Monday 6 July 2015

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာတွင်ရှိသော အလောင်းမင်းတရား အုတ်ဂူဟု ပြောနေကြသည့် အဆောက်အအုံမှာ အလောင်းမင်းတရားကြီး အုတ်ဂူအစစ် မဟုတ်ဟုဆို

အလောင်းမင်းတရားကြီးအုတ်ဂူဟုပြောနေကြသည့် အဆောက်အအုံ Photo: နိုင်လင်းဦးဖေ့စ်ဘွတ်ခ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာတွင်ရှိသော အလောင်းမင်းတရားအုတ်ဂူဟုပြောဆိုနေကြသည့် အဆောက် အအုံမှာ အလောင်းမင်းတရားကြီးအုတ်ဂူအ စစ်မဟုတ်ကြောင်း သိရသည်။

ယင်းအဆောက်အအုံတွင် အသုံးပြုတည်ဆောက်ထားသည့် အုတ်များမှာ ကုန်းဘောင်ခေတ်လက်ရာ အုတ်များမဟုတ်သည့်အတွက် ယင်းအဆောက်အအုံသည်အလောင်းမင်းတရားကြီး၏ အုတ်ဂူ မဟုတ်ကြောင်း ရှေးဟောင်း သမိုင်းသုတေသနပညာ ရှင်ဦးစံဝင်းက ပြောသည်။

''အရင်ကအဲဒီအဆောက်အအုံ ကို စိတ်ဝင်စားလို့လေ့လာခဲ့ဖူးတယ်။ အလောင်းမင်းတရားကြီးအုတ်ဂူလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ အဲဒီမှာတွေ့တဲ့ အုတ်တွေကကုန်း ဘောင်ခေတ်အုတ်တွေမဟုတ်မှန်းသိ ခဲ့တယ်။ ဒေသခံတွေကလဲ အဲဒါကို မြင့်မိုရ်တောင်ဘုရားဆိုပြီး ခေါ်ကြ တာ''ဟု ယင်းက ဆက်လက် ပြောသည်။

ယင်းအဆောက်အအုံနှင့်ပတ် သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ထိန်းသိမ်းစောင့်ရှောက်မှုမရှိသော အလောင်းမင်းတရားကြီး၏ အုတ်ဂူဟု ပုံနှင့်တကွ ရေးသားဝေဖန်နေကြသည် များလည်းရှိနေပြီး ယင်းပုံ တွင်လည်း အဆောက်အအုံမှာ ပျက်စီးယိုယွင်း ၍ အပင်များပေါက်လျက်ရှိသည်။

အလောင်းမင်းတရားကြီးမှာ နောက်ဆုံးတိုက်ပွဲအဖြစ် ယိုးဒယားသို့ တိုက်ခိုက်ခဲ့ပြီး ၁၇၆ဝခုနှစ်တွင် ကင်းရွာ ၌ပင် နတ်ရွာစံခဲ့ကြောင်း သမိုင်း အချို့က ဖော်ပြကြသော်လည်း ထိုအကြောင်းအရာများမှာ ဝိဝါဒကွဲ ပြားနေ ဆဲဖြစ်ကြောင်း ယင်းအကြောင်း အရာနှင့်ပတ်သက်၍ လေ့လာနေသူ မွန်ပြည်နယ်စီးပွား ကူးသန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးကပြောသည်။

''အလောင်းမင်းတရားကြီးက ဘာရောဂါနဲ့ဘယ်မှာနတ်ရွာစံလဲ၊ ဘယ် မှာမြှုပ်ထားလဲဆိုတာဟာ အခုထိ ဝိဝါဒကွဲပြားနေတုန်းပါပဲ။ သမိုင်း ပညာရှင်တွေကလဲ တစ်မျိုးပြော။ ဗမာ တွေကလဲ ကင်းရွာမှာနတ်ရွာ စံတယ် လို့ပြောတယ်။ အဲဒီတော့ဒီအဆောက် အအုံဟာ အလောင်းမင်းတရားအုတ် ဂူဆိုတာကို အတုလားအစစ်လား မပြောနိုင်ဘူး။ တကယ်လို့အစစ်ကို ထိန်းသိမ်းရတယ်ဆိုရင်တော့ ကောင်း တယ်။ အဘတို့လဲ အခုဒီအကြောင်း အရာနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေ ရှာနေတုန်းပါပဲ''ဟု ယင်းက ဆက် လက်ပြောသည်။

MTZ
Democracytoday

No comments:

Post a Comment