Friday, 31 October 2014

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင် ခွင့်ပြုချက်မရဘဲ သယ်သည့် ထိုင်းဘတ်ငွေ ၂ သန်း ဖမ်းမိ



Photo: ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင် ခွင့်ပြုချက်မရဘဲ သယ်သည့် ထိုင်းဘတ်ငွေ ၂ သန်း ဖမ်းမိ
Friday, October 31, 2014

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ခွင့်ပြုချက်မရဘဲ သယ်ဆောင်တဲ့ ဘတ်ငွေ ၂ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

အကောက်ခွန်ဌာနကို အကြောင်းမကြားဘဲ သယ်ဆောင်ခဲ့တဲ့ အဲဒီငွေတွေကို အောက်တိုဘာ ၃၀ ရက်နေ့က ခရီးသည်တဦးဆီကနေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အကောက်ခွန် ဦးစီးမှူး  နိုင်းဆုန်း လစ်ပူဆရားက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံအကောက်ခွန်ဥပဒေအရ  ပြည်တွင်းကငွေ ပြည်ပကို သယ်ဆောင်ခွင့်  ဘတ်  ၄ သိန်း ၅ သောင်းအထိပဲ ခွင့်ပြုထားကြောင်း၊ အဲဒီထက်ကျော်တဲ့ ငွေတွေ သယ်ဆောင်လိုရင် အကောက်ခွန်ဌာနကို အကြောင်းကြားရမှာဖြစ်သလို ထိုင်းနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထောက်ခံစာပါ လိုအပ်တယ်လို့ အကောက်ခွန်မှူးက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူမှာ ထိုင်းနိုင်ငံသား  နိုင်းဒေးဗစ် ခမ်းနွဲ့ ဆိုသူဖြစ်ပြီး တာချီလိတ်မြို့  Allure Resort အော်ရိုရာ ရီးဆော့တ် (တည်းခိုခန်း) နဲ့ ကာစီနိုကစားဝိုင်းရုံက ငွေစာရင်းဝန်ထမ်း ဖြစ်ကြောင်း၊ အဲဒီငွေတွေဟာလည်း တည်းခိုခန်းပိုင်ဖြစ်ပြီး သူ့အနေနဲ့ ငွေသည်ဆောင်ခွင့် ဥပဒေကို မသိပါကြောင်း၊ ငွေတွေကို ထိုင်းကော်မာရှယ်ဘဏ်ကနေ ထုတ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူ တွေကို ဖွင့်ဆိုခဲ့တယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – maesainewsonline.com
ဓာတ်ပုံ – maesainewsonline.com

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ခွင့်ပြုချက်မရဘဲ သယ်ဆောင် တဲ့ ဘတ်ငွေ ၂ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရန် KNU ဆုံးဖြတ်

Photo: ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရန် KNU ဆုံးဖြတ်
Friday, October 31, 2014

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ ပူးပေါင်း ဖွဲ့စည်း ထားသည့် ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရောက်ရန် ယမန်နေ့က ကျင်းပ ပြီးစီးခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် KNU ကွန်ကရက် တွင်သာ အတည်ပြု ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း KNU မှ သတင်း ရရှိသည်။ ယခု လ (၂၃) ရက်နေ့မှ စတင်၍ ကရင် အမျိုးအစည်း အရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးကို KNU ဌာနချုပ် ရှိရာ လေးဝါးတွင် ပြုလုပ် ခဲ့ပြီး၊ ယင်း အစည်းအဝေး ပွဲတွင် KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ဆက်လက် ပါဝင် သင့်ကြောင်းနှင့် ကော်သူးလေ တပ်မတော်ထဲသို့ ၀င်ရောက်သင့် မ၀င်ရောက်သင့် အဓိကထား ဆွေးနွေးခဲ့ကြောင်း KNU ထံမှ သိရသည်။

ကော်သူးလေ တပ်မတော်ကို မ၀င်ရောက်ဖို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ မဖြစ်ဖို့ ဗိုလ်ချုပ်ကြီး ဂျော်နီ ဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူ သွားမယ် ဟု KNU ဗဟို အလုပ်မှုဆောင် တစ်ဦးက The Messenger Media သို့ ပြောသည်။ ယခုလ (၂၈)ရက် နေ့က ပြုလုပ်သော KNU ဗဟို ကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်မှ ယာယီ ထပ်မံ နုတ်ထွက်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း KNU မှ သိရသည်။

