ဘင်္ဂါလီကိုးဦးကို ရန်ကုန်သို့ပို့ရန် ပူးပေါင်းကြံစည်သူ ငါးဦးဖြစ်ပြီး သုံးဦးကို ဖမ်းဆီးထားနိုင်ကာ နှစ်ဦးမှာ လွတ်မြောက်နေသောကြောင့် ဒေသတွင်း စစ် ဆေးရေးဂိတ်များ၌ ပိတ် ဆို့ဖမ်းဆီးထားရန် ညွှန်ကြားထား ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။‘‘စစ်ဆေးချက်အရ ဒီဖြစ်စဉ် မှာ ပွဲစားအပါအ၀င် ငါးယောက် ပူးပေါင်းပြီး ပို့ဖို့ကြိုးစားခဲ့တာ။ ရှေ့ပြေးကားတွေ ဘာတွေနဲ့ စနစ်တကျ စီစဉ်တာဗျ။ ပထမနှစ် ယောက်ဖမ်းတယ်။ နောက်အမျိုး သမီးတစ်ယောက် ထပ်ဖမ်းတယ်။ သူတို့ကို ပိုက်ဆံပေးမယ်ဆိုတဲ့ ပွဲ စားနှစ်ယောက် ထွက်ပြေးနေ တယ်။ ဖမ်းဖို့ လုပ်နေပါတယ်’’ ဟု ပြည်နယ်အဆင့် ရဲအရာရှိတစ် ဦးက ပြောသည်။ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့နယ်ရှိ ပဲ့ပဒုံစစ်ဆေးရေး ဂိတ်တွင် ဘင်္ဂါလီကိုးဦးကို ခေါ်ဆောင်လာသည့် ကားတစ်စီး ကို စစ်ဆေးရေးအဖွဲ့က ဖမ်းဆီး ခဲ့ပြီး ယာဉ်ပိုင်ရှင်အမျိုးသမီးနှင့် ယာဉ်မောင်းအမျိုးသားကို ထိန်း သိမ်းခဲ့သည်။ ထို့နောက် သံသယ ရှိသူ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး အဆိုပါ အမှုနှင့်ပတ်သက်နေသူ နောက်ထပ် အမျိုးသားနှစ်ဦးမှာ တိမ်းရှောင်နေကြောင်း အမ်းမြို့ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောကြားသည်။
Sunday, 29 June 2014
ဦးဆန်းဆင့်ကို ထိန်းသိမ်းခဲ့၍ ဧရာဝတီတိုင်းမှ လယ်သမားများ ဆန္ဒထုတ်ဖော်မည်
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အားထိန်းသိမ်းခဲ့သည့်အတွက် ဧရာဝတီ တိုင်းအတွင်းမှ လယ်သမားများ နှင့် ဒေသခံများက ဇူလိုင် ၁ ရက် တွင် ပန်းတနော်မြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒ ပြပွဲစီစဉ်သူများက ပြောသည်။အဆိုပါဆန္ဒပြပွဲကို နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး ပုသိမ်၊ ပန်းတနော်၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် ဒေးဒရဲ၊ မြောင်းမြ စသည့်ဒေသ တွင်း မြို့နယ်များမှ လယ်သမား များ၊ ဒေသခံများပါဝင်မည်ဖြစ် ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၏ ဧရာ ဝတီတိုင်းတာဝန်ခံဦးကြည်လွင် က ပြောသည်။
‘‘ဦးဆန်းဆင့်ဟာ တိုင်း လွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ပါတီမျက်နှာမကြည့်ဘဲ ပြည်သူ့မျက်နှာကြည့်ပြီး လုပ်တဲ့သူဖြစ်တယ်’’ဟု ဦးကြည်လွင်ကပြောသည်။ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဆန်းဆင့်သည် အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခံခဲ့ရပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က လယ်သိမ်းခံရမှုများ၊ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်အပါအ၀င်သူ၏အစိုးရ အဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည်သူဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။
GSM နှင့် WCDMA ဆင်းမ်ကတ်များ ၃၁ နိုင်ငံတွင် သယ်ယူအသုံးပြုနိုင်မည်
ပြည်တွင်းမှ GSM နှင့် WCDMA ဖုန်းများကို နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ယူဆောင်အသုံးပြုနိုင် မည့် International Outbound Roaming ဝန်ဆောင်မှုကို ၂၀၁၄ ဇူလိုင်လ ၂ ရက်မှစတင်ဝန်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှသတင်း ရရှိသည်။
‘‘ပြည်တွင်းကဖုန်းတွေကို နိုင်ငံတကာမှာအသုံးပြုခွင့်ရမှာ ဖြစ်တဲ့အတွက် ဆက်သွယ်ရေးက ပိုပြီးလွယ်ကူသွားမှာပါ။ လက်ရှိ မှာ Roaming ဝန်ဆောင်မှုက နိုင်ငံတကာမှာ အနည်းငယ်ဈေး ကြီးနေတယ်ဆိုပေမယ့် လုပ်ငန်း ရှင်တွေနဲ့ အရေးကြီးကိစ္စရှိသူတွေ အတွက် အဆင်ပြေနိုင်ပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးငွေ သောင်းကပြောသည်။
ပြည်ပနိုင်ငံများသို့ သွား ရောက်နေစဉ် သယ်ဆောင်အသုံး ပြုနိုင်မည့် International Roa-ming စနစ်ကို ယခင်က အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း၄၆ နိုင်ငံမှ အော်ပရေတာ ၇၇ ခု၏GSM/WCDMA မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံတွင်းသို့ Inbound Roaming အဖြစ် လာရောက်သုံးစွဲ နိုင်နေရာ မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းဖုန်းများကို ဇူလိုင် ၂ ရက်မှစတင်၍ အသုံးပြုနိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ပြည်တွင်းကဖုန်းတွေကို နိုင်ငံတကာမှာအသုံးပြုခွင့်ရမှာ ဖြစ်တဲ့အတွက် ဆက်သွယ်ရေးက ပိုပြီးလွယ်ကူသွားမှာပါ။ လက်ရှိ မှာ Roaming ဝန်ဆောင်မှုက နိုင်ငံတကာမှာ အနည်းငယ်ဈေး ကြီးနေတယ်ဆိုပေမယ့် လုပ်ငန်း ရှင်တွေနဲ့ အရေးကြီးကိစ္စရှိသူတွေ အတွက် အဆင်ပြေနိုင်ပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးငွေ သောင်းကပြောသည်။
ပြည်ပနိုင်ငံများသို့ သွား ရောက်နေစဉ် သယ်ဆောင်အသုံး ပြုနိုင်မည့် International Roa-ming စနစ်ကို ယခင်က အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း၄၆ နိုင်ငံမှ အော်ပရေတာ ၇၇ ခု၏GSM/WCDMA မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံတွင်းသို့ Inbound Roaming အဖြစ် လာရောက်သုံးစွဲ နိုင်နေရာ မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းဖုန်းများကို ဇူလိုင် ၂ ရက်မှစတင်၍ အသုံးပြုနိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။
လူထုအခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ တယ်လီနောတည်ဆောက်မည်
တယ်လီနောမြန်မာကုမ္ပဏီက မြန်မာအိုင်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO)နှင့် ပူးပေါင်း၍ လူထု အခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ ခန့် တည်ထောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ကနဦးစီမံကိန်းအနေဖြင့် စင်တာငါးခုကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတ၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင် တည်ဆောက်မည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ သိရ သည်။‘‘ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကျေးလက်ဒေသနေထိုင်သူတွေနဲ့ အပြင် ကမ္ဘာကို ဆက်သွယ်မှုပေးအပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ကွန်ရက်ချိတ်ဆက်မှုကို အတွေ့အကြုံမရှိသူတွေ၊ သတင်းအချက်အလက်တွေကိုလွယ်လွယ်ကူကူမရနိုင်ခဲ့သူတွေအတွက်အသိပညာဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ CIC တွေ တည်ဆောက်တယ်ဆို တာအစပါ။ နောက်ဆို သင်ကြားမှုတွေ၊ လေ့ကျင့်မှုတွေပါ ပေးသွားချင်ပါ တယ်’’ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။
Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်မည်
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ္စကို ပင်လယ်အော်ရှိ နာမည်ကျော် Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်တော့မည်ဟု သိရှိရသည်။
ကူးသန်းပို့ဆောင်ရေးဌာန တာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံး စာရင်းဝင် နေရာတစ်ခု ဖြစ်နေသည့် အထင်ကရ တံတားကြီးတွင် ပိုက်များတပ်ဆင်ရန်အတွက် ငွေကြေး သုံးစွဲမည့် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

