ရန်ကုန်မြို့လယ်က အလွန်စည်ကားလှတဲ့ ပန်းဆိုးတန်း စာတိုက်ကြီး ပတ်ဝန်းကျင်ကို သွားကြည့်လိုက်ပါ။ လမ်းဘေးတွေမှာ ခုံပုလေးတွေ ချပြီး ခင်းကျင်းထားတဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းဆိုင်လေးတွေကို တွေ့ကြရပါလိမ့်မယ်။ အဲဒီဆိုင်တွေမှာ ဝယ်ရခက်တယ်၊ ဈေးကြီးတယ်လို့ ပြောနေကြတဲ့ မြန်မာ့ ဆက်သွယ်ရေး MPT 3G ဆင်းကတ်တွေ၊ ရောင်းလို့ကုန်ပြီဆိုပြီး သတင်းမွှေးနေတဲ့ တယ်လီနော ဆင်းကတ် တွေ၊ နိုင်ငံခြားခေါ်ဆိုခဈေးအလွန် သက်သာတဲ့ အူရီးဒူးဆင်းကတ်အားလုံး ဘာမဆို ၀ယ်လို့ရနိုင်၊ ချက် ချင်း ဟန်းဆက်ထဲထည့်၊ ချက်ချင်း လိုရာခေါ်လို့ရနိုင်ပါတယ်။ လူ တစ်ယောက်မှာ ကျပ်ငွေ ၁၁,၀၀၀၊ အမေရိကန်ဒေါ်လာနဲ့ဆို ၁၁ ဒေါ်လာလောက်ရှိရင် မိုဘိုင်းဖုန်းတစ်လုံးကိုင်နိုင်၊ ပိုင်နိုင် ပါပြီ။ မြန်မာ့ဆက် သွယ်ရေးလောက ဘယ်လောက် တိုးတက်ပြောင်းလဲ လာပြီလဲ၊ ဆွေးနွေးကြည့်ကြ ရအောင်။
Wednesday, 26 November 2014
Garuda နှင့် မြန်မာအဲဝေးစ် ကုမ္ပဏီ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု စတင်

မြန်မာ-အင်ဒိုနီးရှား ၂ နိုင်ငံကြား စီးပွားရေး ဆောင်ရွက်ချက်တွေကို မြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှမှာ Garuda ရဲ့ကွန်ရက်ကို တိုးမြှင့်ဖို့ Garuda အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီနဲ့ မြန်မာအဲဝေးစ် အင်တာ နေရှင်နယ် လေကြောင်းကုမ္ပဏီတို့ဟာ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
CPJ သတင်းလွတိလပ်ခွင့်ဆု ဧရာဝတီ ကိုအောင်ဇော် ရရှိ

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေပြီး သတင်းသမားတွေဟာ ဖိနှိပ်ဖမ်းဆီး ထောင်ချခံနေရတယ်လို့ သတင်းလွတ်လပ်ခွင့်ဆုရှင် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် က ပြောပါတယ်။
Ferguson ဆူပူမှုကြောင့် အရံတပ် ၃ ဆတိုးချ

လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ဆယ်ကျော်သက် လူမည်း Michael Brown ကို ပစ်သတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားမစွဲဖို့ ကြားနာစစ်ဆေးတဲ့ ဂျူရီလူကြီးအဖွဲ့က ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက် ဆူပူမှု တွေကို ထိန်းသိမ်းဖို့ ပြည်နယ် လုံခြုံရေးအရံတပ်ဖွဲ့တွေ အချိန်မီ မချနိုင်ခဲ့ဘူးလို့ မြို့တော်ဝန်က ပြောဆို လိုက် ပါတယ်။
Tuesday, 25 November 2014
ကျောင်းသူ တစ်ဦးနှင့် ရှုပ်ပွေခဲ့သည့် တရုတ်ပါမောက္ခ အလုပ်မှ ထုတ်ပယ်ခံရ
KNU/KNLA က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အကြောင်းပြ၍ ဒေသခံများထံ ငွေတောင်းခံမှုများရှိ

