Monday 25 March 2013

ရမည်းသင်း မြို့နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများကြောင့် မီးလောင်မှု ဖြစ်ပွား



မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ မတ် ၂၃ ရက် ည ၈ နာရီခွဲ ခန့်က အင်အား ၁ဝဝ ဦး ခန့်မှ လူစုလူဝေးဖြင့် အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ခုနစ်လုံး ပျက်စီး ခဲ့ပြီး ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် ၄၃ လုံး မီးလောင် ပျက်စီးခဲ့သည်။
အလားတူ ရမည်းသင်း မြို့နယ် ရွှေဒါးသာစည် ကျေး ရွာတွင် မတ် ၂၃ ရက် ည ၁၁ နာရီခွဲ ခန့်က အင်အား ၅ဝ ဦးခန့် လူစုလူဝေးဖြင့် အကြမ်း ဖက် မီးရှို့မှုကြောင့် အမဲခြောက် စက်ရုံတစ်ရုံ၊ ထမင်း စားဆောင် တစ်လုံးနှင့် လူနေအိမ် တစ်လုံးတို့ မီးလောင် ပျက်စီးခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာများသို့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့တို့မှ လုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါအခြေအနေ များ ပြန် လည်တည်ငြိမ် အေးချမ်းသွားပြီး အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ်စေ ရေး တပ်မတော်မှ  အထူးကြပ် မတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
From....မြ၀တီ 

No comments:

Post a Comment