Tuesday 25 November 2014

အာဖဂန် ဘောလီဘော ပွဲပြိုင်ပွဲတွင် အသေခံ ဗုံးဖေါက်ကွဲမှု ဖြစ်ပွား လူ ၅၀ကျော် သေဆုံး

Photo: အာဖဂန် ဘောလီဘော ပွဲပြိုင်ပွဲတွင် အသေခံ ဗုံးဖေါက်ကွဲမှု ဖြစ်ပွား လူ ၅၀ကျော် သေဆုံး
Tuesday, November 25, 2014

ကို့စ်၊ နိုဝင်ဘာ၂၄။ အာဖဂန် နိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ၂၃ ရက်က ကျင်းပသော ဘော်လီဘော ပြိုင်ပွဲအတွင်း အသေခံ ဗုံးဖောက်ခွဲ မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ပြီး အခြားလူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ သည်။

ပါကစ္စတန် နိုင်ငံ နယ်စပ်နှင့် ထိစပ်နေပြီး တည်ငြိမ်မှုမရှိသည့် ပက်ခ်တီကာ ပြည်နယ်တွင် ဒေသတွင်း အသင်းသုံးသင်း အကြား ပြိုင်ပွဲ ပြု လုပ်နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ကလေးငယ် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။

အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ဝင်များ စစ်ဆင်ရေးများကို တဖြည်းဖြည်း လျော့ချလာပြီး အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင်များ က နိုင်ငံ တည်ငြိမ်ရေး တာဝန်များကို လွဲပြောင်း ရယူနေချိန်တွင် ယခုကဲ့သို့သေဆုံးမှုနှုန်း မြင့်မားမှုသည် အာဖဂန် သမ္မတသစ် အက်ရှာ ရက်ဖ်ဂါနီ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရခြင်းကို မီးမောင်း ထိုးပြခြင်း ဖြစ်သည်။

"ကျွန်တော်နဲ့ကျွန်တော့် သူငယ်ချင်းတွေဟာ ပြိုင်ပွဲကို ကြည့်ရှုခဲ့ပါတယ်။ကျွန်တော်တို့ အားပေးတဲ့ အသင်းနိုင်တဲ့အခါ ပျော်ရွင်ခဲ့ကြတယ်။ ဗုံးပေါက်ကွဲသံကို ကြားတဲ့အခါ ကျွန်တော် သတိလစ် သွားတယ်။ ကျွန်တော် ဆေးရုံကို ရောက်လို့ သတိရတဲ့ အခါ ကျွန်တော့် သူငယ်ချင်း သေလား ရှင်လား ဆိုတာကို ကျွန်တော်မသိသေး ပါဘူး"ဟု ပက်ခ်တီကာ ပြည်နယ်မြို့တော် ရှာရာနာမြို့ရှိ ဆေးရုံတွင် တက်ရောက် ကုသနေသော အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး အက်ဒူလ်ဟေးက ပြောကြားခဲ့သည်။

ပက်ခ်တီကာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး အက်တီလ်လာရှ် ဖာဇ်လီက "ဗုံးဖောက်ခွဲသူက ဘော်လီဘော ပြိုင်ပွဲထဲကို ဆိုင်ကယ်ကို စီးလာပြီး အသေခံ ဖောက်ခွဲခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပြည်နယ် အရာရှိများနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေ အပါအ၀င် လူအများအပြား ကြည့်နေပါတယ်။ ဗုံးပေါက်ကွဲ မှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ၆၀ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများ အနက် အများစုက ဒဏ်ရာ ပြင်းထန်ပါတယ်" ပြောကြားသည်။

