Tuesday 25 November 2014

ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ဦးစာရင်းတွင် ကာဆီလက် ပါဝင်

Photo: ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ဦးစာရင်းတွင် ကာဆီလက် ပါဝင်
Tuesday, November 25, 2014

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ အတွက် ပဏာမ ရွေးချယ်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ယောက် စာရင်းမှာ ရီရဲလ်မက်ဒရစ်နဲ့ စပိန်ဂိုးသမား ကာဆီလက်ရဲ့ နာမည် ပါဝင်လာပါတယ်။

အသက် ၃၃ နှစ်အရွယ်  စပိန် ဂိုးသမား ကာဆီလက်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ လက်စွမ်း မပြနိုင်ခဲ့သလို အမှတ်ပေးလိဂ်ပြိုင်ပွဲမှာလည်း ၁၂ ပွဲသာ ကစားခွင့်ရထားပါတယ်။ အကောင်းဆုံး ဂိုးသမား စာရင်းမှာ ကာဆီလက်ရဲ့ နာမည်ပါလာတာဟာ အံ့သြစရာ ဖြစ်နေတယ်လို့လည်း ဥရောပ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

အခု ရွေးချယ်ထားတဲ့ ပဏမ ဂိုးသမားစာရင်းမှာ ဂျာမန်နဲ့ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာ၊ ဂျုဗင်တပ်နဲ့ အီတလီ ဂိုးသမား ဘူဖွန်တို့  ပါဝင်နေပါတယ်။ ဒီဆုအတွက် ကမ္ဘာတ၀ှန်းမှာရှိတဲ့ ကစားသမားပေါင်း ၂ သောင်းက မဲပေး ရွေးချယ်ခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကိုတော့ အကောင်းဆုံး ဘောလုံး သမားဆုနဲ့အတူ လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ အတွက် ပဏာမ ရွေးချယ်လိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ၁၁ ယောက် စာရင်းမှာ ရီရဲလ်မက်ဒရစ်နဲ့ စပိန်ဂိုးသမား ကာဆီလက်ရဲ့ နာမည် ပါဝင်လာပါတယ်။

အသက် ၃၃ နှစ်အရွယ်  စပိန် ဂိုးသမား ကာဆီလက်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ လက်စွမ်း မပြနိုင်ခဲ့သလို အမှတ်ပေးလိဂ်ပြိုင်ပွဲမှာလည်း ၁၂ ပွဲသာ ကစားခွင့်ရထားပါတယ်။ အကောင်းဆုံး ဂိုးသမား စာရင်းမှာ ကာဆီလက်ရဲ့ နာမည်ပါလာတာဟာ အံ့သြစရာ ဖြစ်နေတယ်လို့လည်း ဥရောပ မီဒီယာတွေမှာ ဖော်ပြ နေပါတယ်။

အခု ရွေးချယ်ထားတဲ့ ပဏမ ဂိုးသမားစာရင်းမှာ ဂျာမန်နဲ့ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာ၊ ဂျုဗင်တပ်နဲ့ အီတလီ ဂိုးသမား ဘူဖွန်တို့  ပါဝင်နေပါတယ်။ ဒီဆုအတွက် ကမ္ဘာတ၀ှန်းမှာရှိတဲ့ ကစားသမားပေါင်း ၂ သောင်းက မဲပေး ရွေးချယ်ခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကိုတော့ အကောင်းဆုံး ဘောလုံး သမားဆုနဲ့အတူ လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment