Sunday 17 August 2014

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်သာရှိ ယခုလအတွင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ ကျော်ရှိသည်ဟု ခန့်မှန်း နေသော်လည်း လက်ရှိ ကောက်ခံရရှိနေ သည့် သန်းခေါင်စာရင်းများအရ သန်း ၅ဝ ကျော်သာရှိပြီး လူဦးရေစာရင်း အတိအကျ အား ယခုလ စတုတ္ထအပတ်တွင် ပွင့်လင်း မြင်သာစွာဖြင့် အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့လုပ်ငန်းတာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ကြိုင်က ဖလားဝါးနယူးစ်ဂျာ နယ်သို့ ပြောသည်။
ယင်းကဲ့သို့ ထုတ်ပြန်ပေးရာတွင် ကောက်ခံခဲ့သည့် နေရာ၊ မြို့နယ်၊ တိုင်းဒေ သကြီးများအလိုက် ကောက်ခံရရှိမှုနှင့် မ ကောက်ခံခဲ့ရသည့် နေရာများကိုပါ အတိ အကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ကောက် ခံရရှိခဲ့သည့် စာရင်းများအရ မြန်မာနိုင်ငံ တွင် အိမ်ထောင်စုပေါင်း ၁၂ သန်းကျော် ရှိကြောင်း သိရသည်။
ဦးမြင့်ကြိုင်က ''အခုအချိန်မှာ အတိအကျ ပြောနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ၂ဝ၁၃ ခုနှစ်က ဂြိုဟ်တုကနေ ကောက်ကွက် တွေကို ဓာတ်ပုံရိုက်ထားတာတွေ ရှိတယ်။ အဲဒီကနေ ဘယ်နေရာမှာတော့ မကောက်ခဲ့ဘူး။ ဘယ်နေရာမှာတော့ ကောက်ခဲ့ တယ် ဆိုတာတွေကိုပါ ထုတ်ပြန်ပေးသွားမယ်''ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း ရိုဟင် ဂျာဆိုသူများကိုသာ သန်းခေါင်စာရင်း မ ကောက်ခံဘဲ ကျန်သည့် ရခိုင်တိုင်းရင်းသား များနှင့် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ခဲ့သည်ဟု သိရသည်။
ကချင်ပြည်နယ်တွင် နယ်မြေ အေးချမ်းမှု မရှိသည့်အတွက် သန်းခေါင် စားရင်းကောက်ယူမှုများ ကြန့်ကြာခဲ့ပြီး ကျေး ရွာပေါင်း ၂၅ အုပ်စုအား ကောက်ခံ ရယူ နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယင်းက ''လူဦးရေအတိအကျ ဆိုတာက နိုင်ငံတကာမှာလဲ သန်းခေါင်စာ ရင်း ကောက်ယူပြီးသွားရင် ၁ဝ နှစ်အတွင်း အထိပဲ မှန်တယ်။ ကျော်သွားရင် မမှန်တော့ ဘူး''ဟု ပြောသည်။
လက်ရှိ သန်းခေါင်စာရင်းကောက် ယူမှုတွင် ဆရာ၊ ဆရာမများ၏ ကောက်ယူ မှုများအား လူဦးရေတိကျစေရန်အတွက် အထပ်ထပ်အခါခါ စစ်ဆေးမှုများ ပြုလုပ်နေ ရသဖြင့် ယခုလ နောက်ဆုံးအပတ်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ယင်းကဆို သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းလေးဆယ် ကျော်မှ သန်းခေါင်စာရင်း ကောက်ယူမှုကို ၂ဝ၁၄ မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြန်လည် စတင်ကောက်ယူ ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment