Monday, 6 July 2015

UNHCR နှင့် INGO တို့မှ ထုတ်ပေးသော အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေ


ဘူးသီးတောင်မြို့ပေါ်ရှိ မြို့မဈေး၊ နတ်ပင်ရင်းခွဆုံ ပျံကျဈေးနှင့် အနောက်ကွင်း ပျံကျဈေးတို့တွင် UNHCR, WFP, နှင့် အခြား NGO များမှ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ထုတ်ပေးသော ပစ္စည်းပေါင်းစုံကို အလွယ်တကူ ဈေးသက်သာစွာ ရောင်းချနေလျှက်ရှိသည်။
UNHCR မှ သဘာဝဘေးအန္တရာယ် ကျရောက်သူများကို ထောက်ပံ့သည့် စတီးအိုးနှင့် ပန်းကန် ခွက်ယောက် အစုံ ပါကင်များ၊ ခြင်ထောင်မျိုးစုံ၊ ဖျာ၊ မျက်နှာသုတ်ပုဝါများ၊ WFP မှ ထုတ်ပေးသော ဆီသန့်ပုလင်းများနှင့် အာဟာရမှုန့်ထုတ်၊ INGO များမှ ထုတ်ပေးသော ပုဇွန်ခြောက်ကြော်၊ အာဟာရမှုန့်ထုတ်များ၊ ကျောပိုးအိတ်၊ ဖိနပ်၊ ဆေးစိမ်ခြင်ထောင်များ စသည်ဖြင့် အမျိုးအမည် စုံလင်စွာ ပါဝင်သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာတွင်ရှိသော အလောင်းမင်းတရား အုတ်ဂူဟု ပြောနေကြသည့် အဆောက်အအုံမှာ အလောင်းမင်းတရားကြီး အုတ်ဂူအစစ် မဟုတ်ဟုဆို

အလောင်းမင်းတရားကြီးအုတ်ဂူဟုပြောနေကြသည့် အဆောက်အအုံ Photo: နိုင်လင်းဦးဖေ့စ်ဘွတ်ခ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာတွင်ရှိသော အလောင်းမင်းတရားအုတ်ဂူဟုပြောဆိုနေကြသည့် အဆောက် အအုံမှာ အလောင်းမင်းတရားကြီးအုတ်ဂူအ စစ်မဟုတ်ကြောင်း သိရသည်။

အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာ

အသက်ငါးနှစ်အောက် ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) 
မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက်ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးပြီး ပြင်ဆင်နိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားသွားမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက် ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်အထိ ဆွေးနွေးမှုများတွင် ပြင်ဆင်ချက်များကို လက်မခံဘဲ မူလအတိုင်း ထားရှိရန်သာ ဆွေးနွေးလျက်ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆွေးနွေးချက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်နိုင်ရေး ပြင်ဆင်ချက်လည်း ပါဝင်လျက် ရှိသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခြင်း မရှိပါက ပြင်ဆင်နိုင်မည့် အခြေအနေ မရှိကြောင်း သိရသည်။

နမ္မတူမြို့ အခြေစိုက် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၍ ဒုအရာခံ ဗိုလ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ် နမ္မတူမြို့နယ် အခြေစိုက် တပ်မတော်စခန်းကို ဇူလိုင်လ ၅ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့ တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒုတိယအရာခံဗိုလ် အဆင့်ရှိ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားမှပင် 7 July အခမ်းအနား သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်မည်

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားကပင် တကသများက ဦးဆောင်ပြီး ဆဲဗင်းဇူလိုင်အခမ်းအနားကို သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်သွားမည်ဟု တကသ ကျောင်းသား များထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲစာရင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ မဲစာရင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းပေ မယ့် ကြေညာချက် မထုတ်နိုင်ကြောင်း သမ္မတရုံးပြော

ရွှေတိဂုံစေတီတော်အနီး တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ အမိန့် ကြေညာ စာထုတ်ပြန်မပေးနိုင်ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) မဘသ ကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော် တွေက မိန့်ကြားပါတယ်။

