
ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့ တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။











