Sunday 24 March 2013

"ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း ဦးအောင်မင်းပြောကြား"



မိတ္ထီလာ၊ မတ် - ၂၄

နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။
ယနေ့ နံနက်ပိုင်းက ဆရာတော်အရှင်ဆေကိန္ဒ၊ ဆရာတော် ဦးဝီရသူ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်သုံးဦး၊ အစ္စလာမ်ဘာ သာရေးခေါင်းဆောင်သုံးဦး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဆန်းဆင့်၊ မန္တလေး တိုင်းဒေ သကြီးဝန်ကြီးချုပ်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာမြို့ အခြေအနေ ကို လိုက် လံကြည့်ရှုပြီး၊ ဒုက္ခသည်များအားလည်း လိုက်လံတွေ့ဆုံ အားပေးစဉ် သတင်းစာဆရာများအား ဦးအောင်မင်းက ယခုကဲ့ သို့ပြောကြားခြင်းဖြစ်သည်

"ခုလိုမျိုး ဆူပူမှုတွေမကြာခဏဖြစ်နေတာဟာ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို အကြီးအကျယ်ထိခိုက်စေပါလိမ့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက ရိုးရိုးရှင်းရှင်းလေးပဲ အချက် နှစ်ချက် လမ်းညွှန်ထားပါတယ်။ တစ်အ ချက်က ကိုယ့်နိုင်ငံသားတွေအကျိုးမထိခိုကစေဖို့၊ နှစ်အချက်က ရင်းနှီးမြှုတ်နှံတဲ့သူတွေအတွက် အာမခံချက်ရှိဖို့ပဲ။ ဒီလိုသာ
ဆူပူမှုတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေက ဘယ်လိုလုပ်ပြီးလာရဲမှာလဲ။ ဒါကြောင့်မို့လို့ ခုလိုမျိုးတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကိုအကြီးအကျယ်ထိခိုက်စေမှာပါပဲ"ဟုဦးအောင်မင်း ကပြောကြာြး ခင်းဖြစ် သည်။

နေ့လည် ၁၁ နရီခွဲခန့်တွင်မူ ဦးအောင်မင်းနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ တော်ဝင်နန်း စားသောက်ဆိုင် တွင် ဆွေးနွေးပွဲ တစ်ရပ်ပြု လုပ်နေကြကြောင်းသိရသည်။


ကျော်ရဲလင်း မိတ္ထီလာမှ သတင်းပေးပို့သည်။

1 comment:

  1. ဒီယုန်မြင်လို့ မင်းကိုနိုင် မိုးသီးဇွန် မေဇင်အေး အောင်နိုင် ခင်ဥမာ အစရှိသော (၈၈) မျိုးဆက်သစ် ဟု သူတို့ကို သူတို့ ယူဆသူများမှ ဒီခြုံတွေ လိုက်ထွင်နေခြင်းဖြစ်ပါတယ်။ ရင်းနှီးမြုတ်နှံမှုတွေ နိုင်ငံတကာမှ အဖွဲ့အစည်း အသီးသီး၏ ကိုယ်စားလှယ်များ အစိုးရနှင့် တိုက်ရိုက်တွှေ့ဆုံမှု့များ ရှိလာပါက သူတို့၏ စားခွက်ပျောက်မည်ကို ကြိုသိလို့ နေရာ အနှံ့တွင် ဆနပြမှု့ လှုပ်ရှားမှု့များ ဖြစ်ပေါ်နေစေရန် ဟန်ဆောင်စေတနာများဖြင့် လှုပ်ရှား ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ မင်းကိုနိုင် ရောက်သည့် နေရာ အနှံ့တွင် တောင်းဆိုမှု့များ ပြုလုပ်ရေး ဆန ပြ တောင်းဆိုရေး ၊ တပ်မတော် မကောင်းကြောင်း ပြောဆိုစည်းရုံးရေး ကိစရပ်များသည် အဓိက ပြောဆို လုပ်ကိုင်နေမှု့များ အဖြစ်တွေ့ရှိနေရပါသည်။ သူတို့၏ မြေပေါ် မြေအောက် ပူးတွဲ တိုက်ခိုက်ရေး အစီအမံများအား နေရာ အချိန် အခါ အခွင့်သင့်သလို ဆောင်ရွက်နေကြောင်းတွေ့ရှိနေရပါသည်။ ဒါကို ပြည်သူအများမှ၎င်း ၊ အထက် အစိုးရ အဖွဲ့ အစည်းများ အနေဖြင့် ၄င်း ၊ ဒေါ်စု အနေဖြင့်၎င်း ၊ NLD တာဝန်ရှိသူများ မှ၎င်း သိရှိနိုင်ပါရန် ။ တိုင်းပြည် တိုးတက်စေရေး မျက်နှာ ထောက်ရှု့ပြီး သတိပေးအပ်ပါသည်။

    ReplyDelete