ကျွန်တော်တို့ ကတော့ ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်စေ ချင်တယ်။ တစ်ပေါင်းတည်း ဖြစ်စေ ချင်တယ်။ ကရင် ပြည်နယ် အကျိုးအတွက် ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေ စည်းလုံးစေ ချင်တယ်။ ဗိုလ်ချုပ်ကြီး ဂျော်နီ ခေါင်းဆောင်တဲ့ အဖွဲ့ကိုလည်း ကြိုဆို တယ်။ ကရင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေရင် လူကြားလို့ ဘယ်ကောင်းမလဲ ဟု KNU/KNLA-PC ဗဟို တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောနဂါးလေးက The Messenger Media သို့ ပြောသည်။

ကော်သူးလေ တပ်မတော်အား ယခုလ (၁၃) ရက်နေ့တွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA-PC တို့မှ ထိပ်ပိုင်း ခေါင်းဆောင်များက ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့က ကော်သူးလေ တပ်မတော် အဖြစ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ကချင် အမျိုးသား အစည်းအရုံး (KKNO) က လေးစား ဂုဏ်ယူမိကြောင်း ယခုလ (၁၅) ရက်နေ့ တွင် ကြေညာ ချက် တစ်စောင် ထုတ်ပြန် ကြေညာခဲ့ပြီး၊ ကရင်လူမှု အဖွဲ့ အစည်းများ ကလည်း ကြိုဆိုကြောင်း ဖော်ပြခဲ့ ကြသည်။ သို့ရာတွင် KNLA နှင့်KNDO တို့မှ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်ဦးစီးချုပ် တို့၏ သဘောထားမှာ ၎င်းတို့၏ ကိုယ်ပိုင် သဘောထားများ ဖြစ်ပြီး၊ KNU တစ်ဖွဲ့လုံး၏ သဘောထား မဟုတ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

Messenger News Journal
ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ ပူးပေါင်း ဖွဲ့စည်း ထားသည့် ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရောက်ရန် ယမန်နေ့က ကျင်းပ ပြီးစီးခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် KNU ကွန်ကရက် တွင်သာ အတည်ပြု ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း KNU မှ သတင်း ရရှိသည်။ ယခု လ (၂၃) ရက်နေ့မှ စတင်၍ ကရင် အမျိုးအစည်း အရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးကို KNU ဌာနချုပ် ရှိရာ လေးဝါးတွင် ပြုလုပ် ခဲ့ပြီး၊ ယင်း အစည်းအဝေး ပွဲတွင် KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ဆက်လက် ပါဝင် သင့်ကြောင်းနှင့် ကော်သူးလေ တပ်မတော်ထဲသို့ ၀င်ရောက်သင့် မ၀င်ရောက်သင့် အဓိကထား ဆွေးနွေးခဲ့ကြောင်း KNU ထံမှ သိရသည်။

ကမ္ဘောဒီယား-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည်

Photo: ကမ္ဘောဒီယား-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည်
Friday, October 31, 2014

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြို့တော်ဖနွမ်ပင်က ငြိမ်းချမ်းရေးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြိုဆိုရေးအခမ်းအနားနဲ့ ကြိုဆိုပါတယ်။

Thai-Cambodiaဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရကတော့ ဒီတရားဝင် အလည်အပတ်ခရီးစဉ်ကို သမိုင်းဝင်လို့ သုံးနှုန်းပါတယ်။

ကမ္ဘောဒီးယားဟာ အတိတ်က ပဋိပက္ခတွေကို လျော့ချမေ့ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

၂ နိုင်ငံဆက်ဆံရေး အားဖြည့်ဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ခေါင်းဆောင်၂ ယောက်ဟာ နယ်စပ်အငြင်းပွားမှု၊ နယ်စပ်ဖြတ်ကျော်စီးပွားရေးနဲ့ စွမ်းအင်ရေးရာပူးပေါင်း ဆောင်ရွက်ရေး တရားမဝင်လူကုန်ကူးမှု ရပ်တန့်ရေးတွေအတွက် ပူးပေါင်းလုပ်ဆောင်ရေးဆွေးနွေးဖို့ မျှော်လင့်ခံထားရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ရှေးဟောင်းသမိုင်းဝင် ဖရာ့ဗီဟာရ ဘုရားကျောင်း ဝန်းကျင်က မြေအတွက် ဆယ်စုနှစ်ချီ ပိုင်နက်အငြင်းပွားခဲ့တာပါ။