ဖားကန့်မြို့ရှိ ရပ်ကွက်အချို့ ရေလွှမ်းနေဆဲဖြစ်

ဥရုချောင်းရေ ဆက်လက်တက်လာ၍ ဖားကန့်မြို့ရှိ ရပ်ကွက်လေးခု ရေလွှမ်းမိုးမှု နှစ်ရက် ဆက်တိုက် ရင်ဆိုင်နေရ ပြီး ရေဘေးသင့်သူ ဦးရေတိုးလာ နေကြောင်း သတင်းရရှိသည်။

Sunday, 5 July 2015

မုဒုံမြို့နယ်တွင်ကားတစ်စီး တံတားပေါ်မှ ပြုတ်ကျ

မွန်ပြည်နယ် မုဒုံမြို့နယ် တွင် ဇူလိုင် ၄ ရက် နံနက် ၂ နာရီ ကျော်က တံတားပေါ်မှ ကားတစ် စီးပြုတ်ကျခဲ့ကြောင်း မုဒုံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
နိုင်လုံကျေးရွာနှင့် တံခွန်တိုင် ကျေးရွာကြားတွင်ရှိသည့် တံ တားပေါ်မှ စူပါကော်ဖီမစ်ထုပ်တင်ကုမ္ပဏီပိုင်ကင်တာကားမှာ တံတားပေါ်မှ အရှိန်လွန်ပြုတ်ကျခဲ့သော် လည်း မည်သူမျှထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မုဒုံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကပြောသည်။
‘‘ညက မိုးတွေကလည်းရွာ နေတယ်။ စခန်းကိုရောက်တော့ နံနက် ၆ နာရီကျော်လောက်ရှိပြီ။ မောင်းတဲ့ယာဉ်မောင်းနဲ့အတူပါ လာတဲ့ ၀န်ထမ်းနှစ်ဦးစလုံးဘာမှ တော့ ဒဏ်ရာကြီးကြီးမားမားမရ ဘူး။ ယာဉ်မောင်းက ခေါင်းမှာ နည်းနည်းပွန်းတယ် ဒီလောက်ပဲ။ ရေထဲပြုတ်ကျတာကြောင့်လည်း ပါမယ်ထင်တယ်’’ ဟု အဆိုပါရဲ အရာရှိက ပြောသည်။

အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်

မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်သည့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြှင့်လိုက်ခြင်းနှင့်အတူ ပြင်ပဈေးကွက်၌လည်း ဒေါ်လာဈေးများ ပြန်လည်မြင့်တက်ခဲ့ကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
ပြင်ပဈေးကွက်၌ ယခင်ရက်များက အမေရိကန် တစ်ဒေါ်လာလျှင် အရောင်း ၁၁၈၅ ကျပ် အဝယ် ၁၁၈၇ ကျပ်ဖြင့် ရက်အတန်ကြာ ဈေးငြိမ်လျက်ရှိရာမှာ ဇူလိုင် ၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၁၉၀ ကျပ်အထိ မြင့်တက်ကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

ဝက်ဝံကို ခွေးလို့ထင် နှစ်နှစ်တိုင်မှ သိလိုက်ရသည့် ပိုင်ရှင်ရဲ့အဖြစ်

စုတ်တံမသုံးဘဲ ဖိတ်ကျသည့် ကော်ဖီအရည်ဖြင့်သာ ပန်းချီရေးဆွဲသည့် ပန်းချီဆရာမ

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက် သုံးသူများ သတိထား

ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။
ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည် ။

Boat People ပြဿနာအပေါ် အဖြေရှာခြင်း - အပိုင်း(၁)

ယနေ့ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီအစိုးရတစ်ရပ်၏ ဦးဆောင်မှုဖြင့် မြန်မာ့နွေဦးအဖြစ် တင်စားခေါ်ဝေါ်ရမည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ရပ်ကို ဆောင်ရွက်လျက်ရှိရာ အစိုးရသစ်လက်ထက် အောင်မြင်မှုအများအပြားရရှိနေသလို အခြားတစ်ဖက်တွင်လည်း စိန်ခေါ်မှုအချို့နှင့် ကြုံတွေ့လျက်ရှိပါသည်။

နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ တစ်ယောက်ရဲ့ ခံစားချက်

တစ်ခါတစ်လေ ကျွန်တော် မြန်မာပြည်ကို လွမ်းတယ်။ အရမ်းလည်း
ပြန်ချင်ပါတယ်။ ပြန်ဖို့ တွေးလိုက်တိုင်းလည်း ကျွန်တော် အဖေ့မျက်နှာ အမေ့မျက်နှာ မိသားစု တစ်စုလုံးမျက်နှာကို မြင်လိုက်တိုင်း မပြန်ဖြစ်တာ နှစ်တွေ အတော် ကြာခဲ့ပြီပေါ့။ကျွန်တော့် ပြန်ချင်တဲ့ စိတ်ကို ခဝါချပြီး ကြိတ်မိတ်ပြီး အလုပ်လုပ် နေရတာပါ။ 
ကျွန်တော် ပြန်ခြင်း မပြန်ခြင်းထက် ကျွန်တော့် မိသားစုတွေ လူတန်းစေ့ နေနိုင် စားနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ တစ်နေ့တော့ အဖေရယ် အမေရယ် မိသားစုရယ် ထမင်းလက်စုံစားပြီး စကားတွေ ပြောရမယ့်နေ့ကို စောင့်နေပါတယ်။
တစ်ခါတစ်ရံမှာ ပျော်ရာမှာ မနေ တော်ရာမှာ နေတာ တကယ်ကို အကောင်းဆုံးပါ။ ကျွန်တော့်လိုပဲ ပြည်ပရောက် မိတ်ဆွေတွေလည်း ခံစား ရမယ်လို့ ယုံကြည်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ

ဈေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်
၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။

ကာမိုင်း - မိုးကောင်းသွားလမ်းတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုများအား ထပ်မံပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်း - မိုးကောင်းသွားလမ်း၊ ဆိပ်မူကျေးရွာအနီး KIA အဖွဲ့မှ ထောင်ထား သော ဒေသန္တရမိုင်း (၂)လုံး တစ်ရက်တည်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင်လ ၁ ရက်၊ ညနေ (၆) နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အရှေ့ တောင်ဘက် (၇)မိုင်ခန့်အကွာ ကာမိုင်း - မိုးကောင်းသွားလမ်း ဂေါ်ရီအုပ်စု၊ လဂတ်ယန်ကျေးရွာနှင့် မန်တင် ကျေးရွာကြားတွင် KIA ထောင် ထားသော မိုင်း(၁)လုံးနှင့် ညနေ(၅)နာရီ ၀န်းကျင်ခန့်တွင် ဖားကန့်မြို့၏

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
“E-Lite Express ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲတဲ့ ယာဉ်လိုင်းကိုပဲ ပြေးဆွဲခွင့် ပိတ်တာပါ။ E-Lite နာမည်နဲ့ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် လုံးဝမရှိတော့ပါဘူး။ ရာသက်ပန် ပိတ်သိမ်းလိုက်တာပါ”ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း က ယာဉ်လိုင်းပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

အခြေခံပညာ ဆရာ၊ ဆရာမများ ကျူရှင်မသင်ရန် ညွန်ကြား

မြန်မာနိုင်ငံအတွင်း အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများကို ကျူရှင်သင်ကြားခြင်း မပြုရန် အခြေခံပညာဦးစီးဌာနက လမ်းညွန်ချက် ထုတ်ပြန်ထားကြောင်း ပညာရေး ဝန်ထမ်းများက ပြောကြားသည်။
အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများအနေနှင့် မိမိသင်ကြားနေသော အတန်းမှ ကျောင်းသားများကို ကျူရှင်သင်ကြားခြင်း မပြုရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက်ကိုလည်း ကျူရှင်သင်ကြားခြင်း မပြုရန် ညွန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အချို့က ဆိုသည်။
“ကျူရှင်တွေ လျော့နည်းသွားအောင်ဆိုတဲ့ သဘောနဲ့ပေါ့။ ညကျောင်းတွေ အကောင်အထည်ဖော်မယ် ဆိုတာလည်း စီစဉ်နေတယ်လို့ သိရတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပညာရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။