Sunday 24 March 2013

" ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"



ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီမီးလောင်ကျွမ်းမှုကြောင့် ရွာတန်းကျေးရွာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်းဆောင် အပါ အဝင် ဒေသ ခံပြည်သူတွေရဲ့ အိမ်ခြေ ၃၀ ခန့် မီးလောင်ပျက်ဆီးခဲ့ပါတယ်။

ဒီကနေ့ည ၁၂ နာရီက ရမည်းသင်းမြို့မီးသတ်တပ်ဖွဲ့ရုံးကို RFA ကဆက်သွယ်မေးမြန်းရာမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေဟာ မီးလောင်တဲ့ရွာကို အမြန်သွားရောက်နေကြတယ်လို့ ပြန်လည် ဖြေကြားပါတယ်။

ယမန်နေ့ညက မီးလောင်ကျွမ်းတဲ့ ရွာတန်းရွာနဲ့ အဓိကရုဏ်းတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ဟာ ၃၄ မိုင်ခန့် ကွာဝေး ပါတယ်။
 
 
ref:RFA

No comments:

Post a Comment