Sunday 24 March 2013

လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးရှို့



နေပြည်တော်၊ မတ်လ ၂၄ ရက်

၂၃-၃-၂၀၁၃ ရက်နေ့ ၁၂၂၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ထိန်ကုန်း(၁) ရပ်ကွက်နေ ရန်နိုင်ထွန်း (၃၂)နှစ်သည် ၄င်း၏ဇနီးဖြစ်သူ မ၀ါဝါ(၂၈)နှစ်နှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာ မှ နေအိမ်ရှိ လစ်ပိုပုလင်းအတွင်းထည့်ထားသော ဓါတ်ဆီပုလင်းအား အိမ်ပေါ်တွင် လောင်းချ မီးရှို့ခဲ့ သဖြင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၂၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။ 


မီးလောင်မှုကြောင့် လူ/တိရစ်္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရန်နိုင်ထွန်း၏ ပျဉ်ခင်း/ဖက်မိုး/ဖက်ကာ (၁၅x၁၀)ပေရှိနေအိမ်တစ်လုံး၊ တန်ဘိုးငွေကျပ်(၁၈၇၅၀ိ/-)ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ရန်နိုင်ထွန်းအား မုဒုံရဲစခန်း(ပ)၄၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ref:ရဲဇာနည်

No comments:

Post a Comment