
သြဂုတ် ၁၁ ရက်မှစ၍ ကိုးလ်ဂိတ်တိုတယ်(Colgate Total) သွားတိုက်ဆေးတွင် ထရိုင်ကလို စန်(Triclosan) ဓာတုပစ္စည်းပါဝင်နေကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်ကိုမှန်ကန်မှုမရှိကြောင်း ယခုကဲ့သို့ တုံ့ပြန် ပြောဆိုလိုက်ခြင်းဖြစ် သည်။
အမေရိကန်နိုင်ငံ မင်နီဆိုး တားပြည်နယ်တွင် ထရိုင်ကလိုစန်ပါသော ထုတ်ကုန်အများစု ရောင်းချခွင့်ပိတ်ပင်ခဲ့ပြီးနောက် Bloom berg သတင်းဌာနမှ ရေးသားဖော်ပြခဲ့သည်။ South China Morning Post သတင်းစာ၌လည်း ဟောင်ကောင်စားသုံးသူများကောင်စီက ၎င်းကိုးဂိတ်တိုတယ်သွားတိုက်ဆေးထဲ၌ ဓာတုပစ္စည်း(ထရိုင် ကလိုစန်)သည် ပါဝင်ရမည့် ပမာဏထက်ပိုနေခြင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်သည်ကို ရှာဖွေ တွေ့ရှိထားကြောင်း ရေးသားဖော်ပြခဲ့သည်။
သို့သော် ၂၀၁၀ပြည့်နှစ်က ကယ်လီဖိုးနီးယား တက္ကသိုလ်တစ်ခုမှ သုတေသနပြုချက်တွင်မူ ငါးနှင့် ကြွက်တိရစ္ဆာန် နှစ်မျိုးအား အဆိုပါဓာတုပစ္စည်းနှင့် မိနစ် ၂၀ ခန့် ထိတွေ့စေရာ၌ နှလုံးကြွက်သားစွမ်းဆောင်ချက်မှာ လေးပုံတစ်ပုံခန့် ကျဆင်းသွားသည်ကို တွေ့ရသည်ဟုဆိုသည်။
‘‘လက်ရှိအနေအထားအရ တော့ တိရစ္ဆာန်တွေမှာပဲ စစ်ဆေး ဖူးသေးတယ်လို့ ဖော်ပြထားတော့ လူတွေမှာ အန္တရာယ်ရှိ၊မရှိတော့ မပြောနိုင်သေးဘူး။ ထပ်ပြီး စမ်းသပ်ဖို့တော့ လိုသေးတာပေါ့။ စိတ်မချရရင်တော့ မသုံးတာ အ ကောင်းဆုံးပါပဲ။ အဲဒါကြောင့်ရ မယ့် ရောဂါတွေကလည်း ချက်ချင်းမဖြစ်ပွားဘဲ အချိန်ကြာမှ ဖြစ်တာဆိုတော့ သုတေသနတော့ ပီပီပြင်ပြင်လုပ်ဖို့လိုတယ်’’ဟု ဒေါက်တာ မြင့်ဦး(ဂျီပီ)က သုံးသပ်ပြောဆိုသည်။
အဆိုပါထရိုင်ကလိုစန်ဓာ တုပစ္စည်းကို ၁၉၇၂ ခုနှစ်က တည်းမှ စတင်၍ လူ့အသုံးအ ဆောင်ပစ္စည်းများဖြစ်သည့် ဆပ် ပြာ၊ သွားတိုက်ဆေး၊ ချွေးနံ့ ပျောက်ဆေး၊ လက်သန့်ဆေးများ နှင့် ဆေးရုံဆေးခန်းများတွင် အသုံး ပြုသည့် လက်ဆေးရည်များ၌ ထည့်သွင်းအသုံးပြုခဲ့ကြပြီး ယင်း ဓာတုပစ္စည်းမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနှင့် မှိုများကို သေစေ နိုင်ကြောင်း ဒေါက်တာမြင့်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံဈေး ကွက်အတွင်း၌လည်း ယင်းသွား တိုက်ဆေးများကို ရောင်းချလျက် ရှိပြီး အဆိုပါသတင်းများထွက် ပေါ်နေခြင်းကို မသိရှိသေး ကြောင်းနှင့် ကိုးလ်ဂိတ်တိုတယ်သွားတိုက်ဆေးများမှာ ထိုင်းနိုင်ငံ ထုတ်ဟုပါရှိပြီး ဈေးနှုန်းမှာ ဘူး ကြီးတစ်ဘူးလျှင် ငွေကျပ် ၁၂၅၀ မှ ၁၅၀၀ ကြားဈေးနှုန်းရှိကြောင်း ဈေးဝယ်စင်တာအချို့မှ စုံစမ်း သိရှိရသည်။
‘‘Total သုံးနေကျလူတွေက Total ပဲ သုံးချင်တယ်။ အမြဲလာ မေးတဲ့ဈေးဝယ်သူတွေရှိတယ်။ သူက သွားတကယ်ဖြူပြီး သွားကျဉ်တာတွေလည်း ပျောက်တယ်။ ခဏခဏပစ္စည်းပြတ် တတ်တယ်’’ဟု Ocen စူပါမား ကက်မှ အရောင်းဝန်ထမ်းတစ်ဦး ကပြောသည်။
ထိုကဲ့သို့ နိုင်ငံတကာ သတင်းဌာနများမှ အဆိုပါသွား တိုက်ဆေးနှင့် ပတ်သက်၍ ကင် ဆာဖြစ်စေနိုင်ကြောင်း ရေးသား ဖော်ပြထားသော်လည်း အစား အသောက်နှင့် ပတ်သက်၍ လုံခြုံစိတ်ချရကြောင်း ထောက်ခံချက်ရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကမူ ယင်းကိစ္စများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်သွားရန် မရှိသေးကြောင်း သြဂုတ် ၁၆ ရက်ထုတ် The Voice Weekly တွင် ဖော်ပြပါရှိသည်။
ကိုးလ်ဂိတ်သွားတိုက်ဆေးကို အမေရိကန်နိုင်ငံ အခြေစိုက် Colgate-Palmolive ကုမ္ပဏီမှ ထုတ်လုပ်ခြင်းဖြစ်ပြီး သွားတိုက် ဆေး၊ သွားပွတ်တံများစသည့် လူ့အသုံးအဆောင်ပစ္စည်းအမျိုး ပေါင်း ငါးထောင်ကျော်ကို နိုင်ငံ ပေါင်း ၁၃၅ နိုင်ငံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
7daydaily
No comments:
Post a Comment