ပက်ခ်တီကာပြည်နယ် ယာရှ်ခါလ်ဒေသတွင် ဘော်လီဘော ပြိုင်ပွဲကို ကြည့်ရန် လူရာပေါင်းများစွာ စုဝေးရောက်ရှိနေသည့် ညနေ ၅ နာရီ အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ပြောရေးဆိုခွင့် ရှိသူ မက်ခ်ဟေးလ် အာဖဂန်က ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ဘောလီဘော ပြိုင်ပွဲအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦး
ဘောလီဘော ပြိုင်ပွဲအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦး။
ကို့စ်၊ နိုဝင်ဘာ၂၄။ အာဖဂန် နိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ၂၃ ရက်က ကျင်းပသော ဘော်လီဘော ပြိုင်ပွဲအတွင်း အသေခံ ဗုံးဖောက်ခွဲ မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ပြီး အခြားလူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ သည်။
ပါကစ္စတန် နိုင်ငံ နယ်စပ်နှင့် ထိစပ်နေပြီး တည်ငြိမ်မှုမရှိသည့် ပက်ခ်တီကာ ပြည်နယ်တွင် ဒေသတွင်း အသင်းသုံးသင်း အကြား ပြိုင်ပွဲ ပြု လုပ်နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ကလေးငယ် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။

အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ဝင်များ စစ်ဆင်ရေးများကို တဖြည်းဖြည်း လျော့ချလာပြီး အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင်များ က နိုင်ငံ တည်ငြိမ်ရေး တာဝန်များကို လွဲပြောင်း ရယူနေချိန်တွင် ယခုကဲ့သို့သေဆုံးမှုနှုန်း မြင့်မားမှုသည် အာဖဂန် သမ္မတသစ် အက်ရှာ ရက်ဖ်ဂါနီ အနေဖြင့် စိန်ခေါ်မှု များနှင့် ရင်ဆိုင် နေရခြင်းကို မီးမောင်း ထိုးပြခြင်း ဖြစ်သည်။

"ကျွန်တော်နဲ့ကျွန်တော့် သူငယ်ချင်းတွေဟာ ပြိုင်ပွဲကို ကြည့်ရှုခဲ့ပါတယ်။ကျွန်တော်တို့ အားပေးတဲ့ အသင်းနိုင်တဲ့အခါ ပျော်ရွင်ခဲ့ကြတယ်။ ဗုံးပေါက်ကွဲသံကို ကြားတဲ့အခါ ကျွန်တော် သတိလစ် သွားတယ်။ ကျွန်တော် ဆေးရုံကို ရောက်လို့ သတိရတဲ့ အခါ ကျွန်တော့် သူငယ်ချင်း သေလား ရှင်လား ဆိုတာကို ကျွန်တော်မသိသေး ပါဘူး"ဟု ပက်ခ်တီကာ ပြည်နယ်မြို့တော် ရှာရာနာမြို့ရှိ ဆေးရုံတွင် တက်ရောက် ကုသနေသော အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး အက်ဒူလ်ဟေးက ပြောကြားခဲ့သည်။

ပက်ခ်တီကာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး အက်တီလ်လာရှ် ဖာဇ်လီက "ဗုံးဖောက်ခွဲသူက  ဘော်လီဘော ပြိုင်ပွဲထဲကို ဆိုင်ကယ်ကို စီးလာပြီး အသေခံ ဖောက်ခွဲခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပြည်နယ် အရာရှိများနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေ အပါအ၀င် လူအများအပြား ကြည့်နေပါတယ်။  ဗုံးပေါက်ကွဲ မှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ၆၀ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများ အနက် အများစုက ဒဏ်ရာ ပြင်းထန်ပါတယ်" ပြောကြားသည်။

ပက်ခ်တီကာပြည်နယ် ယာရှ်ခါလ်ဒေသတွင် ဘော်လီဘော ပြိုင်ပွဲကို ကြည့်ရန် လူရာပေါင်းများစွာ စုဝေး ရောက်ရှိနေသည့် ညနေ ၅ နာရီ အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ပြောရေးဆိုခွင့် ရှိသူ မက်ခ်ဟေးလ် အာဖဂန်က ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment