲ့ရာ အမေရိကန် ရွေးကောက်ပွဲကို အမှတ်ရသောအားဖြင့် သူ၏ မွေးကင်းစ ကလေးနှစ်ဦးကို ဘရက်ခ် အိုဘာမားနှင့် မစ်ရွန်မနီ ဟူ၍ အမည်မှည့်ခဲ့ကြောင်း သိရပါတယ်။ 
---
Photo courtesy of Reuters.


ကင်ညာနိုင်ငံသူ အသက်၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဘရက်ခ်အိုဘာမားနှင့် မစ်ရွန်မနီ အမြွာနှစ် ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇) က မွေးဖွားပေးခဲ့ကြောင်း သိရပါတယ်။
 

ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အိုဘားမား၏ ခရီးစဉ်ကို အမေရိကန်အိမ်ဖြူတော် အတည်ပြု



အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် ယခုလ ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အိုဘားမား၏ အမေရိကန်အိမ်ဖြူတော် က နိုဝင် ဘာ လ ဂ ရက်က အတည်ပြုခဲ့သည်။

Thursday, 8 November 2012

ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်

http://www.myanmar.mmtimes.com/2010/timeout/464/myintzima.gif
တေးစု - ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၃)
တေးဂီတ - ပြဿနာ အုပ်စု

Band Line-up

Rhythm Guitar - ခင်မောင်တိုး
Bass Guitar - ရဲလွင်
Lead Guitar - မောင်မောင်ညွန့်
Drums - တွတ်တွတ်
Violin - စောယွန်းနန္ဒာ

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိဟုဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်၏ နိုင်ငံတကာ ရေးရာ ကဏ္ဍများ တွင် အဓိက အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲ မတိုင်မီ ကာလက တည်းက လက်ရှိရာထူးကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက် ရရှိခဲ့သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။

clinton

ကြွေလွင့်တော့မှာလား ကြိုကြာသံရေ .....


 
ပြည်သူချစ်သော အဆိုတော်ကိုခင်မောင်တိုးခေါ်ကိုတိုးကြီး၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေ သည်(သို့)ကွယ်လွန်သွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

ကားပေါ်မှ လူလေးဦးအား အုပ်စုဖွဲ့၍ အကြမ်းဖက်သူများအနက် နှစ်ဦးကို ဖမ်းမိ



ကမာရွတ်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် ညသန်းခေါင်အချိန်၌ မတ်ခ်တူး ယာဉ်တစ်စီးအား ရှေ့နောက် ယာဉ်နှစ်စီးပိတ်ရပ်၍ အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့သူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထားဝယ် စီမံကိန်း ဒေသခံ ၃၀၀၀၀ ကျော် ၂၀၁၃ ဇွန်လ မတိုင်ခင်ရွှေ့မည်


တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းရှိ ရွှေ့ပြောင်းရမည်ဖြစ်သော ရွာသား ၃၀၀၀၀ ကျော်ကို လာမည့်နှစ် ဇွန်လ မတိုင်ခင် စတင်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွားရေး ဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့(ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ က ပြော သည်။

အိုဘားမားအနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာ လာစေနိုင်


မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲကို တွန်းအားပေးခဲ့သည့် အမေရိကန်သမ္မတ ဘာရက် အို ဘားမား သည် သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင် မည်ဖြစ် ရာ မြန်မာနိုင်ငံရေးပြောင်းလဲမှု သည် ပိုမိုခိုင်မာပြီး နောက်ကြောင်း ပြန်လှည့်နိုင်မည့် အနေအထားဖြစ် လာ နိုင်ဖွယ်မရှိဟုသုံးသပ်သူများက ဆိုသည်။

နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း

နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း
Thursday, 08 November 2012 

နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၌   လက်နက်များသိမ်းဆည်း
အပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးသည့်နောက်   ဒေသန္တရလုပ် သေနတ်
( ၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက်  သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူုးရုံးမှ သိရသည်။

“အပ်နှံတာက နှစ်ဘက်လုံးပါ၊ မူဆလင်တွေလည်းပါသလို ဒေသခံ တွေ
လည်းပါတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အဝှမ်း(၃)ရက်အတွင်းဓား၊လှံ၊လက်နက်များအား အောက်တိုဘာ (၃၁)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် လက်နက် ဥပဒေ ပုဒ်မ-၄(ဃ)အရသေနတ် ၊ လှံစွပ် ၊ ဓားလွယ် ၊ ဂျင်ဂလိ ၊ ဓားမြှောင် ၊ လှံ ၊ လေး/မျှားတို့ကို နိုဝင်ဘာလ (၃)ရက်နေ့အတွင်း နီးစပ်ရာ ရဲစခန်း၊
လုံခြုံရေး အဖွဲ့များထံသို့ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟုသတင်းထုတ်ပြန်
ထားခဲ့သည့် နောက်ပိုင်းတွင်  ဒေသခံအချို့က အပ်နှံလာခြင်း ဖြစ်သည်။ 

“မင်းပြားမှာတော့  ရဲစခန်းအပ်လာတာတော့ မရှိဘူး တပ်က တစ်ဆင့်ဘဲ အပ်လာကြတာပါ၊အပ်တဲ့ အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက  သိမ်းဆည်းရမိ ၊အပ်နှံတဲ့ပစ္စည်းတွေကို ကျနော်တို့ဆီ လာအပ်တာပါ၊ ”ဟု မင်းပြားမြို့မှ ရဲအရာရှိတစ်ဦး က ပြောပြသည်။ 

အပ်နှံသိမ်းဆည်းရမိသည့်မြို့နယ်များမှာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများ
ဖြစ်သည့်  မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊  စစ်တွေ ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ ၊မြေပုံ မြို့နယ်တို့်မှ ဒေသလုပ် လက်နက်များ၊ဒုတ်၊ဓါး၊မြှားများ အပ်နှံရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ညွှန်ကြားချက် မထုတ်ပြန်မီ ဒေသလုပ်သေနတ်(၁၈၀) လက်၊
ဓါး(၃)ချောင်း၊ လှံ(၇) ချောင်း၊ လေး(၁)လက်၊ ဂျင်ကလိ(၂၁)ခု၊လေးခွ
(၃)ကို သိမ်းဆည်းရခဲ့ကြောင်းကိုလည်း သိရသည်။

Myit Makha Mediagroup


နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၌ လက်နက်များသိမ်းဆည်း အပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ပြီး သည့်နောက် ဒေသန္တရလုပ် သေနတ်( ၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်က လိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက် သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူုးရုံးမှ သိရ သည်။

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း အလွန်တွင် ရုရှား ရေငုပ် သင်္ဘော တစ်စင်း ရှာဖွေ တွေ့ရှိ

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း အလွန်တွင် ရုရှား ရေငုပ် သင်္ဘော တစ်စင်း ရှာဖွေ တွေ့ရှိ

အမေရိကန် ရေတပ်သည် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ မိုင် ၃ဝဝ အကွာရှိရေပြင် အတွင်း၌ Seirra-2 ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော
တစ်စင်းကို အောက်တိုဘာလ အတွင်းက ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အမေရိကန်
ရေတပ် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် တွင်
နိုဝင်ဘာ ၇ ရက်က ဖော်ပြ ခဲ့သည်။

သို့ရာတွင် အဆိုပါ ရေငုပ် သင်္ဘောသည် အမေရိကန် ရေပိုင်နက် အတွင်းသို့
ဝင်ရောက်ခြင်း၊ အမေရိကန် ရေတပ် သင်္ဘော များ နောက်သို့ လိုက်ပါ လာခဲ့ခြင်း
မရှိကြောင်း သိရသည်။ ၎င်းရေငုပ် သင်္ဘောသည် ဖလော်ရီဒါ ကမ်းလွန်တွင် အမေရိကန်
စစ်သင်္ဘော များ ရေကြောင်း ဆိုင်ရာ လေ့ကျင့် မှုများ ပြုလုပ် နေချိန် တွင်
ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူ များ၏ ပြောကြားချက် အရ
သိရသည်။

ရုရှား ရေငုပ် သင်္ဘောအား ယခုကဲ့သို့ တွေ့ရှိ ရခြင်းသည် ရုရှား အစိုးရက
၎င်းတို့၏ ပင်လယ် ရေနက်ပိုင်း ကင်းလှည့်ရေး အစီ အစဉ်ကို အကောင် အထည်ဖော်
လုပ်ဆောင် နေသည်ဟု ယူဆ ရဖွယ် ရှိကြောင်း အမေရိကန် ရေတပ်မှ တာဝန် ရှိသူ
များက ပြောကြား ခဲ့သည်။

Source - မြဝတီ
အမေရိကန် ရေတပ်သည် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ မိုင် ၃ဝဝ အကွာရှိရေပြင် အတွင်း၌ Seirra-2 ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော တစ်စင်းကို အောက်တိုဘာလ အတွင်းက ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အမေရိကန် ရေတပ် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် တွင်နိုဝင်ဘာ ၇ ရက်က ဖော်ပြ ခဲ့သည်။

လုပ်သားများ၏ဆန္ဒပြတောင်းဆိုမှု ဥပဒေအပြင်ရောက်၍ လိုက်လျောရန်မဖြစ်နိုင်ဟု ဦးကိုကိုထွေးဆို



တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမားများ၏ဆန္ဒပြတောင်းဆိုမှုများသည်ဥပဒေ အပြင် ရောက်   နေပြီဖြစ် ၍ လိုက်လျောရန်မဖြစ်နိုင်ကြောင်း တော်ဝင်မိသားစု ကုပ္မဏီ ဥက္ကဌ ဦးကိုကိုထွေး ကပြော သည်။

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီကြီး ၃ ခုအပြင် ထိပ်တန်းအာမခံကုမ္ပဏီကြီး များ မြန်မာ့အာမခံလုပ်ငန်းအတွင်း ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင် မြန်မာနိုင်ငံအနေဖြင့် အာမခံလုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံဝန်းကျင် အခွန်ရနိုင်ကြောင်း ခန့်မှန်း

