Tuesday 25 November 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှအမတ်များ တွေ့ဆုံ


တပ်မတော်က ပြင် ဆင်ရန် ကန့်ကွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရန် ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများမှ အမတ်များသည် နိုဝင်ဘာ ၂၄ ရက်တွင် စည်ပင် ဧည့်ရိပ်သာ၌ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အတွက် ပူးပေါင်းပြီး ဆောင်ရွက် ကြမယ်။ မပြင်ဆင်လိုတဲ့ ပုဂ္ဂိုလ် တွေလည်း ဘယ်လိုစိုးရိမ်စိတ် တွေရှိနေလဲ။ အဲဒါလေးတွေ ဘယ်လို ချဉ်းကပ်ကြမယ်၊ ရှာဖွေကြ မယ်’’ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်ကပြောသည်။

လွှတ်တော်ထဲတွင် ပါတီကိုယ်စားပြု၊ အစွဲမရှိဘဲ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေကို အရွေ့တစ်ခုဖြစ် အောင် ပူးပေါင်းဆောင်ရွက်ရန်၊အဖြေရှာရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း ဦးအောင်ကြည်ညွန့် ကပြောသည်။

ယင်းကဲ့သို့ ဆွေးနွေးရာတွင် ပုဒ်မ ၄၃၆ အပြင်တိုင်းရင်းသား များ နစ်နာနေသည့် ကိစ္စရပ်များ၊ တိုင်း ရင်းသားရေးရာများကိုလည်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပအိုဝ်း တိုင်းရင်းသားပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခွန်မောင် သောင်းကပြောသည်။

‘‘၄၃၆ ပြင်ဖို့ NLD၊ ပြည် ထောင်စုကြံ့ခိုင်ရေး၊ တိုင်းရင်း သားတွေကပြင်ဖို့ သဘောရကြ တယ်။ တပ်မတော် က မူရင်းအ တိုင်း ထားဖို့ရှိနေတော့ ဘယ်လို ကျော်ဖြတ်မလဲ အဖြေရှာမယ်။ ဆွေးနွေးကြမယ်’’ဟု ဦးခွန်မောင် သောင်းကပြောသည်။

လက်ရှိတွင် ပူးပေါင်းဆောင် ရွက်ရန် သဘောတူထားပြီး လွှတ် တော်နားသည့် တစ်လအချိန် အတွင်း နည်းလမ်းရှာဖွေဖြေ ရှင်းမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်း သားပါတီအားလုံးတက်ရောက်ပါ ၀င်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment