ပြည်ပမှတင်သွင်းသော ကားအသစ်များ၏ ဆိပ်ကမ်းအရောက်တန်ဖိုး(CIF)ကို အရောင်းပြ ခန်းနှင့် ပြင်ပမှ တင်သွင်းသူများအတွက် သတ်မှတ် ပေးသော နှုန်းထားမတူညီခြင်းမှာ တရားမျှတမှု မရှိကြောင်း မြန်မာ နိုင် ငံ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ဝေဖန်ပြောကြားသည်။
Monday, 18 August 2014
နှစ် ၂၀ ကျော်က ကွန်ဒိုအများစု အရည်အသွေးပိုင်း အားနည်းဟုဆို
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က တည် ဆောက်ခဲ့သည့် ကွန်ဒိုတိုက်ခန်း အများစုမှာ အရည် အသွေးအား နည်းနေကြောင်း ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းပညာရှင် ဒေါက်တာ ကျော်လတ် က ပြောကြားသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှု စက်ရုံများကို အာမခံကြေးပေးသွင်းစေရန် အလုပ်သမားဝန်ကြီးအကြံပြု
မာစတာစပေါ့ဖိနပ်စက် ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားထွက် ပြေးတိမ်းရှောင်သွားပြီးနောက် ပြည်ပမှ ရင်းနှီးမြှု ပ်နှံ သူ များအား အာမခံကြေး ပေးသွင်းပြီးမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန်ရင်းနှီး မြှုပ်နှံမှုကော်မရှင်ထံသို့ အကြံပြု ထားကြောင်းအလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦး အေးမြင့်ကပြောသည်။
ထိုင်းတွင် မြန်မာလုပ်သား သုံးဦး အသတ်ခံရ
ထိုင်းနိုင်ငံတွင် မြန်မာ လုပ်သားနှစ်ဦး အသတ်ခံခဲ့ရ သည့်အပြင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးပါ အဓမ္မပြုကျင့် အသတ်ခံခဲ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကို မြန်မာအစိုးရက ပါဝင်ဖြေရှင်းနိုင်ရေး သံရုံး သို့ အချက်အလက်များပေးပို့ သွားမည်ဖြစ်ကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED)မှ သတင်းရရှိသည်။
ဘင်္ဂါလီသုံးဦးထံမှ အမေရိကန်ထုတ် ပစ္စတို သေနတ်တစ်လက် သိမ်းဆည်းရမိ
မောင်တောမြို့နယ် တောင်ပိုင်း ကိုးတန်ကောက် ကျေးရွာနှင့် သ၀င်ချောင်းတောင် ကြားတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်နေသော ခလရ ၂၃၄ တပ်မှ ဗိုလ်မှူးဇော်ဇော် ဦးဆောင် သည့် လုံခြုံရေး တပ်ဖွဲ့သည် သြဂုတ် ၁၃ ရက် ညနေပိုင်းက ဘင်္ဂါလီသုံးဦးကို မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ထွက် ပြေးသွားရာ အဆိုပါနေရာမှ အမေရိကန်ထုတ် ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက အတည်ပြုပြောကြား သည်။
Sunday, 17 August 2014
အူရီးဒူးဖုန်းလိုင်း ရန်ကုန်မှာပင် အဆင်မပြေသေး
အူရီးဒူးဆင်းမ်ကတ်များ
ကို ဩဂုတ် ၁၅ ရက်မှစ၍ ကောင်း မွန်စွာ အသုံးပြုနိုင်မည်ဟု
ပြောကြားထားသော်လည်း လက်ရှိ ရန်ကုန်မြို့၌ပင် ဖုန်းခေါ်ဆိုမှုခက်ခဲခြင်းနှင့်
အချို့နေရာများတွင် လိုင်းမမိသည့် ပြဿနာများကြုံတွေ့နေရသေးကြောင်း မိုဘိုင်း ဖုန်းအသုံးပြုသူများထံမှ သတင်းရရှိသည်။
‘‘အူရီးဒူးဖုန်းလိုင်းကောင်း၊ မကောင်းတော့ မသိဘူး။ အခု အချိန်ထိ လိုင်းက သိပ်မကောင်း လို့ ဖုန်းကိုကောင်းကောင်းမပြော ရသေးဘူး’’ဟု ရန်ကုန်မြို့နေ အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ တစ်ဦးက ပြောသည်။