ကရင်ပြည်နယ် အတွင်း ရှေ့တန်းစစ်စခန်းတွင် ယခုနှစ်ဆန်းပိုင်းက တွေ့ရသော KNLA စစ်သားများ (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
ကရင်ပြည်နယ်၊ သံတောင်မြို့နယ် အခြေစိုက် ကရင်လွတ်မြောက်ရေး တပ်မတော်မှ (KNU/ KNLA) တပ်မဟာ ၂ တပ်ဖွဲ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်ဟုဆိုကာ ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ဦးစာရင်းတွင် ကာဆီလက် ပါဝင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ အတွက် ပဏာမ ရွေးချယ်လိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ၁၁ ယောက် စာရင်းမှာ ရီရဲလ်မက်ဒရစ်နဲ့ စပိန်ဂိုးသမား ကာဆီလက်ရဲ့ နာမည် ပါဝင်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ

ဓာတ်ပုံ – National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံခြား သူလျှိုများ အတွက် ဓါတ်ပုံရိုက်ပေး ခဲ့သူကို တရုတ်ရဲများ ဖမ်းဆီး

ပေကျင်း၊ နိုဝင်ဘာ ၂၅။ နိုင်ငံခြား သူလျှိုများ အတွက် လေယာဉ်တင် သင်္ဘော အခြေစိုက်စခန်း တစ်ခု၏ ဓါတ်ပုံကို ခိုးယူ ရိုက်ကူး ကာ ရောင်းချခဲ့မှုဖြင့် တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီး ခံခဲ့ရပြီး ၎င်းသည် လူငယ်တစ်ဦး ဖြစ်သည်ဟု သိရသည်။
အာဖဂန် ဘောလီဘော ပွဲပြိုင်ပွဲတွင် အသေခံ ဗုံးဖေါက်ကွဲမှု ဖြစ်ပွား လူ ၅၀ကျော် သေဆုံး

ဘောလီဘော ပြိုင်ပွဲအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦး။
ကို့စ်၊ နိုဝင်ဘာ၂၄။ အာဖဂန် နိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ၂၃ ရက်က ကျင်းပသော ဘော်လီဘော ပြိုင်ပွဲအတွင်း အသေခံ ဗုံးဖောက်ခွဲ မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ပြီး အခြားလူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ သည်။
ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

မန္တလေးမြို့တွင် ရှိသည့်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှာ မမျှမတဖြစ်နေသည် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှအမတ်များ တွေ့ဆုံ
ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်
ဖမ်းမိထားသည့် အကြမ်းဖက်သမား လေးဦးကို စစ်ဆေးနေဆဲ
Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။
ဦးထင်လင်းဦး၊ စာပေဟောပြောပွဲစီစဉ်သူနှင့် ချောင်းဦးမြို့နယ် NLD တို့ကို အရေးယူပေးရန် မန္တလေးအခြေစိုက်နိုင်ငံရေးပါတီကိုးခု ကြေညာချက်ထုတ်
Monday, 24 November 2014
3G ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ တွင် သုံးဆ ပိုမိုကောင်းမည်ဟု MPT ဆို

ရန်ကုန်မြို့၌လက်ရှိ အသုံးပြုနေသော ၃ွ ဆက်သွယ်ရေးကွန် ရက်အား ၂ဝ၁၅မတ်လကုန်တွင် သုံးဆပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော သတင်း အချက်လက်များ အရ သိရသည်။
ရက်ပေါင်း ၄၀ ပင်လယ်ထဲ မျောနေသည့် မြန်မာတံငါသည် ၃ ဦး နေရပ်ပြန်နိုင်ပြီ

ဓာတ်ပုံ - thehindu.com
ပင်လယ်ထဲမှာ ၀ါးဖောင်ငယ်လေးနဲ့ ရက်ပေါင်း ၄၀ ကြာ အသက်ရှင်သန် နေခဲ့တဲ့ မြန်မာ ရေလုပ်သမား ၃ ဦး မိသားစုနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နေရပ်ကို ပြန်နိုင်ပြီ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံထုတ် သည်ဟိန္ဒူ သတင်း မှာ ဖော်ပြပါတယ်။
ကလေးငယ်များအား စစ်သင်တန်းပေးနေသည့်ဗီဒီယို IS အဖွဲ့ ထုတ်ပြန်

ငယ်ရွယ်သော ကလေးများအား လက်နက်များ အသုံးပြုနည်း လေ့ကျင့်သင်တန်းပေးနေပုံကို ၀ါဒဖြန့်သည့် အနေဖြင့် IS အစွန်းရောက်များက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်
Subscribe to:
Posts (Atom)