Tuesday 25 November 2014

နိုင်ငံခြား သူလျှိုများ အတွက် ဓါတ်ပုံရိုက်ပေး ခဲ့သူကို တရုတ်ရဲများ ဖမ်းဆီး

Photo: နိုင်ငံခြား သူလျှိုများ အတွက် ဓါတ်ပုံရိုက်ပေး ခဲ့သူကို တရုတ်ရဲများ ဖမ်းဆီး
Tuesday, November 25, 2014

ပေကျင်း၊ နိုဝင်ဘာ ၂၅။ နိုင်ငံခြား သူလျှိုများ အတွက် လေယာဉ်တင် သင်္ဘော အခြေစိုက်စခန်း တစ်ခု၏ ဓါတ်ပုံကို ခိုးယူ ရိုက်ကူး ကာ ရောင်းချခဲ့မှုဖြင့် တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီး ခံခဲ့ရပြီး ၎င်းသည် လူငယ်တစ်ဦး ဖြစ်သည်ဟု သိရသည်။

မျိုးရိုးနာမည် ချောင်ဟု အမည်ရသော အဆိုပါ လူငယ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ချင်တောင်းမြို့တွင် ဧပြီလတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကင်မရာ၊ တယ်လီစကုပ်၊ ကွန်ပျူတာတို့ နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ချောင်က တရုတ် လုံခြုံရေး အရာထမ်းများကို ပြောကြားရာတွင် ထိုဓါတ်ပုံများကို စစ်တပ် မဂ္ဂဇင်း အယ်ဒီတာ တစ်ယောက် ဆိုသူအား ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စီစီတီဗွီ သတင်းက ပြောကြားရာတွင် ၎င်းအယ်ဒီတာဆိုသူမှာ တရုတ်နိုင်ငံက ယခင်ကတည်းက လိုက်လံရှာ ဖွေနေသော နိုင်ငံတကာ သူလျှိုတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

ချောင်သည် စစ်တပ်လေဆိပ် အတွင်းကို ခိုးဝင်ခဲ့ပြီး ယင်းသူလျှိုအတွက် ဓါတ်ပုံ များကို ရိုက်ကူး ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းသူလျှို က ငွေကြေး များ ပေး ခဲ့သည်ဟု ဆိုသည်။ နိုင်ငံပိုင် မီဒီယာ၏ ဖော်ပြချက်အရ မေလ အတွင်းကလည်း နိုင်ငံခြား သူလျှို အေဂျင်စီများဆီသို့ ဓါတ်ပုံများ၊ စာရွက်စာတမ်းများ ရောင်းချမှုဖြင့် မုန့်ပဲသွားရေစာ ဆိုင်ပိုင်ရှင် တရုတ်လူမျိုး တစ်ဦးမှာ ၁၀နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရ သည်ဟု သိရသည်။

Ref: AFP
Mizzima - News in Burmese
ပေကျင်း၊ နိုဝင်ဘာ ၂၅။ နိုင်ငံခြား သူလျှိုများ အတွက် လေယာဉ်တင် သင်္ဘော အခြေစိုက်စခန်း တစ်ခု၏ ဓါတ်ပုံကို ခိုးယူ ရိုက်ကူး ကာ ရောင်းချခဲ့မှုဖြင့် တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီး ခံခဲ့ရပြီး ၎င်းသည် လူငယ်တစ်ဦး ဖြစ်သည်ဟု သိရသည်။

မျိုးရိုးနာမည် ချောင်ဟု အမည်ရသော အဆိုပါ လူငယ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ချင်တောင်းမြို့တွင် ဧပြီလတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကင်မရာ၊ တယ်လီစကုပ်၊ ကွန်ပျူတာတို့ နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ချောင်က တရုတ် လုံခြုံရေး အရာထမ်းများကို ပြောကြားရာတွင် ထိုဓါတ်ပုံများကို စစ်တပ် မဂ္ဂဇင်း အယ်ဒီ တာ တစ်ယောက် ဆိုသူအား ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စီစီတီဗွီ သတင်းက ပြောကြားရာတွင် ၎င်းအယ်ဒီတာဆိုသူမှာ တရုတ်နိုင်ငံက ယခင်ကတည်းက လိုက်လံရှာ ဖွေနေသော နိုင်ငံတကာ သူလျှိုတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

ချောင်သည် စစ်တပ်လေဆိပ် အတွင်းကို ခိုးဝင်ခဲ့ပြီး ယင်းသူလျှိုအတွက် ဓါတ်ပုံ များကို ရိုက်ကူး ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းသူလျှို က ငွေကြေး များ ပေး ခဲ့သည်ဟု ဆိုသည်။ နိုင်ငံပိုင် မီဒီယာ၏ ဖော်ပြချက်အရ မေလ အတွင်း ကလည်း နိုင်ငံခြား သူလျှို အေဂျင်စီများဆီသို့ ဓါတ်ပုံများ၊ စာရွက်စာတမ်းများ ရောင်းချမှုဖြင့် မုန့်ပဲသွားရေစာ ဆိုင်ပိုင်ရှင် တရုတ်လူမျိုး တစ်ဦးမှာ ၁၀နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရ သည်ဟု သိရသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment