Monday 6 July 2015

ဖားကန့်မြို့ရှိ ရပ်ကွက်အချို့ ရေလွှမ်းနေဆဲဖြစ်

ဥရုချောင်းရေ ဆက်လက်တက်လာ၍ ဖားကန့်မြို့ရှိ ရပ်ကွက်လေးခု ရေလွှမ်းမိုးမှု နှစ်ရက် ဆက်တိုက် ရင်ဆိုင်နေရ ပြီး ရေဘေးသင့်သူ ဦးရေတိုးလာ နေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့အတွင်း မြို့မ၊ ငှက်ပျောတော၊ မရှိကထောင်၊ အေးမြသာယာရပ်ကွက်များတွင် ဇူလိုင် ၄ ရက် နံနက်မှစကာ ရေ လွှမ်းမိုးမှုရင်ဆိုင်နေရခြင်းဖြစ် သည်။ ဇူလိုင် ၄ ရက်က ရေအနက်ဆုံးနေရာမှာ ၄ ပေခန့်သာရှိသော် လည်း ဇူလိုင် ၅ ရက်တွင် ၆ ပေ အထိ မြင့်တက်လာသည်ဟု ဖား ကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

‘‘နှစ်ထပ်အိမ်တွေက အိမ်အ ပေါ်ထပ်မှာနေပြီး လှေနဲ့အသွား အလာလုပ်တယ်။ တစ်ထပ်အိမ် တွေကတော့ နီးစပ်ရာ ဆွေမျိုး သားချင်းတွေအိမ်မှာ နေကြတယ်။ ထမင်းထုပ်တွေကတော့ မဏိဇေယျုံဘုန်းကြီး ကျောင်းမှာ ဝေတယ်’’ဟု ၎င်းက ပြောသည်။

ဥရုချောင်းရေသည် မြင့်တက်လာပါက တစ်ရက်ခန့်အတွင်း ပြန်ကျလေ့ရှိသော်လည်း ယခုအခါ မိုး ဆက်တိုက် ရွာသွန်းနေ၍ ဆက်လက်မြင့်တက်လာနေ ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ ဆက်လက်တက်လာပါက ကယ်ဆယ်ရေးစခန်းသို့ ပြောင်း ရွှေ့ပေးရန် ပြင်ဆင်ထားကြောင်း ရေဘေး ကယ်ဆယ်ရေး ကော်မတီဝင်တစ်ဦးက ပြော သည်။

တောင်တရုတ်ပင်လယ်မှ လေပြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ယခု ရက်ပိုင်း နေ ရာ ကွက်၍ မိုးကြီးနိုင် သကဲ့သို့ မုတ်သုံလေအား ပြန် ကောင်းလာနေ၍ မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် ရခိုင်၊ ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် မိုးအားကောင်း နိုင်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။

7Day DAILY 

No comments:

Post a Comment