နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့ လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြော ကြားရာတွင်
တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အတည်ပြုသည်။‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။ တပ်မတော်က အာဏာသိမ်းတာ လည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မ တော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ် ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြား သည်။