Sunday 24 March 2013

သံတွဲခရိုင် လ၀က ရုံး မီးလောင်



သံတွဲ၊ မတ်လ ၂၄ ရက်

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲခရိုင် လ၀ကရုံး ယမန်နေ့က မီးလောင်ရာ စာရွက် အများအပြား မီးထဲ ပါ သွား သည်ဟု သတင်း ရရှိသည်။မတ်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင် ကျွမ်းခြင်း ဖြစ်သည်ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်လင်းက နိရဉ္စရာ သို့ ပြောသည်။
“ မီးလောင်တာက သံတွဲခရိုင် လ၀က ရုံး အပေါ်ထပ်မှာ စာရွက်စာတမ်းတွေ ထားတဲ့ နေရာကို ညနေ ၈ နာရီ မိနစ် ၂၀ ခန့်မှာ လောင်တာဖြစ်ပါတယ်။ ပေါ့ဆ မီးလို့ ထင်ပါတယ်။ ရုံးနောက်ဖက် မှာ လောင်နေ တာက ကြာနေပါပြီ။ မီးညွန့်တက်လာပြီး ရုံးအပေါ်ထပ်က စာရွက်စာတမ်းတွေ ကို လောင်သွား တာ ဖြစ်ပါ တယ်” ဟု ဆိုသည်။

မီးလောင်မှုတွင် ရပ်ကွက်သူ ရပ်ကွက်သားများ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် စာရွက်စာတမ်းမှ အပ တစုံ တရာ ဆုံးရှုံးမှုမ ရှိဟု သူက ပြောသည်။

“ ရုံးစာရွက်စာတမ်းလောက်ဘဲ ဆုံးရှုံးပါတယ်။ ကျန်တာတွေက ဘာမှ မဖြစ်ဘူး။ ရုံးရဲ့ ပတ်ဝန်းကျင် ကို လည်းမီးကူးတာမရှိဘူး။ မြို့ လူတွေ လိုက်သွားပြီးတော့ ၀ိုင်းဝန်း ငြိမ်းသတ် လိုက်ကြပါတယ်” ဟု ဆို သည်။

နောက် သံတွဲ ဒေသခံ တစ်ဦး ဖြစ်သူ ကိုထွန်းဖေက လ၀ကရုံး မီးလောင်မူ အနည်း ငယ် လောင် ကျွမ်းခြင်း ဖြစ်ပြီး စာရွက် စာတန်းတချို့ မီးထဲပါသွားသည်ဟု ဆိုသည်။ သံတွဲ ဒေသခံများက ပေါ့ဆရာမှ မီးလောင် ကျွမ်းခြင်း ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သူက ပြောသည်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ခရိုင်မှူးကိုယ်တိုင်လာရောက် စစ်ဆေးသော်လည်း ဘာကြောင့် မီးလောင်ကျွမ်း သလဲ ဆိုသည်ကို တစုံတရာ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ ခရိုင် လ၀က ရုံး မီးလောင်မူနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မြို့နယ်ရဲစခန်းကို ဆက် သွယ် ခဲ့ရာ တာဝန်ကျ အရာရှိတဦးက စုံစမ်းနေဆဲဟု ပြောဆိုကာ ဖုန်းချသွားသည်။


ref:narinjara

No comments:

Post a Comment