Sunday 24 March 2013

APPLE ကုမ္ပဏီ၏ I WATCH နာရီကို ယှဉ်ပြိုင်ရန် SAMSUNG ကုမ္ပဏီ IS နာရီ ထုတ်လုပ် လျက်ရှိ



လန်ဒန် ၊မတ်လ ၂၃ ရက်

Samsung ကုမ္ပဏီသည် APPLE ကုမ္ပဏီမှ မကြာမီ ထုတ်လုပ် တော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော i Watch နာရီကို ယှဉ်ပြိုင်နိုင်ရန် အတွက် IS နာရီကို ထုတ်လုပ်လျက် ရှိသည်။

နည်းပညာ ကုမ္ပဏီကြီး နှစ်ခုမှ ထုတ်လုပ်မည့် နာရီ များသည် မိုဘိုင်းလ်ဖုန်း များနှင့် ချိတ်ဆက် အသုံးပြု နိုင်မည့်အပြင် အင်တာ နက်မှ Application ပြုလုပ်ခြင်း များနှင့် download ပြုလုပ်ခြင်းများနှင့် e-mail ပေးပို့ခြင်း များကို လည်း ပေးစွမ်း နိုင် မည် ဖြစ် သည်။

IS နာရီသည် ဝယ်ယူသူများကို ထူးခြားသော စွမ်းဆောင်မှုများကို ပေးစွမ်းနိုင်သည့် ပထမဆုံး နာရီဖြစ် လာမည် ဖြစ်ကြောင်း သိရ သည်။

IS နာရီသည် စမတ်ဖုန်းများ၏ လုပ်ဆောင်မှု အများအပြားကို လုပ်ဆောင် နိုင်မည် ဖြစ်သော်လည်း နာရီနှင့် စပ်လျဉ်း၍ အသေး စိတ် အချက်အလက်များ ပြောကြားခြင်း မရှိပေ။ ၄င်းနာရီသည် ပြေးလွှားနေစဉ် ဖုန်းခေါ်မှုအား ပြန်လည် ဖြေကြားရန် နာရီလက် ပတ် အိမ် မှ ဖယ်ရှားပြီး အင်္ကျီအိတ် အတွင်း ထားရှိနိုင်သည်။

ဝယ်ယူသူများ အနေဖြင့် မိုဘိုင်းလ်ဖုန်း များကို နာရီ အဖြစ် ဝတ်ဆင်နိုင်ရန် အတွက် ဒီဇိုင်း ပြောင်းလဲ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်သူများနှင့် ဒီဇိုင်း ထုတ်လုပ်သူများက အမျိုးမျိုးသော ပုံသဏ္ဌာန်များဖြင့် ယှဉ်ပြိုင် ထုတ်လုပ် လာကြသည်။

Apple ကုမ္ပဏီ ipad ကို မိတ်ဆက်စဉ်က tablet ဈေးကွက်တွင် အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့သည့် နည်းလမ်း အတိုင်း နာရီ သစ်များကို မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ရောင်းချ သွားမည်ဟု ကျွမ်းကျင် ပညာ ရှင်များက ယူဆလျက် ရှိသည်။
 
 
ref:အင်တာနက်

No comments:

Post a Comment