၂၀၁၃ ခုနှစ်ကတော့ ဘုရားကျောင်းဝန်းကျင်က မြေအတွက် အချုပ်အခြာပိုင်ဆိုင်မှုကို ကမ္ဘောဒီးယားပိုင်အဖြစ် နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဗွီဘီ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြို့တော်ဖနွမ်ပင်က ငြိမ်းချမ်း ရေးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြိုဆိုရေးအခမ်းအနားနဲ့ ကြိုဆိုပါတယ်။

ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် သံသယရှိခြင်းခံရသူ ခိုတောင်ကျွန်းသူကြီး သား၏ ဒီအင်န်အေ စစ်ဆေးမှုပြုလုပ်

Photo: ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် သံသယရှိခြင်းခံရသူ ခိုတောင်ကျွန်းသူကြီး သား၏ ဒီအင်န်အေ စစ်ဆေးမှုပြုလုပ်
Friday, October 31, 2014

လိပ်ကျွန်း၌ ဗြိတိန်စုံတွဲအသတ်ခံရ မှုတွင် ထိုင်းနိုင်ငံသားများနှင့်ရွှေ့ ပြောင်း အလုပ်သမားများမှလူသတ် တရားခံအဖြစ် သံသယရှိခြင်းခံရသူ လိပ်ကျွန်းရှိ (AC) ဘားပိုင်ရှင်ကျွန်း သူကြီးသား၏ ဒီအင်န် အေစစ်ဆေး မှုကို အောက်တိုဘာ ၃ဝ ရက်က ဘန်ကောက်ရှိ တော်ဝင်ထိုင်းရဲဌာန ချုပ်တွင် စစ်ဆေးခဲ့ကြောင်း ဘန် ကောက်ပိုစ့်သတင်းဌာနတွင်ဖော် ပြထားသည်။

အဆိုပါ စစ်ဆေးမှုကို ဘန် ကောက်ခရိုင်ရှိ ဆီရီရတ်ဆေးရုံ၊ ချူ လာလောင်ကွန်းဆေးရုံ၊ ရာမာအဓိ ပတိဆေးရုံမှ ဝန်ထမ်းများနှင့် ရဲ ဆေးရုံ မှုခင်းဆေးသိပ္ပံဌာနမှ ဝန် ထမ်းများရှေ့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးမှုရလဒ်သည် ၂၄ နာရီအတွင်း ရရှိမည်ဖြစ်ကာ ၄င်း၏ (DNA) စစ်ချက်နှင့် အသတ်ခံရ ၍သေဆုံးသူဗြိတိန်နိုင်ငံသူ Hannah Witheridge ၏ခန္ဒာကိုယ်တွင်တွေ့ ရှိထားသည့် (DNA) နမူနာနှင့်နှိုင်းယှဉ် သွားမည် ဖြစ်ကြောင်း ဘန်ကောက် ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် (MAT)မှကိုစောမောင်က'' လိပ်ကျွန်းသူ ကြီးသားကို ဒီနေ့ (DNA)စစ်ပြီးပါ ပြီ သာမန်ဆို(DNA)စစ်ဆေးချက် ရလဒ်က တစ်လနီးပါးလောက်ကြာ တတ်ပေမယ့် ခု ၂၄နာရီအတွင်း အဖြေ ရမယ်လို့တော့ ဆေးစစ်တဲ့ ကျန်းမာ ရေးဝန်ထမ်းတွေက သတင်းဌာန တွေမှာ ပြောထားကျတယ်။ ခုဖမ်းဆီး ခံထားရတဲ့ မြန်မာနှစ်ဦးကိုတော့ ဘယ်တော့ စစ်မလဲဆိုတာတော့ မသိ ရသေးဘူး''ဟု ပြောသည်။

အဆိုပါ (DNA) စစ်ဆေးမှုနှင့် ပတ်သက်၍လည်း ယခင်က(မှုခင်း ဖြစ်ပွားစဉ်) ကျွန်းသူကြီးသားမှအဆို ပါလူသတ်မှု ဖြစ်ပွားရာနေရာ အနီး အနားတွင်ရှိသည်ဟု သက်သေမရှိခဲ့ သည့်အတွက် ၄င်း၏ (DNA)စစ်ဆေးရန် မခေါ်ယူခဲ့ကြောင်းလည်း ထိုင်းရဲချုပ်မှ အောက်တိုဘာ ၃ဝ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ပြထားသည်။

လိပ်ကျွန်းသူကြီးမှလည်း ယင်း၏သားအနေဖြင့်လည်း ယခုကဲ့သို့ သံသ ယရှိသူအဖြစ် ထင်မြင်ခံနေရခြင်း ကြောင့် ယင်းတို့မိသားစုဂုဏ်သိက္ခာ ထိခိုက်မှုရှိသည့်အတွက် ၄င်းတို့ကို စွပ်စွဲပြောဆိုမှုများကို ၄င်းတို့၏ရှေ့နေ ဖြင့် တိုင်ပင်ကာ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း လိပ်ကျွန်းသူကြီးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားကြောင်း ဘန်ကောက်ပို့စ်သတင်း ဌာနတွင် ဖော်ပြထားသည်။

ZCH
Yangon Media Group
လိပ်ကျွန်း၌ ဗြိတိန်စုံတွဲအသတ်ခံရ မှုတွင် ထိုင်းနိုင်ငံသားများနှင့်ရွှေ့ ပြောင်း အလုပ်သမားများမှလူသတ် တရားခံအဖြစ် သံသယရှိခြင်းခံရသူ လိပ်ကျွန်းရှိ (AC) ဘားပိုင်ရှင်ကျွန်း သူကြီးသား၏ ဒီအင်န်အေ စစ်ဆေးမှုကို အောက်တိုဘာ ၃ဝ ရက်က ဘန်ကောက်ရှိ တော်ဝင်ထိုင်းရဲဌာနချုပ်တွင် စစ်ဆေးခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းဌာနတွင်ဖော် ပြထားသည်။

လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Photo: လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Friday, October 31, 2014

၁။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

၂။ ယင်းပုဂ္ဂိုလ် သေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လူ့အခွင့်အရေးကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ဆောလျင်စွာ တင်ပြရန် နိုင်ငံတော်သမ္မတရုံး က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

From : Hmuu Zaw Facebook
၁။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော

Photo: နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော
Friday, October 31, 2014

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်တန်း နိုင်ငံရေးပါတီကြီး ၆ ခုက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့ စီစဉ်ထားပါတယ်။

မစ္စတာအိုဘားမား ဟာ သမ္မတ တစ်ဦး အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် အဖြစ် ရှေ့လမှာ သွားရောက်ဖို့ စီစဉ် ထားပါတယ်။ ခရီးစဉ်အတွင်းမှာ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံတကာက အသိမှတ်ပြုလက်ခံတဲ့ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာအစိုးရဘက်က ရေးဆွဲထားတဲ့ ရခိုင် Action Plan ကို ပြန်လည် သုံးသပ်ဖို့အပါအဝင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြော ဆိုပါတယ်။

ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့

Photo: Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့
Friday, October 31, 2014

အနောက်အာဖရိကမှာ ရှိတဲ့ Burkina Faso နိုင်ငံမှာ သမ္မတကို မကျေမနပ်ဖြစ်ရာက ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦးနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးချုပ်ကိုလည်း မီးရှိုးဖျက်ဆီးခဲ့ပါတယ်။

Burkina Faso နိုင်ငံကို ၂၇ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတက သူ့ရဲ့ သမ္မတ သက်တမ်း ထပ်မံ တိုးဖို့ ကြိုးစားနေတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမား ရာနဲ့ချီက လွှတ်တော်ထဲဝင်ပြီး အကြမ်းဖက်ခဲ့ ကြတာပါ။

သမ္မတ သက်တမ်းကို တိုးသင့်မသင့် ဆုံးဖြတ်မှု မလုပ်ခင်မှာပဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူတွေက ကွန်ပြူတာတွေ၊ ရုပ်မြင်သံကြားတွေ ယူဆောင်ကြသလို ရဲတွေ သုံးတဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်ပြီး ပါလီမန်ကို မီးရှို့ခဲ့ကြတာလို့ ရိုက်တာ သတင်းမှာ ဖြော်ပထားပါတယ်။

အစိုးရရဲ့ ရဟတ်ယာဉ် တစ်စင်းကတော့ မိုးပေါ်ကနေပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရပါတယ်။

အဲဒီလို အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက်  အစိုးရကို ဖျက်သိမ်းကြောင်းနဲ့ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်း သမ္မတက ကြေညာလိုက်သလို ဒီအချိန်ကစပြီး ဆုံးဖြတ်ချက်တွေကို စစ်တပ်ရဲ့ လက်ထဲ လွဲအပ်ပြီလို့ သမ္မတက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အတိုက်အခံအဖွဲ့နဲ့ ဆွေးနွေးမှု လုပ်မယ်လို့လည်း ပြောလိုက်ပါတယ်။

ဆန္ဒပြသူတွေကတော့ ၂၇ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတကို နောက်ထပ် မလိုလားတဲ့အတွက် အခုလို လုပ်ဆောင်ရတာလို့ ပြောပါတယ်။