Golden Gateတွင် သေကြောင်းကြံစည်မှု တားဆီးရေး စီမံကိန်းများအတွက် ရန်ပုံငွေ ဒေါ်လာ(၇၆)သန်း သုံးစွဲမည်ဖြစ်ပြီး ယင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပိုက်ကွန်များ တပ်ဆင်မှုလည်း ပါဝင်လာမည် ဖြစ်သည်။
ကူးသန်းပို့ဆောင်ရေးဌာန တာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံး စာရင်းဝင် နေရာတစ်ခု ဖြစ်နေသည့် အထင်ကရ တံတားကြီးတွင် ပိုက်များတပ်ဆင်ရန်အတွက် ငွေကြေး သုံးစွဲမည့် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

Golden Gateတွင် သေကြောင်းကြံစည်မှု တားဆီးရေး စီမံကိန်းများအတွက် ရန်ပုံငွေ ဒေါ်လာ(၇၆)သန်း သုံးစွဲမည်ဖြစ်ပြီး ယင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပိုက်ကွန်များ တပ်ဆင်မှုလည်း ပါဝင်လာမည် ဖြစ်သည်။
Saturday, 28 June 2014
မြောက်ဦးရထားလမ်း ဒုတိယအကြိမ် ရွေးချယ်သော်လည်း ယဉ်ကျေးမှုဇုံနှင့် မလွတ်သေး
ရခိုင်ပြည်နယ်ရှိ
ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်မည့် မြောက်ဦးရထားလမ်းကို ဒေသခံများက
ကန့်ကွက်သဖြင့် အစိုးရက ဒုတိယလမ်းကြောင်းကို ချပြသော်လည်း
ထိုလမ်းကြောင်းသည် ယဉ်ကျေးမှုနယ်မြေကို ဖြတ်သန်းထားသေးသည် ဟု မြောက်ဦးမြို့
ရှေးဟောင်း ယဉ်ကျေးမှု ထိန်း သိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသန်းမြင့်က
မဇ္ဈိမကို ပြောသည်။
ထိုင်းတွင် ၂၀၁၅ အောက် တိုဘာ ဝန်းကျင် တွင် ရွေးကောက်ပွဲ ကျင်းပပေး မည်ဟု ထိုင်း စစ် အာဏာ သိမ်း ခေါင်းဆောင်ပြော

ထိုင်းစစ်ခေါင်းဆောင်
ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က
ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွား မည် ဖြစ်ကြောင်း
ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ
ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။
ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်
ရန်ကုန်၊ မဇ္ဈိမ။ ။ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်းမှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးသိန်းဟန်က မဇ္ဈိမကို ပြော သည်။
ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ
မိမိ
အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ
မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါ ဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး
မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ
အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍
ကုန်နေသည်။
ခရီးသည်တင်ယာဉ်မှ လမ်းဘေးရှိ ယာဉ်(၂)စီးနှင့်လူတို့အားတိုက်မိခဲ့ရာ (၁)ဦးသေ(၁)ဦးဒဏ်ရာရ
၂၇.၆.၂၀၁၄ ရက်နေ့ ၀၈၁၅ အချိန်တွင် သာကေတမြို့နယ်၊ (၇)ဈေးလမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသည့် ၅ခ/---- (၃၄)ယာဉ်လိုင်း၊ မီနီဘတ် ခရီးသည်တင်ယာဉ်သည် (၇)ဈေးရှေ့ အရောက်တွင်လမ်းယာဘက်အစပ်၌ ရပ်ထားသော 2F ---ဘွန်ဂိုလိုက်ထရပ် ကိုယ်ပိုင်ယာဉ်၊1H ---ပရိုဘောက်ခဲရောင်ကိုယ်ပိုင်ယာဉ်၊ ၃၇ယ/--- ဇောင်ရှန်း အမျိုးအစားဆိုင်ကယ်နှင့် တယ်လီဖုန်း တိုင်တို့ကိုတိုက်မိခဲ့ကာ လမ်းစပ်ရှိ သာကေတမြို့နယ်နေ ဦးဖေသိန်း၊(၇၅)နှစ်နှင့်မနော်ပဲပဲဖော၊ (၃၃)နှစ်တို့ကို ဆက်လက်တိုက်မိခဲ့ပြီး ယာဉ်မောင်း မှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်
လုပ်ငန်းရှင်များအနေဖြင့်
ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ
လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို
စတင်လိုက်ပြီဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက
မီဒီယာများကို ဇွန်လ ၂၈ ရက် က ထုတ်ဖော် ပြောကြားလိုက်သည်။
လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်
ရန်ကုန်၊ မဇ္ဈိမ။ ။
လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ
ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit
Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ရက်က ထုတ်ဖော်
ပြောကြားလိုက်သည်။
ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်

၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၃၁၉ အရ တပ်မတော်သားများအား တရားစီရင်ရာတွင် စစ်ဖက်ဆိုင်ရာတရားရုံးများ၌သာ တရားစီရင်သဖြင့် ပဋိပက္ခများအတွင်း တပ်မတော်သားများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ တရားခံများ ပြစ်ဒဏ်စီရင်ခြင်းမခံရကြောင်းကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွန်ကြားရေး မှူး နော်စူဆန်နာလှလှစိုးက ပြောကြားခဲ့သည်။
ရခိုင်ဒေသခံများ နစ်နာမှုကို ဖြေရှင်ပေးရန် တရုတ်အစိုးရကို ရခိုင်ပါတီပြော
တရုတ်၏ မဟာဗျူဟာ ဒေသဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ နစ်နာမှုကို နည်းလမ်းရှာ ဖြေရှင်းပေးရန် တရုတ်ကွန်မြူနစ်ပါတီကို တင်ပြခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။
Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ

Electro House ၊ Progressive House ဂီတအမျိုးအစားတွေကို အမိုက်စား ချပြနိုင်ခဲ့တဲ့ Avicii ရဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဘောစတွန်ဖျော်ဖြေပွဲအပြီးမှာ ပရိသတ် ၃၆ယောက်ကို ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ ၃၆ယောက်စလုံး ဟာ ဆေးတွေ၊ အရက်တွေ အလွန်အကျွံသောက်သုံးမှုကြောင့် ခုလို ဆေးရုံပို့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။
အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
ရဲအရာရှိ ၄၀၃ ဦးကို လာဘ်စားလို့ အရေးယူပြီ
လာဘ်စားခဲ့တဲ့ ရဲအရာရှိ ၄၀၃ ဦးကို
အဂတိလိုက်စားမှု အပါအဝင် တည်ဆဲ ဥပဒေတွေအရ အရေးယူထားတယ်လို့ ပြည်ထဲ
ရေးဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ရဲတပ်သား ၂၀၀ ကျော်ကိုလည်း
အရေးယူထားပါတယ်။ ဒါဟာ နှစ်နှစ်ကျော်ကာလမှာ အရေးယူထားတဲ့ ဦးရေဖြစ်ပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေး လျက်ရှိ
ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားရှိ၊
ထောက်အထား မဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးပြီး
သက်ဆိုင်ရာနိုင်ငံများ သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်း သတင်းများအရ
သတင်းအရင်း အမြစ် ပကတိ အခြေအနေမှန်များကို သိရှိနိုင်ရေး အတွက် မြန်မာ့
သတင်းစဉ်သတင်းအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်
ဦးစိန်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သမျှ ကို ပြန် လည်ရေးသား တင်ပြ
လိုက်ရပါသည်။
အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းသည် အာဂျင်တီးနား လူငယ်ကစားသမားလေး ဘရူနိုဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရ သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမေရိကန် နိုင်ငံ Department Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ အမေရိကန်နိုင်ငံDepartment Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံသည်။
Subscribe to:
Posts (Atom)