အူရီးဒူးဆင်းမ်ကတ်များဖြင့် ဖုန်းခေါ်ဆိုရသည်မှာယခင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်အဆင်ပြေလာသော်လည်း လက်ရှိအချိန်ထိ အချို့ဧရိယာများတွင် လိုင်းပျောက်သွားသည့် ပြဿနာကိုကြုံတွေ့နေရသေးကြောင်း လူကြီးမင်းစီးပွားရေးလုပ်ငန်းစု မန်နေဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းက ပြောသည်။
‘‘အူရီးဒူးဖုန်းလိုင်းကောင်း၊ မကောင်းတော့ မသိဘူး။ အခု အချိန်ထိ လိုင်းက သိပ်မကောင်း လို့ ဖုန်းကိုကောင်းကောင်းမပြော ရသေးဘူး’’ဟု ရန်ကုန်မြို့နေ အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ တစ်ဦးက ပြောသည်။
အူရီးဒူးဆင်းမ်ကတ်များဖြင့် ဖုန်းခေါ်ဆိုရသည်မှာယခင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်အဆင်ပြေလာသော်လည်း လက်ရှိအချိန်ထိ အချို့ဧရိယာများတွင် လိုင်းပျောက်သွားသည့် ပြဿနာကိုကြုံတွေ့နေရသေးကြောင်း လူကြီးမင်းစီးပွားရေးလုပ်ငန်းစု
တရုတ် ဂက်စ်ပိုက်လိုင်း နိုင်ငံရေးကြောင့်သာ ဖောက်လုပ်ခဲ့ပုံရ
မျှော်မှန်းထားသလောက်
အလုပ်မဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက် သွယ်ထားသည့်
ဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်အစိုးရပိုင် China National Petroleum
Coroporation(CNPC) က ဖောက်လုပ်ခဲ့ခြင်းမှာ လက်တွေ့ကျသော
အကြောင်းပြချက်များထက် ဘေဂျင်းမြို့တော်မှ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို
စိတ်ကျေနပ် မှုရစေရန် ဖြစ်ကြောင်း စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းတခုက
ဆိုသည်။အဆိုပါပိုက်လိုင်းကို တရုတ်နိုင်ငံ စွမ်းအင်အရင်း အမြစ်ရရှိရန်
ဆောင်ရွက်နေသော ဗျူဟာမြောက် စင်္ကြံ အမြောက်အမြားထဲမှ တခုအနေဖြင့် ဆက်သွယ်ရန်
တရုတ်စွမ်းအင် ဗျူဟာပညာရှင်များ၏ ကန့်ကွက်မှုများကို ဆန့်ကျင်၍ CNPC ၏
ဥက္ကဋ္ဌဟောင်း Jiang Jieminက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“တရုတ်
စက်မှုလုပ်ငန်း ပညာရှင်တွေက ကန့်ကွက်ခဲ့ပေမယ့် Jiang Jiemin က အမေရိကန်
ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမည့် မြန်မာဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၀
မှာ စတင်လုပ်ဆောင်ခဲ့ ပြီးတော့ ၂၀၁၃ ခုနှစ် ဇွန်လမှာ ပြီးစီးခဲ့ပါတယ်။
လေ့လာအကဲခတ်သူတွေ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း ပါပဲ။

ကျောက်မျက်အတုအစစ်ခွဲခြားသည့် ဓာတ်ခွဲခန်းရလာဒ်များ မတိကျမှုကြောင့် ကျောက်သမားများ အခက်ကြုံနေရဟုဆို
ကျောက်မျက် အတုအစစ် ခွဲခြားသည့် ဓာတ်ခွဲခန်း ရလာဒ်များ မတိကျမှုကြောင့်
မန္တလေးမြို့ အခြေစိုက် ကျောက်သမားများ အနေဖြင့် ကျောက်မျက် ရောင်းဝယ်ရာတွင်
အခက်အခဲ ကြုံတွေ့ရလျက်ရှိသည်ဟု တညီတညွှတ်တည်း ပြောသည်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)အတွင်းရေးမှုး ဦးသိုက်ထွန်းက ဓာတ်ခွဲခန်း ရလာဒ်များ မတူညီမှုကြောင့် ရောင်းဝယ်သူများ အနေဖြင့် သံသယဖြစ်ဖွယ်ကိစ္စများ ကြုံတွေ့ရသည်မှာ မဖြစ်သင့်ပဲ ဓာတ်ခွဲခန်းများ အနေဖြင့် ရလာဒ်တူညီရန်လိုအပ်ကြောင်း၊ စမ်းသပ်စစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများသည်လည်း အဖြေကိုတိတိကျကျထုတ်ပေးနိုင်ရန်လိုအပ်သည်ဟု အကြံပြုပြောဆိုသည်။“ဒီကဓာတ်ခွဲခန်းမှာ ကျောက်ကို သွားစစ်လိုက်တော့ ကျောက်စိမ်းအစစ်ဆိုပြီးအဖြေထွက်လာတယ်။ဒါနဲ့ ၁၈သိန်းနဲ့ ဝယ်လိုက်တယ်။ပြီးတော့ တရုတ်ပြည်ပို့လိုက်တော့ ဟိုက စက်တွေနဲ့ စစ်လိုက်တဲ့အခါ အတုဆိုပြီး ပြန်ပို့လိုက်တယ်.စရိတ်ရှုံးတာပေါ့”ဟု ၎င်းကဆိုသည်။

ကိုးလ်ဂိတ် သွားတိုက်ဆေးတွင် ထရိုင်ကလိုစန်ဓာတုပစ္စည်းပါဝင်၍ သုံးစွဲရန်မသင့်နှင့်ပတ်သက်၍ ရှင်းလင်း
ကိုးလ်ဂိတ်သွားတိုက် ဆေးနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများ မှန်ကန်တိကျ မှုမရှိကြောင်းနှင့် ပါဝင်သည့် ဓာ တုပစ္စည်းသည်လည်း
လူ၌ ကင်ဆာဖြစ်နိုင်ဖွယ်မရှိဟု Colgate- Palmolive ကုမ္ပဏီ မြန်မာနိုင်ငံ
အခြေစိုက်ရုံးခွဲ မန်နေဂျာ မစ္စတာ Durgesh Chugh က တုံ့ပြန် ပြောဆိုသည်။‘‘ထွက်ပေါ်နေတဲ့ သတင်း တွေနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်း တွေကို
ယုံယုံကြည်ကြည်နဲ့ သုံး လို့ရပါတယ်။ ကင်ဆာဖြစ်စေတဲ့
ထရိုင်ကလိုစန်ဓာတ်ဆိုတာကလည်း တိရစ္ဆာန်တွေမှာပဲ တွေ့ နိုင်တာပါ။ လူတွေမှာ
မဖြစ်စေပါ ဘူး’’ဟု ၎င်းက 7Day Daily အား ပြောကြားသည်။ခြောက်ထပ်တိုက်အပေါ်ဆုံးထပ်မှ ဆန်းရှိတ်ပြိုကျပြီး တိုက်အနည်းငယ်ယိုင်သွား၍ နေထိုင်သူများကို ရွှေ့ပြောင်း
ရန်ကုန်- တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ခြောက်ထပ်တိုက်တစ်လုံး
အပေါ်ဆုံးထပ် ဆန်းရှိတ် (နေကာအမိုး) ပြိုကျကာ တိုက်မှာနောက်သို့အနည်းငယ်
ယိုင်သွားသောကြောင့် နေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။
သမာဓိလမ်းရှိ အိမ်အမှတ် ၈၃၆၊ ခြောက်ထပ်တိုက်၏ အပေါ်ဆုံးထပ် ညာဘက်အခြမ်းရှိ ဆန်းရှိတ်မှာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ် ၀န်းကျင်တွင် ပြိုကျခဲ့သည်။ဆန်းရှိတ်ပြိုကျခဲ့သော အရှိန်ကြောင့် တိုက်သည် အနောက်သို့အနည်းငယ် တိမ်းစောင်းခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိသူ မရှိပေ။ အဆိုပါတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်သာရှိသေးကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ကို တရားရုံးက အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်း
![]() |
| (ဓါတ်ပုံ - မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းကို သြဂုတ် ၁၄ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ ) |
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန်မြေများ သိမ်းဆည်းခံရမှု ပြန်လည်ရ ရှိရေးအတွက် မိကျောင်းကန်ပြည်သူများ က သပိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန္ဒပြ ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာ မြို့နယ်တရားရုံးလေးရုံးတွင် ဦးဆောင်သူ ဦးစိန်သန်းကို တရားစွဲဆိုထားပြီး ဗဟန်း တရားရုံးမှ အာမခံကြေး နှစ်ဦးပေါင်းကျပ် သိန်း ၆ဝဝ နှင့် ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းနယ်မြေတွင်း ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်များကို ယူကရိန်း ပစ်ခတ်

ယူကရိန်းနယ်မြေတွင်းသို့ ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်တန်းကို ယူကရိန်းစစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
သံချပ်ကာ ယာဉ်တန်းမှာ ရုရှားအမြဲတမ်း တပ်ဖွဲ့ဝင်များ ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဖမ်းဆီး သို့မဟုတ် ဖျက်ဆီးခံရသော စစ်သုံးယာဉ်များမှာ ရုရှားစစ်ဘက်ဆိုင်ရာ ယာဉ်များ ဖြစ်သည်ကို ဖော်ပြနေသည့် အထောက်အထားများ တွေ့ရှိရသည်။
ညအမှောင်ထုကို အကာအကွယ်ယူပြီး နယ်ခြားဒေသကို ရုရှားစစ်ယာဉ်တန်း ဖြတ်ကျော် ဝင်ရောက်လာသည်ကို ယူကရိန်းတပ်ဖွဲ့ဝင်များ ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ယူကရိန်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ လူရှန်ကိုက ပြောကြားသည်။
“လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုတော့ အဲဒီစစ်ယာဉ်တန်း မရှိတော့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဇုန်အတွင်း အခြေအနေမှာ ရှုပ်ထွေးလာပြီး ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များကို တိုက်ထုတ်နေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များကို ရုရှားနယ်မြေတွင်းမှ နေ၍ အမြောက်များဖြင့် တိုက်ခိုက်မှုများလည်း ပေါ်ပေါက်လာကြောင်း ယူကရိန်းတပ်မတော်က ပြောကြားသည်။
ပင်လယ်သေမှာ ရေနစ်မသေဘူး
Dead Sea ဆိုတာ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးပြီး ထူးခြားတာက
ဒီပင်လယ် ထဲက ရေရဲ့ ထူးခြားချက်ကြောင့် လူတွေဟာ ရေနစ်လို့ မသေနိုင်ပါဘူး။ ပင်လယ်ရဲ့ နာမည်ဟာ အာရပ်ဘာသာစကားအရ The Sea of Death လို့ ဆိုပေမယ့် ဆားဓာတ်ပါဝင်မှု အလွန်များတဲ့ ပင်လယ် ကြီး ဖြစ်ပါတယ်။
အရှေ့ဘက်မှာ ဂျော်ဒန်နိုင်ငံ တည်ရှိပြီး အနောက်ဘက်မှာ အစ္စရေးနဲ့
ပါလစ္စတိုင်းတို့ ရှိပါတယ်။ Dead Sea ရဲ့ ရေမျက်နှာပြင်ဟာ
ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၁၄ဝဝ လောက်နိမ့်ပါတယ်။ ပြောရရင် ကမ္ဘာ့
အနိမ့်ဆုံးနေရာတခုပါဘဲ။ Dead Sea ရဲ့ ရေအနက်ဟာ ပေ ၁ဝဝဝ ကျော် ရှိပြီး ပင်လယ်လို့နာမည်ခေါ်ပေမယ့် ကန် အမျိုးအစား သာ ဖြစ်ပါတယ်။
ထူးခြားတာက ဆားပါဝင်မှုက အလွန်များပြီး ရေတလီတာမှာ ဆားက ၁.၂၅ ကီလိုဂရမ်လောက်
ပါဝင်တာ မို့ ဒီ သတ္တိကြောင့် လူတွေ၊ တိရိစ္ဆာန်တွေဟာ ရေထဲမှာ
ပေါလောပေါ်စေပါတယ်။ Dead Sea မှာ ဆား ဓာတ် ပါဝင်မှုက ပုံမှန် ပင်လယ်ထဲက ဆား
ဓာတ်ပါဝင်မှုထက် ၉ ဆနီးပါး ပိုပါတယ်။
ဖုန်းနှင့် လက်ပ်တော့များ ကိုင်ထားပြီး လမ်းပျောက်နေသူများကို သတိထား

လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက်ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။
အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။
ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်းကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။
ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။
သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။
လှိုင်သာယာစက်မှုဇုန် စွန့်ပစ်ရေဆိုးတွင် ဇီဝမျိုးစုံ ပျက်စီးနိုင်သော BOD အမြင့်ဆုံး ပါဝင်
