Monday, 25 March 2013
“ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”
ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ
မိခင်ကိုသတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက်ခဲ့ကြောင်း
သိရှိရသည်။အသက်(၁၉)နှစ်ရှိ သံသယတရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိလို၍ ယခုလိုလုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရမည်းသင်း မြို့နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများကြောင့် မီးလောင်မှု ဖြစ်ပွား
မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်
ရွာတန်းကျေးရွာ၌ မတ် ၂၃ ရက် ည ၈ နာရီခွဲ ခန့်က အင်အား ၁ဝဝ ဦး ခန့်မှ
လူစုလူဝေးဖြင့် အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ခုနစ်လုံး
ပျက်စီး ခဲ့ပြီး ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် ၄၃ လုံး မီးလောင်
ပျက်စီးခဲ့သည်။
(အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်) ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee
ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသား များ သောက်ရန်တမျိုး နှင့် အမျိုးသမီးများအတွက် တမျိုး ထုတ်လုပ် ထားကြောင်းသိရသည် ။
အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်ပျော်ဝင် မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ်အချိန်အတွင်း ကာမစိတ် ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေး သားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံး ၀ယ်ယူကြကြောင်းတွေရှိရသည်။
အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်ပျော်ဝင် မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ်အချိန်အတွင်း ကာမစိတ် ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေး သားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံး ၀ယ်ယူကြကြောင်းတွေရှိရသည်။
နေပြည်တော် ၊ ရန်ကုန် အနီး က မြို့ တွေ မှာ မတည် မငြိမ် ဖြစ်အောင် လုပ်
မနေ့ ညက ပဲခူးတိုင်း၊
သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်နယ် မှာ ဆူပူ မှု လိုလားသူ တွေ က ဘာသာရေး
လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ် ဖို့  ၀င်ရောက်နှောင့်ယှက်ခဲ့ တာလို့  FNG
က သတင်း ရရှိ ပါတယ်။
အုတ်ဖိုဘက်က နေ၀င်လာညနေစောင်း လောက်ကတည်းက
ကားတွေနဲ့ ရောက် နေတယ်။ ပထမ တော့ ခရီးသွား တွေဘဲ ထင်တာ ပေါ့။ အထဲကို
မမြင်ရဘူး၊ မှန်တွေကာထားတယ်။ တစ်ယောက်တစ်လေ အပြင်ထွက်တာတွေ့ တယ်။မိုးချုပ်
တော့ နောက်ကား နှစ်စီး လောက်ထပ် ရောက်လာတယ်။ အိုးသည်ကုန်းကို ညဘက်မှာ
မီးရှို့ ဖို့ စတော့တာပဲ။ ရွာသားတွေက သတိရှိပြီး မောင်းထုတ် နိုင် လို့ 
တော်တော့တယ် ” ဟု အိုးသည်ကုန်းရွာသား တစ်ဦး က FNG ကို ပြောပါတယ်။ အုတ်ဖို့ 
မြို့  ဟာရန်ကုန် မြို့  နဲ့  အနီးဆုံး မြို့ တစ် မြို့  ဖြစ်ပါတယ်။
"တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"
မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
Sunday, 24 March 2013
မိတ္ထီလာ သတင်းများ
မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်း ဖက် မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ
ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က
ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူ ဖို့ ဆောင် ရွက်နေကြောင်း၊
သံတွဲခရိုင် လ၀က ရုံး မီးလောင်
သံတွဲ၊ မတ်လ ၂၄ ရက်
ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲခရိုင် လ၀ကရုံး ယမန်နေ့က မီးလောင်ရာ စာရွက် အများအပြား မီးထဲ ပါ သွား သည်ဟု သတင်း ရရှိသည်။မတ်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင် ကျွမ်းခြင်း ဖြစ်သည်ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်လင်းက နိရဉ္စရာ သို့ ပြောသည်။
မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင်းလင်းချက်။
မိတ္ထီလာသတင်းနှင့်ပတ်သတ်၍ သိလိုသည်များကို ကျွန်တော့် message box ၊
တယ်လီဖုန်းများနှင့်ဆက်သွယ်မေးမြန်းလာသည့် ကောလဟာလများနှင့်
သတင်းများကို အမှား၊အမှန်အတည်ပြုဖော်ပြလိုက်ပါတယ်။ကျွန်တော် သိလျှင်သိသည့်
အတိုင်း၊မသိလျှင် မသိသည့်အတိုင်းရိုးရိုးသားသားဖော်ပြလိုက်ပါတယ်။
၁။ Q; မိတ္ထီလာ ရှိဖောင်တော်ထိပ် ရပ်တော်မှုဆင်းတုကြီးတွေ အဖြိုခံရတယ်ဆိုတာ
ဟုတ်ပါသလား။
"ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း ဦးအောင်မင်းပြောကြား"
မိတ္ထီလာ၊ မတ် - ၂၄
နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု များကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြော င်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။
လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးရှို့
နေပြည်တော်၊ မတ်လ ၂၄ ရက်
၂၃-၃-၂၀၁၃ ရက်နေ့ ၁၂၂၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ထိန်ကုန်း(၁) ရပ်ကွက်နေ ရန်နိုင်ထွန်း (၃၂)နှစ်သည် ၄င်း၏ဇနီးဖြစ်သူ မ၀ါဝါ(၂၈)နှစ်နှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာ မှ နေအိမ်ရှိ လစ်ပိုပုလင်းအတွင်းထည့်ထားသော ဓါတ်ဆီပုလင်းအား အိမ်ပေါ်တွင် လောင်းချ မီးရှို့ခဲ့ သဖြင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၂၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။
APPLE ကုမ္ပဏီ၏ I WATCH နာရီကို ယှဉ်ပြိုင်ရန် SAMSUNG ကုမ္ပဏီ IS နာရီ ထုတ်လုပ် လျက်ရှိ
လန်ဒန် ၊မတ်လ ၂၃ ရက်
Samsung ကုမ္ပဏီသည် APPLE ကုမ္ပဏီမှ မကြာမီ ထုတ်လုပ် တော့မည်ဟု သတင်းများ
ထွက်ပေါ်လျက် ရှိသော i Watch နာရီကို ယှဉ်ပြိုင်နိုင်ရန် အတွက် IS နာရီကို
ထုတ်လုပ်လျက် ရှိသည်။
"ပျော်ဘွယ်နဲ့ရမည်းသင်းမှာ လုံခြုံရေး အခြေအနေ တိုးမြှင့်"
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းဖြစ်စဉ် တွေရမည်းသင်းနဲ့
ပျော်ဘွယ်မြို့တွေကို ကူးစက်လာခြင်း မရှိစေဖို့အတွက် ဒီကနေ့ မနက်ကစပြီး
အဲဒီမြို့နှစ်မြို့မှာ လုံခြုံရေးအခြေအနေ တိုးမြှင့်လိုက်ရတာလို့ RFA က
စုံစမ်းသိရပါတယ်။
ကုလ ကိုယ်စားလှယ် မိတ္ထီလာ မြို့တွင်း သွားရောက်
ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်
ဗီဂျေးနမ်ဘီယာသည် ယနေ့နံနက် ၈ နာရီခွဲတွင် မိတ္ထီလာခရိုင် အားကစားကွင်း၊
အထက (၁) မိတ္ထီလာကျောင်းဝင်း၊ ပညာရေး တက္ကသိုလ် စသည့်နေရာများရှိ
ဒုက္ခသည်များအား သွားရောက်ကြည့်ရှု့ခဲ့ပြီး လက်ရှိတွင် မိတ္ထီလာမြို့
ကားကြီးဝင်းအနီး မီးလောင်ပြင်နေရာများအား သွားရောက်ကြည့်ရှု့နေကြောင်း
သိရသည်။
ကယားပြည်နယ်တွင်း မြို့သုံးနေရာသို့ နိုင်ငံခြားဧည့်သည်များ လာရောက် လည်ပတ်နိုင်ဖို့ ခွင့်ပြုလာ
ကယား(ကရင်နီ) ပြည်နယ်အတွင်း အစိုးရမှ
နိုင်ငံခြားဧည့်သည်များအတွက် မြို့နေရာသုံးခုကို လာရောက်လေ့လာ လည်ပတ်
နိုင် ရန် အတွက် ခွင့်ပြုလာတာကို တွေ့မြင်နေရပါတယ်။
" ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"
ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ
မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
Subscribe to:
Posts (Atom)