Burkina Faso ဟာ အနောက်အာဖရိကမှာ တည်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ နီဂျဲ၊ မာလီ၊ ဂါနာ အစရှိတဲ့ နိုင်ငံတွေ ပါဝင်ပြီး လူဦးရေ ၂၇ သန်းလောက် ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

ABC Radio Australia

ပါလီမန်ကို ဝင်ရောက် စီးနှင်းကြတဲ့ ဆန္ဒပြသူများ (Credit: AFP)
ပါလီမန်ကို ဝင်ရောက် စီးနှင်းကြတဲ့ ဆန္ဒပြသူများ (Credit: AFP)
အနောက်အာဖရိကမှာ ​ရှိတဲ့ ​Burkina ​Faso ​နိုင်ငံမှာ ​သမ္မတကို ​မကျေမနပ်ဖြစ်ရာက ​ဆန္ဒပြသူတွေက ​လွှတ်တော်အဆောက်အဦးနဲ့ ​နိုင်ငံပိုင် ​ရုပ်မြင်သံကြား ​ရုံးချုပ်ကိုလည်း ​မီးရှိုးဖျက်ဆီးခဲ့ပါတယ်။

လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်

Photo: လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်
Friday, October 31, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဒီအမှုကို လိုက်ပေးဖို့ ထိုင်းရှေ့နေများ ကောင်စီက အယောက် ၂၀ ပါတဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်း ထားပြီး အဲဒီ ကော်မတီမှာ ဥက္ကဌနဲ့ အကြံပေး ပုဂ္ဂိုလ်က ၈ ယောက်၊ ရှေ့နေ ၁၂ ယောက် ပါဝင်ပြီး ခရီးစရိတ်ကအစ ရှေ့နေများ ကောင်စီကပဲ အကုန်အကျခံမယ်လို့ အဲဒီ ကော်မတီမှာပါတဲ့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။

မြန်မာ အလုပ်သမား နှစ်ယောက် အတွက် အကျိုးဆောင်ပေးဖို့ မြန်မာ သံအမတ်က အပ်နှံတယ်လို့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာ စွပ်စွဲခံ ထားရတဲ့ မြန်မာ နှစ်ယောက်က သူတို့ သတ်တာ မဟုတ်ဘူးလို့ ပြောတာကို အစိုးရ ရှေ့နေချုပ်ရုံးဆီ ကို စာပေးပို့ထားပြီး ရှေ့နေချုပ်ရုံးက တရားရုံးကို ဆက်တင်မတင် စောင့်ကြည့်နေတယ်လို့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။

ဒီအမှုဟာ ထိုင်းနဲ့ မြန်မာ နိုင်ငံရဲ့ ဆက်ဆံရေး အဆင့်အထိ အရေးကြီးပြီး တရားမျှတ မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

နောက်ဆုံး အဖြေ ဘယ်လိုပဲထွက်လာ ထွက်လာ သင်းခန်းစာ ယူရမယ့် အမှု တစ်ခုအဖြစ် လူတွေကြားမှာ မှတ်တမ်းတင် ကျန်ရစ်လိမ့်မယ်လို့ ရှေ့နေ့စူရာ့ဖုန်းက ပြောပါတယ်။

အဲ့ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကော်တောင်ကျွန်းက ရွာလူကြီးသားကို အွန်လိုင်း လူမှု ကွန်ရက်မှာ စွပ်စွဲ ဝေဖန် ပြောဆိုနေတာ တွေကြောင့် ရွာလူကြီးသားက ဒီကနေ့ပဲ ဒီအန်အေ အစစ် ခံခဲ့ပါတယ်။

ဆေးရုံ ၃ ရုံက သီးခြားစီ စစ်ဆေးမှာဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ဆိုရှယ် မီဒီယာ လူမှုကွန်ရက်မှာ ထင်ကြေးပေး ပြောဆိုသူ ဘယ်သူမဆို အရေးယူခံရနိုင်ပြီး ထောင်ဒဏ် ၅ နှစ် အထိပြစ်ဒဏ် ချခံရနိုင်တယ်လို့ ထိုင်း ရဲချုပ်က သတိပေးထား ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထား ရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်နှစ်ဦးကို သံရုံးကိုယ်စားလှယ်အဖွဲ့ ထပ်မံသွားရောက်တွေ့ဆုံမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန် ကော့စမွီ အကျဉ်းထောင်မှာ တတိယ အကြိမ်မြောက် သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ရီးရဲလ်ဂန္ထ၀င် ရာအူးလ်ကို နယူးယောက်အသင်း ခေါ်ယူ

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းနှင့် ဂန္ထဝင်ကစားသမား ရာအူးလ်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်သည်ဟု မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် နယူးယောက်ကော့စမော့စ်အသင်းက ကြေညာသည်။

ဘာစီလိုနာအကောင်းဆုံးကစားသမားဆု မက်ဆီကိုကျော်ဖြတ်၍ မာရှေယာနိုရရှိ

Photo: ဘာစီလိုနာအကောင်းဆုံးကစားသမားဆု မက်ဆီကိုကျော်ဖြတ်၍ မာရှေယာနိုရရှိ
Friday, October 31, 2014

 ၂၀၁၃-၁၄ ရာသီအတွက် ဘာစီလိုနာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဇာဗီယာမာရှေယာနိုကို သတ်မှတ်လိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့်လေးရာသီအတွင်း  ယင်းဆုကို မက်ဆီက သုံးကြိမ်ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အာဂျင်တီးနားအသင်းဖော်က ၎င်းကိုကျော်လွန်၍ ရယူသွားခြင်းဖြစ်သည်။ မာရှေယာနိုမှာ ဘာစီလိုနာ ကြီးကြီးမားမားဖလားတစ်လုံးမှမရရှိခဲ့သောရာသီတွင် နောက်တန်းခံစစ်၌ အကောင်းဆုံးခြေစွမ်း ပြသခဲ့သည်။

‘‘ဒီဆုကိုရရှိဖို့ မဲပေးခဲ့တဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ဟု မာရှေယာနိုက ကလပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင်ပြောသည်။ယခုအချိန်ထိ အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကလပ်အတွက် အကောင်းဆုံးပေးဆပ်သွားမည်ဖြစ်ကြောင်း မာရှေယာနိုက ပြောသည်။ ဘာစီလိုနာအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုမှာ ၂၀၀၉ ခုနှစ်က အဖြစ်ဆိုးဖြင့် သေဆုံးခဲ့သော ဘာကာအသင်း အဖွဲ့ဝင် Aldo Rovira ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။    

Ref: Goal
 ၂၀၁၃-၁၄ ရာသီအတွက် ဘာစီလိုနာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဇာဗီယာမာရှေ ယာနို ကို သတ်မှတ်လိုက် ကြောင်း သိရသည်။

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ချုပ်ချယ်မှုများအားရပ်တန့်ပေးရန် မီဒီယာသမားများ နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒ ထုတ်ဖော်မည်

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုများအား ရပ်တန့်စေရန် မီဒီယာသမားများက အာဏာပိုင်အဖွဲ့အစည်းများအား ဆန္ဒပြတောင်းဆိုမှုကို နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ တော် ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်သည်။

ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ရာခိုင်နှုန်း ၁၀၀ အထိ ဒဏ်ကြေးတပ်ရိုက်အရေးယူမည်

ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးတပ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

လယ်ယာသုံးစက်ကိရိယာများ ကိုရီးယားချေးငွေဖြင့်ဝယ်ရန် လွှတ်တော်တွင် မဲခွဲရာ ထောက်ခံသူများ၍ အတည်ဖြစ်

Photo: လယ်ယာသုံးစက်ကိရိယာများ ကိုရီးယားချေးငွေဖြင့်ဝယ်ရန် လွှတ်တော်တွင် မဲခွဲရာ ထောက်ခံသူများ၍ အတည်ဖြစ်
Friday, October 31, 2014

 စက်ခလုတ်နှိပ် မဲ ပေးသော်လည်း မည်သည့်ကိုယ် စားလှယ်က ထောက်ခံ၊ကန့်ကွက်သည်ကို သိနိုင်သည့် Open Votingစနစ်ဖြင့် လယ်ယာသုံးစက်ကိရိ ယာများဝယ်ယူရန် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၁၀၀ ရယူ မည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိ ခဲ့သည်။

အဆိုပါချေးငွေဖြင့် ကိုရီး ယားနိုင်ငံ Daedong ကုမ္ပဏီမှ လယ်ယာသုံးစက်ကိရိယာပစ္စည်း များကို အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူမည်ဖြစ်သော်လည်း လွှတ် တော်၏ အတည်ပြုချက်မရမီ ၀န် ကြီးဌာနက ဆောင်ရွက်ခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် တိုင်းရင်းသားပါ တီများမှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ထို့အပြင် လယ်ယာသုံး စက်ကိရိယာများဖြန့်ဖြူးပေးမည့် ၀န်ကြီးဌာနသည် သမ၀ါယမ၀န် ကြီးဌာနဖြစ်နေသဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနသို့ လွှဲပြောင်းပေးရန် လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းဝါနုကပြော ကြားခဲ့သည်။

