Sunday 24 March 2013

ကုလ ကိုယ်စားလှယ် မိတ္ထီလာ မြို့တွင်း သွားရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် ယနေ့နံနက် ၈ နာရီခွဲတွင် မိတ္ထီလာခရိုင် အားကစားကွင်း၊ အထက (၁) မိတ္ထီလာကျောင်းဝင်း၊ ပညာရေး တက္ကသိုလ် စသည့်နေရာများရှိ ဒုက္ခသည်များအား သွားရောက်ကြည့်ရှု့ခဲ့ပြီး လက်ရှိတွင် မိတ္ထီလာမြို့ ကားကြီးဝင်းအနီး မီးလောင်ပြင်နေရာများအား သွားရောက်ကြည့်ရှု့နေကြောင်း သိရသည်။

၎င်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့ လိုက် ပါကြည့်ရှု့ခဲ့ကြောင်း သိရသည်။
 
ref:EMG

No comments:

Post a Comment