စက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင် စနစ်တကျ မရှိ၍ စက်ရုံ၊
အလုပ်ရုံများမှ စွန့်ထုတ်သော ရေဆိုးရေညစ်များကြောင့် ရေညစ်ညမ်းမှု များလာကာ
အနီးတစ်ဝိုက်တွင် နေထိုင်သူများ၏ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ရာ
လှိုင်သာယာ စက်မှုဇုန်တွင်းရှိ ရေဆိုးထဲတွင် ဇီဝမျိုးစုံ ပျက်စီးနိုင်သော
ဇီဝအောက်ဆီဂျင် လိုအပ်ချက် (BOD- Biochemical Oxygen Demand) အမြင့်ဆုံး
ဖြစ်နေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ
ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာဦးကျော်ငြိမ်းက ပြောကြားသည်။
ယင်းစက်မှုဇုန် တစ်ဝိုက်တွင် စစ်တမ်း ကောက်ယူမည့်နေရာ ၁၃ ခု သတ်မှတ်ကာ ရေဆိုးစနစ်များကို ကောက်ယူခဲ့ရာ ဇီဝအောက်ဆီဂျင် လိုအပ်ချက် (BOD) တိုင်းတာရာတွင် ယင်းနေရာ အားလုံးသည် 400 mg/Lအထက် ကျော်နေပြီး ဆောင်းရာသီနှင့် နွေရာသီတို့တွင် ရေပုပ်သိုးမှု ပမာဏ များပြားကာ ကလိုရိုက် ပါဝင်မှုလည်း အလွန်မြင့်မားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်သာရှိ ယခုလအတွင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမည်ဟုဆို
မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ ကျော်ရှိသည်ဟု ခန့်မှန်း နေသော်လည်း
လက်ရှိ ကောက်ခံရရှိနေ သည့် သန်းခေါင်စာရင်းများအရ သန်း ၅ဝ ကျော်သာရှိပြီး
လူဦးရေစာရင်း အတိအကျ အား ယခုလ စတုတ္ထအပတ်တွင် ပွင့်လင်း မြင်သာစွာဖြင့်
အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ တစ်နိုင်ငံလုံး
သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့လုပ်ငန်းတာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည် သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ကြိုင်က
ဖလားဝါးနယူးစ်ဂျာ နယ်သို့ ပြောသည်။
ယင်းကဲ့သို့ ထုတ်ပြန်ပေးရာတွင် ကောက်ခံခဲ့သည့် နေရာ၊ မြို့နယ်၊ တိုင်းဒေ သကြီးများအလိုက် ကောက်ခံရရှိမှုနှင့် မ ကောက်ခံခဲ့ရသည့် နေရာများကိုပါ အတိ အကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ကောက် ခံရရှိခဲ့သည့် စာရင်းများအရ မြန်မာနိုင်ငံ တွင် အိမ်ထောင်စုပေါင်း ၁၂ သန်းကျော် ရှိကြောင်း သိရသည်။

ကျပ်သန်း ၁ဝဝဝ ကွာဟနေမှုကို ပြည်နယ်လွှတ်တော် အစည်းအဝေး၌ တရားဝင်ဖြေရှင်းပေးစေလို
ပြည်ထောင်စု ဘတ်ဂျက်ဥပဒေအရ မွန်ပြည်နယ်အစိုးရ အဖွဲ့သို့
ထောက်ပံ့ငွေပမာဏနှင့် မွန်ပြည် နယ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေအကြား ကျပ်သန်း
၁ဝဝဝ ကွာဟနေမှုကို မွန်ပြည် နယ်အစိုးရမှ ပြန်လည်ရှင်းလင်းခဲ့သော်လည်း
လွှတ်တော်နှင့် အစိုးရအကြား လူထု၏ဘဏ္ဍာ ရန်ပုံငွေကို သုံးစွဲနေသည့်
အုပ်ချုပ်ရေးအဖွဲ့ ၏တာဝန်ခံမှုကို ပိုမိုပီပြင်ရန် လာမည့်ပြည် နယ်လွှတ်တော်
အစည်းအဝေးသို့ တရား ဝင် စာပို့စေလိုသည်ဟု မွန်ပြည်နယ်လွှတ်
တော်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးက ဆိုသည်။
