အသစ် စတင်မည့် စတော့အိတ်ချိန်း ဈေးကွက်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ F.M.I ကုမ္ပဏီနှင့် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း (MAPCO)စသောအများ ပိုင်ကုမ္ပဏီသုံးခုနှင့်စတင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာခွန် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောကြားသည်။
Sunday, 28 September 2014
ဦးတေဇ ကိုယ်ရေးအရာရှိ စီးသွားသည့် လေယာဉ်ပျောက်ဆုံးနေ၊ သမ္မတရုံးကို အကြောင်းကြားထား
ပျောက်ဆုံးနေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရေး လုပ်ဆောင်နေစဉ် ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး သွားသည်မှာ ၁၉ နာရီကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို စက်တင်ဘာ ၂၈ ရက် မနက်က ပြောသည်။
ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ သတင်းတပ်သားတစ်ဦး မောင်တောတွင် ဖမ်းဆီးရမိဟုဆို
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီလက်နက်ကိုင် တပ်ဖွဲ့ဝင်ဟုယူဆရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အစိုးရနှင့် DKBA တပ်များ ကျိုက်မရောမြို့နယ်အတွင်းတွင် တိုက်ပွဲထပ်မံ ဖြစ်ပွား
ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာအနီးတွင် စက်တင်ဘာ ၂၈ ရက် နံနက်မှစတင်ကာ အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်
ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ်ပူးတွဲကြေညာချက်တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
NLD ပါတီ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးအင်အားစု တည်ထောင်

ပြင်ပရောက် NLD ပါတီ အဖွဲ့ဝင်ဟောင်းများ တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒသန်ခန်းမတွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ကေဇူး၊ မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြင်ပရောက် အဖွဲ့ဝင်ဟောင်း များက ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့အမည်ဖြင့် နိုင်ငံရေးအင်အားစု တစ်ရပ် တည်ထောင်ကာ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု များ ပြုလုပ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။
အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်
ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာ ချက် တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
Saturday, 27 September 2014
ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်
ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။
အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။
ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။
ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
Friday, 26 September 2014
တရုတ်တွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် ကလေးငယ် လေးဦး သေဆုံး
တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကြောင့် မူလတန်း ကျောင်းသူကျောင်းသား ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုကာ လုံခြုံရေး ဆောင်ရွက်ပေးရန် မုံရွာတက္ကသိုလ် ကျောင်းသား (၃) ဦးက ပါမောက္ခချုပ်ထံ တင်ပြ တောင်းခံ
မုံရွာ တက္ကသိုလ်တွင် ယခုလက်ရှိ ဖြေဆိုခဲ့ပြီးသည့် စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် မှုများနှင့် တွေ့ ကြုံနေသည်ဟု ဆိုကာ လုံခြုံမှုပေးရန် မုံရွာတက္ကသိုလ် ကျောင်းသားသုံးဦးက တက္ကသိုလ် ပါမောက္ခချုပ် ထံသို့ တင်ပြ တောင်းခံ ထားကြောင်း သိရသည်။
လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား

ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန် လည် ဖွဲ့စည်း လိုက်ပါတယ်။
နိုင်ငံရေးမူဘောင် ချမှတ်ရန် သုံးပွင့်ဆိုင် ဆွေးနွေးမှု ဒုတိယအကြိမ် ပြုလုပ်မည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ချမှတ်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယအကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
PR စနစ် ကျင့်သုံးမှုကို ထောက်ခံကြောင်း တစညပါတီ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာ
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးရန် လွှတ်တော်နှစ်ရပ်က ပြင်ဆင်နေမှု ကို ထောက်ခံကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ၏ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးထုပါဝင်မှုနည်းပါးနေဟုဆို

မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အမျိုးသမီးထုပါ ဝင်မှု အလွန်တရာ နည်းပါးနေကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒုဥက္ကဌ-၁ ဖြစ်သူ စောစံငြိမ်းသူ က ထောက် ပြပြောဆိုသည်။
ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ၊ ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

ခေါင်းလောင်းတွေ့ရှိပြီဟုဆိုကာ လူထုကိုလိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။
ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး

မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)