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီကြီး ၃ ခုအပြင် နိုင်ငံတကာအာမခံလုပ်ငန်းတွင် ထိပ်တန်းရောက်ရှိနေသည့် အာမခံကုမ္ပဏီကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင် ရန် ပြင်ဆင်ေ နေ ကြာင်း Fox Business သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၇ ရက်နေ့က ဖော်ပြထားသည်။

“ခေါင်းဆောင်သစ်ထွက်ပေါ်လာမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်”



တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈)ကြိမ်မြောက် ကွန်ဂရက်အား ပေကျင်းမြို့ တီအန်မင် ရင်ပြင်ရှိ Great Hall တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံအား လာမည့်ဆယ်နှစ်တာ ကာလ အတွင်း ဦးဆောင်မှုပေးမည့် ခေါင်းဆောင်သစ်ခန့်အပ်မည့် ကွန်ဂရက်အား နိုဝင်ဘာ (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပသွားမည် ဖြစ်သည်။

လမ်းဖို့ရန်အတွက်မြေတူးစဉ် ဗုံးတစ်လုံးတွေ့ရှိ

၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် မနက်(၁၀)နာရီခန့်ကကြည့်မြင်တိုင်မြို့နယ်၊ပန်းလှိုင် မီးရထား ၀န်း၊ ကရင် အမျိုးသားရပ်ကွက်တွင် ကလေးငယ်တစ်ဦးမှ လမ်းပြင်ရန်အတွက် မြေတူး စဉ်ဗုံးတစ် လုံးတွေ့ရှိ ခဲ့ကြောင်း သ တင်းရရှိသည်။

သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား


သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား
Thursday, 08 November 2012

ရန်ကုန်မြို့တော်၏ စီးပွားရေး  အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ်အရပ်ရပ်မှရဟန်းရှင်လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား
များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေးကြီးဖြစ်သည်။သို့သော်လည်း   
သိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန်  လမ်းတစ်လျှောက်တွင် ဘီယာဆိုင်  များဖွင့်လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး
အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ်အနှောက်အယှက်ဖြစ်နေကြကြောင်း
သိရသည်။

အဆိုပါဘီယာဆိုင်များရှိနေခြင်းကြောင့် သိမ်းကြီးဈေးစီးရုံနှင့်  ဒီရုံတို့
အပေါ်ထပ်များရှိ ညကလပ်များ၊ အနှိပ်ခန်း (ပြည်တန်ဆာ ခန်း) များမှ ညဥ့်ငှက်မလေးများသည် သရုပ်ပျက်ဝတ်ဆင်ပြီး လာရောက်စားသောက်
မြူဆွယ် ခြင်း၊ အမျိုးသားများ မကြာခဏဆိုသလို မူးယစ်သောက်စားရန်
 ဖြစ်ခြင်း၊ သာမန်အမျိုးသမီးကောင်းများကို ရိုင်းစိုင်းစွာစနောက်ခြင်းတို့  
 မြင်တွေ့နေသည်။လောလောဆယ်ဖြစ်ရပ်တစ်ခုမှာ(၈.၁၀.၁၂) နေ့ နံနက်(၁၁) နာရီခန့်၌ Lion World ဘီယာဆိုင်တွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရန်ပွဲသည် ဈေးအတွင်းထဲထိ ဆက်လက်ဖြစ်ပွားခဲ့သည့်အတွက်
 ဈေးသူ/သားများနှင့် အများပြည်သူတို့ အထူးစိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း ယခင်က ဈေးစင်္ကြန်လမ်းတစ်လျှောက် ဆိုင်များမရှိခဲ့ကြောင်း ——ဌာန  ၏စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် (သို့မဟုတ်) အဂတိလိုက်စားမှု ကြောင့်
 ပေါ်ပေါက်လာသည်”ဟု ဈေးမိဈေးဖများနှင့် မိဘပြည်သူတို့က ပြောဆို
လျက်ရှိနေကြကြောင်း သို့ဖြစ်၍ ရွှေတိဂုံဘုရားလမ်းမှသိမ်ကြီးဈေးရှိ ဈေးများ
နှင့် လုံးဝမသင့်လျော်ဥပဒေနှင့် မလွတ်ကင်းသော ညကလပ်၊ အနှိပ်ခန်း (ပြည်တန်ဆာခန်း)၊ ဘီယာဆိုင်များအား ဖယ်ရှားပေးရန် ဈေးသူဈေးသား
များကလိုလားလျက်ရှိကြကြောင်း သိရသည်။

The Hot News

ရန်ကုန်မြို့တော်၏ စီးပွားရေး အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင် လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေး ကြီးဖြစ် သည်။သို့သော်လည်းသိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန် လမ်းတစ်လျှောက်တွင် ဘီယာဆိုင် များဖွင့် လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ် အနှောက်အယှက်ဖြစ်နေကြကြောင်း သိရသည်။

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း


 
 အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။