''ကျွန်တော်တို့ကော်မတီက တ ရားဝင် စာပို့ထားတဲ့အတွက် ဝန်ကြီးတို့က လာမယ့်လွှတ်တော်အစည်အဝေးမှာ ဒီလို ဖြစ်တာကို တင်ပြမယ်ဆိုတဲ့တရားဝင်ပြန် စာ(Offcially Reply)ကို ပို့ပေးစေချင်တယ်။ ဒါမှသာလျှင် လွှတ်တော်နဲ့ အစိုးရအကြား လူထုရဲ့ ဘဏ္ဍာရန်ပုံငွေကိုသုံးစွဲနေတဲ့ အုပ် ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံမှုကို ပိုပြီးပီပြင် တယ်လို့ အကြံပြုထားတယ်။ အစိုးရအဖွဲ့ ကလဲ တရားဝင်စာပို့ပေးပါမယ်လို့ ကတိပေး ထားတယ်''ဟု ဦးအောင်နိုင်ဦးကပြောသည်။

မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ် သတ်မှတ်ချက် ပြင်ဆင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်တွင်
ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် မော်ဒယ်လ်နှစ် သတ်မှတ်ချက်အချို့ကို
ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အဆိုပါဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က
ပြောကြားသည်။
ယင်းသို့ ပြင်ဆင်သတ်မှတ်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် အစားထိုး တင်သွင်းသည့် ယာဉ်များကို ယမန်နှစ် သတ်မှတ် မော်ဒယ်လ်ထက် မော်ဒယ်လ်တစ်နှစ် လျှော့ချ (၂၀၀၁ မော်ဒယ်လ်မှ ၂၀၀၉ မော်ဒယ်လ်အထိ) တင်သွင်းရမည် ဖြစ်ပြီး မော်တော်ယာဉ် အသစ်များ (Brand New) တင်သွင်းမည် ဆိုပါက ရောက်ရှိ နှစ်ထက် တစ်နှစ်တိုး၍ (၂၀၁၅ မော်ဒယ်လ်) တင်သွင်းရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းက ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် အသင်းသား စုံညီအစည်းအဝေးနှင့် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွှန့် စီးပွားရေးအဆောက်အအုံတင်ဒါ ဂမုန်းပွင့်ရရှိသွားခြင်းကို စည်ပင်ရှင်း
မင်္ဂလာတောင်ညွန့်မြို့ နယ်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက စီးပွားရေး အဆောက်အအုံများတည်ဆောက်ရန် တင်ဒါခေါ်ယူရာ အားနည်းချက်များရှိနေသော ကြောင့် Sun Mon Star ကုမ္ပဏီ ကို ရွေးချယ်ခြင်းမရှိဘဲ ဂမုန်းပွင့် ကုမ္ပဏီကိုသာ ရွေးချယ်ရခြင်းဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်နှင့် မြန်မာ့ဂုဏ် ရည်လမ်းထောင့်တွင် မြေ ရှစ်ဧကကျော်ကို စီးပွားရေးအဆောက် အအုံများ တည်ဆောက်ရန် တင် ဒါခေါ်ယူခဲ့ရာ တင်ဒါရွေးချယ် မှုအပိုင်းတွင် မျှတမှုမရှိကြောင်း ရွေးချယ်ခြင်း မခံခဲ့ရသည့် Sun Mon Star ကုမ္ပဏီမှတာ ၀န်ရှိသူများက ပြောဆိုထားခြင်း ကို အထက်ပါအရာရှိက ပြန် လည်ဖြေရှင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
‘‘သူတို့ရဲ့ တင်ပြချက်က ကောင်းပါတယ်။ ဒါပေမဲ့ တင်ဒါမူ ၀ါဒပိုင်းရဲ့စည်းကမ်းပိုင်းအချို့မှာငြိနေတာတွေရှိတယ်။ လုပ်ကိုင် ခွင့်ရှိမယ့် ကုမ္ပဏီကို ရွေးချယ်ပြီး တဲ့ အချိန်ပြီးမှ သူတို့က ရင်းနှီး မြှုပ်နှံမယ့် ငွေပမာဏကို တိုးပေး တယ်။ ဒါကြောင့် သူတို့ကို မရွေး ချယ်ရတာပါ’’ ဟု အထက်ပါ အရာရှိကဆိုသည်။

အမေရိကန်နိုင်ငံ Ferguson မြို့ ကာဖျူးထုတ်

မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ရှင်းလင်းနေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စု ထဲက Ferguson မြို့မှာအရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
Subscribe to:
Posts (Atom)