Sunday 5 July 2015

မုဒုံမြို့နယ်တွင်ကားတစ်စီး တံတားပေါ်မှ ပြုတ်ကျ

မွန်ပြည်နယ် မုဒုံမြို့နယ် တွင် ဇူလိုင် ၄ ရက် နံနက် ၂ နာရီ ကျော်က တံတားပေါ်မှ ကားတစ် စီးပြုတ်ကျခဲ့ကြောင်း မုဒုံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
နိုင်လုံကျေးရွာနှင့် တံခွန်တိုင် ကျေးရွာကြားတွင်ရှိသည့် တံ တားပေါ်မှ စူပါကော်ဖီမစ်ထုပ်တင်ကုမ္ပဏီပိုင်ကင်တာကားမှာ တံတားပေါ်မှ အရှိန်လွန်ပြုတ်ကျခဲ့သော် လည်း မည်သူမျှထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မုဒုံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကပြောသည်။
‘‘ညက မိုးတွေကလည်းရွာ နေတယ်။ စခန်းကိုရောက်တော့ နံနက် ၆ နာရီကျော်လောက်ရှိပြီ။ မောင်းတဲ့ယာဉ်မောင်းနဲ့အတူပါ လာတဲ့ ၀န်ထမ်းနှစ်ဦးစလုံးဘာမှ တော့ ဒဏ်ရာကြီးကြီးမားမားမရ ဘူး။ ယာဉ်မောင်းက ခေါင်းမှာ နည်းနည်းပွန်းတယ် ဒီလောက်ပဲ။ ရေထဲပြုတ်ကျတာကြောင့်လည်း ပါမယ်ထင်တယ်’’ ဟု အဆိုပါရဲ အရာရှိက ပြောသည်။

တံတားပေါ်မှ ပြုတ်ကျခဲ့ သည့် ကားသည် မော်လမြိုင်မြို့မှ သံဖြူဇရပ်မြို့သို့အသွား ကြိုကာ တံတားအရောက်တွင် အရှိန်လွန် ၍ တံတားအောက်ဘက်ရှိချောင်း အတွင်းသို့ ပြုတ်ကျခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
‘‘ဒီတံတားမှာ ကားတွေခဏ ခဏဖြစ်တယ်။ ဖြစ်တိုင်းလည်းတံတားအောက်ပြုတ်ကျတာချည်း ပဲ။ သေတာတော့မရှိသေးပါဘူး။ အများအားဖြင့်တော့ တခြားနယ် ကလာတဲ့လူတွေအဖြစ်များတာ တွေ့ရတယ်။ လမ်းကကောင်းပေ မယ့် ညဘက်ကျတော့ မမြင်တာ လည်းဖြစ်နိုင်တယ်’’ဟု မုဒုံရဲစခန်း မှ ရဲအရာရှိက ပြောသည်။
တံတားအတက်၊ အဆင်း တွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသော်လည်း ယာဉ် တိမ်းမှောက်မှုများ မကြာခဏဖြစ် ပွားနေသည်။ ယခုဖြစ်စဉ်အတွက် အသက် (၂၃) နှစ်အရွယ် ယာဉ် မောင်းကို မုဒုံရဲစခန်းကအမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment