Sunday 24 March 2013

"ပျော်ဘွယ်နဲ့ရမည်းသင်းမှာ လုံခြုံရေး အခြေအနေ တိုးမြှင့်"



မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းဖြစ်စဉ်တွေရမည်းသင်းနဲ့ ပျော်ဘွယ်မြို့တွေကို ကူးစက်လာခြင်း မရှိစေဖို့အတွက် ဒီကနေ့ မနက်ကစပြီး အဲဒီမြို့နှစ်မြို့မှာ လုံခြုံရေးအခြေအနေ တိုးမြှင့်လိုက်ရတာလို့ RFA က စုံစမ်းသိရပါတယ်။
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ အဖွဲ့ဟာလည်းဒီမနက်မှာ ပျော်ဘွယ်မြို့ကိုသွားရောက်ပြီး ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။
 
ref:RFA

No comments:

Post a Comment