သို့သော်လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် ဒေသတိုင်းတွင် ရုံးမရှိခြင်း နှင့် အဆိုပါစက်ပစ္စည်းကိရိယာ များသည် လယ်သမားများထံသို့ပင် ရောင်းချပြီးဖြစ်နေသည့်အ တွက် ချေးငွေရယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက ထောက်ခံခဲ့ကြ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က တောင်သူ လယ်သမားတွေ အဆင်ပြေစေဖို့ အတွက် လုပ်ရပ်ကို ကန့်ကွက် တာ မဟုတ်ဘူး။ လုပ်နည်းလုပ် ဟန်ကို ကန့်ကွက်တာ၊ ပထမ တစ်ခါလည်း လွှတ်တော်က ဆုံး ဖြတ်ပြီးသားကို နောက်တစ်ခါ ထပ်ပို့တယ်။ အခုသူက လုပ်ချင် တာလုပ်တယ်၊ လုပ်ပြီးတော့မှ လွှတ်တော်ကိုတင်ပြတယ်’’ဟု သမ၀ါယမ၀န်ကြီးဌာနက စက် များကို မှာယူရောင်းချပြီးမှသာ လွှတ်တော်အတည်ပြုချက်ရယူ နေခြင်းအပေါ် ဒေါက်တာအောင် မိုးညိုကပြောသည်။

သမ္မတ၏ ချေးငွေရယူရန် အတည်ပြုချက်တောင်းသည့်ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ထောက်ခံမဲ ၄၂၇ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်၍ Open Voting စနစ်ဖြင့် မဲရေတွက်ခြင်းဖြစ်ရာ ပျောက်ဆုံး မဲ ၁၈ မဲနှင့် ကန့်ကွက်မဲပေးသူ များတွင်  မည်သည့်ပါတီများမှ ကိုယ်စားလှယ်များပါဝင်သည်ကို လည်း တွေ့မြင်ရသည်။

ယင်းသို့မဲခွဲဆုံးဖြတ်သည့် စနစ်သည် မည်သူက ပြည်သူ အတွက် ရပ်တည်ပြီး မည်သူက တိုင်းပြည်အတွက် ရပ်တည်သည် ဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး အချိန်ကုန်ပါကလည်း ဆောင် ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသွားသည်။

7Day DAILY 

လယ်ထွန်စက်ဖြင့် ထွန်ယက်နေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လယ်ထွန်စက်ဖြင့် ထွန်ယက်နေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 စက်ခလုတ်နှိပ် မဲ ပေးသော်လည်း မည်သည့်ကိုယ် စားလှယ်က ထောက်ခံ၊ကန့်ကွက်သည်ကို သိနိုင်သည့် Open Votingစနစ်ဖြင့် လယ်ယာသုံးစက်ကိရိ ယာများဝယ်ယူရန် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၁၀၀ ရယူ မည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိ ခဲ့သည်။

တရားရေးနယ်ပယ်သည် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုတွင် ပျော်မွေ့နေဟု သူရဦးအောင်ကိုပြော

တရားရေးနယ် ပယ်သည် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲ၌ ပျော်မွေ့ နေခြင်း နှင့် တရားရုံးအဆင့်ဆင့် အပြန် အလှန်ကာကွယ်ပေးနေခြင်းတို့ ကြောင့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ စိစစ် ရေး ကော်မတီ၏လုပ်ငန်းများ  ၉၀  ရာခိုင်နှုန်းမအောင်မြင်ဖြစ် နေရကြောင်း ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြောကြား လိုက်သည်။

မန္တလေးတွင် ခြင်းလုံးသင်တန်းကျောင်း ဖွင့်မည်

မန္တလေးမြို့အထွက်ရှိ တံတားဦးစကားအင်းအ၀ိုင်းအနီးတွင် သင်တန်းသား ရာချီလက်ခံ သင်ကြားပေးနိုင် မည့် ခြင်းလုံးသင် တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်

Photo: မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်
Friday, October 31, 2014

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးမှ ဦးဆောင်ကာ မျိုးစောင့် ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ် က မန္တလေးမြို့တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် မန္တလေးခရိုင် အတွင်းရှိ သံဃာတော်များနှင့် လူထုများအပါအ၀င် မိတ္ထီလာ၊ နေပြည်တော်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ဆည်စသည့် မြို့ရွာများ မှ သံဃာတော်များ၊ သီလရှင် ဆရာလေးများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ပြီး ဆန္ဒပြပွဲစီစဉ်သည့် မဘသ ဆရာတော်များက အင်အား တစ် သိန်းကျော်ဆန္ဒထုတ်ဖော်မည်ဟု သတင်းထုတ်ပြန်ပြီး ဆန္ဒပြပွဲ လာရောက်ကြည့်ရှုသူ မြို့ခံအချို့ က အင်အားသုံးသောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြောဆိုကြ သည်။

နေ့လယ် ၁ နာရီမှ ၄ နာရီ အထိ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် ၈၅ လမ်းနှင့် ၃၅ လမ်း ထောင့်မှ အိမ်တော်ရာဘုရား အထိ ၃၅ လမ်းတစ်လျှောက် ကြွေးကြော်သံများဖြင့် လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အိမ်တော်ရာဘုရားဝင်း အတွင်း ၁၄ ခန်းဓမ္မာရုံတွင် မျိုး စောင့်ဥပဒေဆိုင်ရာ လူထုဟော ပြောပွဲပြုလုပ်ခဲ့သည်။

အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ဘာသာကူး ပြောင်းရာတွင် အခြားဘာသာဝင် များအနေဖြင့် ၎င်းတို့ကိုးကွယ် သည့် ဘာသာအလိုက် အကာ အကွယ်ပေးထားသည့် ဥပဒေများ ရှိသည့်အတွက် ဗုဒ္ဓဘာသာအမျိုး သမီးများအနေဖြင့်လည်း ယင်းသို့ ဥပဒေအရ အကာအကွယ်ရစေ ရန်အတွက်   မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန်   တောင်းဆိုခြင်း ဖြစ်ကြောင်း မဘသ(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးအတွင်းရေးမှူး ဦးဣန္ဒြာစက္က က မိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မှာ လူ့အခွင့်အရေးကို တားမြစ် ပိတ်ပင်ခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာ သာအတွက် တရားနည်းလမ်း အရ အခွင့်အရေးတောင်းဆို ခြင်းသာဖြစ်သည်ဟု စာရေးဆရာ မယဉ်ယဉ်နုက   အိမ်တော်ရာ ဘုရား လူထုဟောပြောပွဲတွင် ပြောသည်။

မဘသဆရာတော်များက မျိုးစောင့်ဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လွှတ်တော်ကိုယ် စားလှယ်များကို တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ ကန့် ကွက်ရှုတ်ချနေသူများကိုလည်း လာရောက်ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ဆန္ဒပြပွဲအပြီး ထုတ်ပြန် သေ အချက်သုံးချက်ပါကြေညာ ချက်တွင် ဖော်ပြထားသည်။

မျိုးစောင့်ဥပဒေမပြဋ္ဌာန်း နိုင်သေးသရွေ့ နိုင်ငံအတွင်းရှိ အခြားမြို့ရွာများ တွင်လည်း ဆန္ဒ ထုတ်ဖော်တောင်းဆိုပွဲများ ဆက် လက်ပြုလုပ်သွားမည်ဟု မဘသ ဆရာတော်များကမိန့်သည်။

7Day DAILY 

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ−မောင်တာ)
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ−မောင်တာ)
 အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးမှ ဦးဆောင် ကာ မျိုးစောင့် ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ်က မန္တလေးမြို့တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်သမန်အင်းနှင့် ဦးပိန်တံတားထိန်းသိမ်းရန်အဖွဲ့ ဖွဲ့စည်းမည်

တောင်သမန်အင်းနှင့် ဦးပိန်တံတားရေရှည်တည်တံ့စေ ရေးအတွက် မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများ ပါဝင် သည့် အဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းကာ ထိန်းသိမ်း စောင့်ရှောက်သွားမည်   ဖြစ် ကြောင်း သတင်းရရှိသည်။

ကော်သူးလေ တပ်မတော်ကို စောဘဦးကြီး၏ မူလေးချက်ပေါ်တွင် ရပ်တည်ဖွဲ့စည်းမည်

ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းခြင်း အစည်းအ ဝေးအပြီးတွင် KAF ကို ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးပါဝင်သော ဦးဆောင်မှုဖြင့် တည်ဆောက်သွား ကြရန်နှင့် ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူ လေးချက်ပေါ်တွင် ရပ်တည်ဖွဲ့ စည်းသွားကြမည်ဖြစ်ကြောင်း သ ဘောတူညီမှု ရရှိခဲ့သည်။